အိုမန်ပင်လယ်ကွေ့မှာရှိတဲ့နိုင်ငံခြားရေနံတင်သင်္ဘောတစ်စီးကို အီရန် ဖမ်းဆီးထိန်းသိမ်း

79

Pika (NP News) - ဒီဇင်ဘာ ၁၄
အိုမန်ပင်လယ်ကွေ့မှာ ဒီဇယ်လီတာ(၆)သန်းကို မှောင်ခိုသယ်ဆောင်လာတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ နိုင်ငံခြားရေနံတင် သင်္ဘောတစ်စီးကို အီရန်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အီရန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ထောက်ပံ့မှုများစွာ လိုအပ်မှုနဲ့ နိုင်ငံသုံးငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် ကမ္ဘာ့အနိမ့်ဆုံးလောင်စာဆီ ဈေးနှုန်း တွေရှိတဲ့အီရန်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေကို ကုန်းလမ်းတွေကနေတစ်ဆင့် လောင်စာဆီမှောင်ခိုသယ်ယူမှုတွေ၊ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေကို ရေကြောင်းကနေတစ်ဆင့် လောင်စာဆီမှောင်ခိုသယ်ဆောင်မှုတွေ များပြား လာတာကို ကျယ်ကျယ်ပြန့််ပြန့်တိုက်ဖျက်လျက်ရှိတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း သိမ်းယူခဲ့တဲ့ရေနံတင်သင်္ဘောရဲ့အမည် ဒါမှမဟုတ် ဘယ်နိုင်ငံက ပိုင်ဆိုင်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို အီရန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဗင်နီဇွဲလား ကမ်းလွန်မှာရှိတဲ့ ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အီရန်ရဲ့ရေနံတင်သင်္ဘောတစ်စီးကို ဖမ်းဆီးထိန်းသိမ်းမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗင်နီဇွဲလားကမ်းလွန်မှာရှိတဲ့ ရေနံတင်သင်္ဘောကို အမေရိကန်ရဲ့ဖမ်းဆီးထိန်းသိမ်းမှုဟာ ရေနံဈေးနှုန်းတွေကို ပိုမို မြင့်တက်လာစေနိုင်ပြီး အမေရိကန်နဲ့ဗင်နီဇွဲလားနိုင်ငံကြား တင်းမာမှုတွေကို ပိုမိုမြင့်တက်လာစေနိုင်ဖွယ်ရှိနေ တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အိုမန္ပင္လယ္ေကြ႕မွာရွိတဲ့ႏိုင္ငံျခားေရနံတင္သေဘၤာတစ္စီးကို အီရန္ ဖမ္းဆီးထိန္းသိမ္း
Pika (NP News) - ဒီဇင္ဘာ ၁၄
အိုမန္ပင္လယ္ေကြ႕မွာ ဒီဇယ္လီတာ(၆)သန္းကို ေမွာင္ခိုသယ္ေဆာင္လာတယ္လို႔ စြပ္စြဲခံခဲ့ရတဲ့ ႏိုင္ငံျခားေရနံတင္ သေဘၤာတစ္စီးကို အီရန္ႏိုင္ငံက ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ အီရန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေထာက္ပံ့မႈမ်ားစြာ လိုအပ္မႈနဲ႔ ႏိုင္ငံသုံးေငြေၾကးတန္ဖိုးက်ဆင္းမႈေၾကာင့္ ကမာၻ႔အနိမ့္ဆုံးေလာင္စာဆီ ေဈးႏႈန္း ေတြရွိတဲ့အီရန္ႏိုင္ငံဟာ အိမ္နီးခ်င္းႏိုင္ငံေတြကို ကုန္းလမ္းေတြကေနတစ္ဆင့္ ေလာင္စာဆီေမွာင္ခိုသယ္ယူမႈေတြ၊ ပင္လယ္ေကြ႕အာရပ္ႏိုင္ငံေတြကို ေရေၾကာင္းကေနတစ္ဆင့္ ေလာင္စာဆီေမွာင္ခိုသယ္ေဆာင္မႈေတြ မ်ားျပား လာတာကို က်ယ္က်ယ္ျပန္႔္ျပန႔္တိုက္ဖ်က္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း သိမ္းယူခဲ့တဲ့ေရနံတင္သေဘၤာရဲ႕အမည္ ဒါမွမဟုတ္ ဘယ္ႏိုင္ငံက ပိုင္ဆိုင္တယ္ဆိုတဲ့ အေသးစိတ္ အခ်က္အလက္ေတြကို အီရန္အစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ဗင္နီဇြဲလား ကမ္းလြန္မွာရွိတဲ့ ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္ကမ္းေျခေစာင့္တပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အီရန္ရဲ႕ေရနံတင္သေဘၤာတစ္စီးကို ဖမ္းဆီးထိန္းသိမ္းမႈ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဗင္နီဇြဲလားကမ္းလြန္မွာရွိတဲ့ ေရနံတင္သေဘၤာကို အေမရိကန္ရဲ႕ဖမ္းဆီးထိန္းသိမ္းမႈဟာ ေရနံေဈးႏႈန္းေတြကို ပိုမို ျမင့္တက္လာေစႏိုင္ၿပီး အေမရိကန္နဲ႔ဗင္နီဇြဲလားႏိုင္ငံၾကား တင္းမာမႈေတြကို ပိုမိုျမင့္တက္လာေစႏိုင္ဖြယ္ရွိေန တယ္လို႔လည္း သိရပါတယ္။