အမေရိကန်နိုင်ငံမှာ သေနတ်နဲ့ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားလာ

120

Pika( NP News) - ဒီဇင်ဘာ ၁၅
အမေရိကန်နိုင်ငံ Rhode Islandပြည်နယ် Providenceမြို့မှာရှိတဲ့ Brown Universityတက္ကသိုလ်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၂)ဦးသေဆုံးပြီး အခြားလူ(၁၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့တော်ဝန်ဘရက်စမိုင်လေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Brown Universityကျောင်းဝင်းအတွင်းမှာ သေနတ်နဲ့အကြိမ်ရေများစွာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းပေးပို့မှုတွေကို လက်ခံရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် တိုက်ခိုက်မှုဟာ Barus & Holley Engineering နဲ့ Barus & Holleyအဆောက်အဦးတွေနားမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဘရက်စမိုင်လေက ပြောကြားခဲ့ပါတယ်။ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ရဲအရာရှိတွေဟာ လူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အဲ့ဒီလူကပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တာမျိုးမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။အနက်ရောင်အင်္ကျီဝတ်ဆင်ထားတဲ့ အမျိုးသားလို့ယူဆရဲတဲ့ သံသယရှိသူက လွတ်မြောက်နေဆဲဖြစ်ပြီး သတိထားနေကြဖို့ ပြည်သူတွေကို ရဲတပ်ဖွဲ့က တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။ရဲမှူး Timothy O'Hara က”သေနတ်သမားက အဆောက်အဦးထဲကို ဘယ်လိုဝင်လာလဲဆိုတာ ကျွန်တော်တို့ မသိရသေးပေမယ့် အဆောက်အဦးရဲ့ Hope Streetလမ်းဘက်ကနေ ထွက်သွားတယ်ဆိုတာကိုတော့ ကျွန်တော်တို့သိထားပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ ေသနတ္နဲ႔ပစ္ခတ္မႈေတြ ခပ္စိတ္စိတ္ျပန္လည္ျဖစ္ပြားလာ
Pika( NP News) - ဒီဇင္ဘာ ၁၅
အေမရိကန္ႏိုင္ငံ Rhode Islandျပည္နယ္ Providenceၿမိဳ႕မွာရွိတဲ့ Brown Universityတကၠသိုလ္မွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၂)ဦးေသဆုံးၿပီး အျခားလူ(၁၁)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ၿမိဳ႕ေတာ္ဝန္ဘရက္စမိုင္ေလက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Brown Universityေက်ာင္းဝင္းအတြင္းမွာ ေသနတ္နဲ႔အႀကိမ္ေရမ်ားစြာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့တယ္ဆိုတဲ့ သတင္းေပးပို႔မႈေတြကို လက္ခံရရွိခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က အခင္းျဖစ္ပြားရာေနရာကို ခ်က္ခ်င္းသြားေရာက္ခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ တိုက္ခိုက္မႈဟာ Barus & Holley Engineering နဲ႔ Barus & Holleyအေဆာက္အဦးေတြနားမွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ဘရက္စမိုင္ေလက ေျပာၾကားခဲ့ပါတယ္။ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ရဲအရာရွိေတြဟာ လူတစ္ဦးကို ဖမ္းဆီးထိန္းသိမ္းခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အဲ့ဒီလူကပစ္ခတ္မႈမွာ ပါဝင္ပတ္သက္တာမ်ိဳးမရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီး ျပန္လႊတ္ေပးခဲ့တယ္လို႔ သိရပါတယ္။အနက္ေရာင္အက်ႌဝတ္ဆင္ထားတဲ့ အမ်ိဳးသားလို႔ယူဆရဲတဲ့ သံသယရွိသူက လြတ္ေျမာက္ေနဆဲျဖစ္ၿပီး သတိထားေနၾကဖို႔ ျပည္သူေတြကို ရဲတပ္ဖြဲ႕က တိုက္တြန္းထားတယ္လို႔လည္း သိရပါတယ္။ရဲမႉး Timothy O'Hara က”ေသနတ္သမားက အေဆာက္အဦးထဲကို ဘယ္လိုဝင္လာလဲဆိုတာ ကြၽန္ေတာ္တို႔ မသိရေသးေပမယ့္ အေဆာက္အဦးရဲ႕ Hope Streetလမ္းဘက္ကေန ထြက္သြားတယ္ဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔သိထားပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။