လောင်းကစားလက်ခံကြော်ငြာသူ Cele အမျိုးမျိုးကို ပြင်းပြင်းထန်ထန်အရေးယူရန် လိုအပ်

185

သန့်ဇင် (NP News) - မတ် ၂၆
အွန်လိုင်းတွင် ထင်ရှားသူများက လောင်း ကစားနှင့်ပတ်သက်သည်များကြော်ငြာနေသည်ကို အရေးယူရန်လိုကြောင်း အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးဆောင်ရွက်နေသူတစ်ဦးက NP News ကတစ်ဆင့် သုံးသပ်ပြောကြားသည်။
“ဂျာနယ်တစ်ခုကို ဥပမာပေးပြီး ပြောပြရ မှာပေါ့နော်။ တစ်ချိန်တုန်းက အခုလို သင်္ကြန်ကာလ မှာ အရက်တို့ဘီယာတို့ကြော်ငြာတဲ့သူတွေရှိတယ်။ သူတို့ကြော်ငြာတဲ့ ကျောဘက်အဖုံးတစ်ဖုံးရလိုက်ပြီဆိုရင် ကျွန်တော်တို့ရဲ့ (၃) (၄) လစာလောက်ရောက် တယ်။ အရက်တို့၊ ဘီယာတို့၊ စီးကရက်တို့ ကြော်ငြာ တာက တခြားကုန်ပစ္စည်းတွေကြော်ငြာတာထက် ပိုရ တယ်ပေါ့ဗျာ။ အခုလောင်းကစားပေါ့၊ ကြော်ငြာတွေ Influencer တွေကိုပေးတဲ့ကြော်ငြာခက မက် လောက်စရာရှိတယ်လေ။ ပြောရရင် တချို့ဆိုရင် (၁၀)သိန်းကနေ ဖော်လိုဝါများရင် များသလို ပေးကြ တာပေါ့နော်။ သိန်း(၅၀)ကနေ ရာနဲ့ချီပြီးတောင်ပေး ကြတာ။ တချို့ဆိုရင် ထိုင်းမှာတောင်သွားပြီးလုပ်ကြတာလေ။ ရိုးရိုးကုန်ပစ္စည်းဆိုရင် အဲဒီလောက်မရ ဘူး”ဟု သိရှိသူတစ်ဦးကပြောသည်။
ထို့ကြောင့် ယင်းလောင်းကစား Game နှင့် Website များကိုကြော်ငြာနေသူများအတွင်း အွန်လိုင်းထက်တွင် ထင်ရှားသူအချို့ကို နမူနာအနေ ဖြင့် ဖမ်းဆီးအရေးယူခြင်းများလုပ်ဆောင်သင့်ကြောင်း သုံးသပ်လေ့လာသူကဆိုသည်။ “ဒါကို ကျွန်တော်တို့ ပြောရမယ်ဆိုရင် အရက်နဲ့ဆေးလိပ်ကိုတားမြစ်တုန်း ကလိုတားမြစ်ရမယ်။ ဘယ်လိုတားမြစ်သင့်သလဲဆို ရင် နိုင်ငံခြားကိုရောက်နေရင်လည်း တားမြစ်သင့် တယ်။ နိုင်ငံခြားကိုရောက်နေရင် Blacklist သွင်း မယ်၊ လုံးဝကို Passport သက်တမ်း မတိုးပေးဘူး ဗျာ။ ဖြစ်ချင်သလိုဖြစ်ဆိုပြီး ထားလိုက်မယ်။ ပြည် တွင်းထဲကနေလုပ်နေသလား။ ဒီအကောင့်ထဲကနေ ဘယ်သူပဲလုပ်လုပ်သတင်းပေး။ ကိုယ်တိုင်ကလည်း ဆိုက်ဘာရဲနဲ့စုံစမ်းရမယ်၊ ထောက်လှမ်းမယ်၊ ဖမ်း မယ်၊ ဒဏ်ကြေးငွေ ကြီးကြီးမားမားတပ်လိုက်မယ် ပေါ့။ အများကြီးလုပ်စရာမလိုပါဘူး။ နာမည်ကြီးတဲ့ (၂)ယောက်၊ (၃)ယောက်လောက်ကို နမူနာဖမ်းပြ လိုက်ရင် ငြိမ်သွားမှာ။ အဲဒီလူတွေကို လောင်းကစား ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူလို့ရ တယ်”ဟု ၎င်းကပြောသည်။
အဆိုပါကြော်ငြာများကြောင့် လူငယ်များ အကြား အွန်လိုင်းလောင်းကစားလုပ်သူ မြင့်တက်လာ နေပြီး အချို့မှာ ငွေကြေးများစွာဆုံးရှုံးရပြီး မိသားစု ပြဿနာများဖြစ်ပေါ်သည်အထိ ဆိုးရွားနေကြောင်း လည်း အခြားသောသိရှိသူတစ်ဦးကဆိုသည်။
“အဲဒီလောင်းကစားဂိမ်းတွေက ကလေး တွေရော လူကြီးတွေရော အကုန်ဆော့နေကြတာ။ ကျွန်မဦးလေးတစ်ယောက်ဆိုရင် အွန်လိုင်းလောင်းကစားဂိမ်းတွေဆော့ပြီး ပေါင်နှံရောင်းချတာတွေနဲ့ ရလို့ပြန်ပေးတာကနည်းနည်း၊ ကုန်တာကများနေ တာ။ အဲဒါကြောင့် သူ့အမျိုးသမီးနဲ့ကလည်း ကွာရှင်း ရမလိုတွေဖြစ်နေတယ်။ တချို့လည်း ကြားပါတယ်။ အိမ်ပေါင်ရတာတို့ ဘာပေါင်ရတာတို့နဲ့ ဆုံးရှုံးရတာ တွေအရမ်းများကြတယ်။ ကြော်ငြာတဲ့လူတွေကလည်း ကြော်ငြာတာနဲ့ လိုက်လုပ်တဲ့လူတွေကလည်း လုပ်ကြ တာကိုး။ အခုဆိုရင် Telegram မှာပဲကြည့်မလား။ Viber တို့ Facebook တို့မှာလည်း ဒီကြော်ငြာတွေ ချည်းပဲ”ဟု ၎င်းကပြောသည်။
လက်ရှိတွင်လည်း အွန်လိုင်းထက်တွင် ထင်ပေါ်ကျော်ကြားသူများဖြစ်သည့် Shine Lay ၊ Zay Zay ၊ Blank ၊ ACE ၊ Dee နှင့် Chipha Thuta တို့ကို ယင်းလောင်းကစား Game နှင့် Website များ ကိုကြော်ငြာပေးမှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း Superman ဟုခေါ်သော Tik Tok အကောင့်ပိုင်ရှင်က ထုတ်ဖော်ပြောဆိုလာပြီးနောက် လူအများကြား အ မြင်ကွဲပြားမှုများစွာလည်းဖြစ်ပေါ်နေသည်။

