ရန်ကုန်တိုင်း စိုက်မွေးဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာတို့လည်း လွတ်ငြိမ်းနှင့် လွတ်မြောက်လာ

 147

သန့်ဇင်(NP News)-မတ် ၂
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတာတို့သည်လည်း ယနေ့(မတ်လ ၁ ရက်)တွင် တပေါင်းလပြည့်နေ့အခါသမယနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်လွတ်ငြိမ်း နှင့်အတူပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
ဦးဟံထွန်းနှင့်သည် အင်းစိန်အကျဉ်းထောင်မှလည်းကောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတာသည်လည်း မကွေးအကျဉ်းထောင်မှလွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဦးဇော်၀မ်းမောင် (၈၈ ငြိမ်းပွင့်)သည်လည်း ယနေ့ လွတ်ငြိမ်းတွင်ပါဝင် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထား သောအားဖြင့်လည်းကောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) အရ ပြစ်မှုကျူးလွန်၍ အကျဉ်းထောင် / အချုပ်ထောင် / စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူများအပါအဝင် အကျည်းသား၊ အကျဉ်းသူ (၁၀၁၆၂) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္တိုင္း စိုက္ေမြးဝန္ႀကီးေဟာင္း ဦးဟံထြန္းႏွင့္ မေကြးတိုင္း လႊတ္ေတာ္ဥကၠ႒ေဟာင္း ဦးတာတို႔လည္း လြတ္ၿငိမ္းႏွင့္ လြတ္ေျမာက္လာ
သန႔္ဇင္(NP News)-မတ္ ၂
ရန္ကုန္တိုင္းေဒသႀကီး စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဝန္ႀကီးေဟာင္း ဦးဟံထြန္းႏွင့္ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒ေဟာင္း ဦးတာတို႔သည္လည္း ယေန႔(မတ္လ ၁ ရက္)တြင္ တေပါင္းလျပည့္ေန႔အခါသမယႏွင့္ ေတာင္သူလယ္သမားေန႔ အထိမ္းအမွတ္လြတ္ၿငိမ္း ႏွင့္အတူျပန္လည္ လြတ္ေျမာက္လာေၾကာင္း သိရသည္။
ဦးဟံထြန္းႏွင့္သည္ အင္းစိန္အက်ဥ္းေထာင္မွလည္းေကာင္း မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒ေဟာင္း ဦးတာသည္လည္း မေကြးအက်ဥ္းေထာင္မွလြတ္ေျမာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အလားတူ ဦးေဇာ္၀မ္းေမာင္ (၈၈ ၿငိမ္းပြင့္)သည္လည္း ယေန႔ လြတ္ၿငိမ္းတြင္ပါဝင္ လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။
တေပါင္းလျပည့္ေန႔ အခါသမယႏွင့္ ၂၀၂၆ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔တြင္က်ေရာက္သည့္ ေတာင္သူလယ္သမားေန႔ အထိမ္းအမွတ္ အားျဖင့္လည္းေကာင္း၊ ျပည္သူလူထုႏွလုံးစိတ္ဝမ္းေအးခ်မ္းေစေရးႏွင့္ လူသားခ်င္း စာနာေထာက္ထားမႈကို အေလးထား ေသာအားျဖင့္လည္းေကာင္း၊ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀ (ည) ႏွင့္ ၅၂ (က) အရ ျပစ္မႈက်ဴးလြန္၍ အက်ဥ္းေထာင္ / အခ်ဳပ္ေထာင္ / စခန္း အသီးသီးတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ အက်ဥ္းသား/ အက်ဥ္းသူမ်ားအပါအဝင္ အက်ည္းသား၊ အက်ဥ္းသူ (၁၀၁၆၂) ဦးကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.