Zawgyi Version:
ေလာင္းကစားလက္ခံေၾကာ္ျငာသူ Cele အမ်ိဳးမ်ိဳးကို ျပင္းျပင္းထန္ထန္အေရးယူရန္ လိုအပ္
သန႔္ဇင္ (NP News) - မတ္ ၂၆
အြန္လိုင္းတြင္ ထင္ရွားသူမ်ားက ေလာင္း ကစားႏွင့္ပတ္သက္သည္မ်ားေၾကာ္ျငာေနသည္ကို အေရးယူရန္လိုေၾကာင္း အြန္လိုင္းေလာင္းကစား တိုက္ဖ်က္ေရးေဆာင္႐ြက္ေနသူတစ္ဦးက NP News ကတစ္ဆင့္ သုံးသပ္ေျပာၾကားသည္။
“ဂ်ာနယ္တစ္ခုကို ဥပမာေပးၿပီး ေျပာျပရ မွာေပါ့ေနာ္။ တစ္ခ်ိန္တုန္းက အခုလို သၾကၤန္ကာလ မွာ အရက္တို႔ဘီယာတို႔ေၾကာ္ျငာတဲ့သူေတြရွိတယ္။ သူတို႔ေၾကာ္ျငာတဲ့ ေက်ာဘက္အဖုံးတစ္ဖုံးရလိုက္ၿပီဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ (၃) (၄) လစာေလာက္ေရာက္ တယ္။ အရက္တို႔၊ ဘီယာတို႔၊ စီးကရက္တို႔ ေၾကာ္ျငာ တာက တျခားကုန္ပစၥည္းေတြေၾကာ္ျငာတာထက္ ပိုရ တယ္ေပါ့ဗ်ာ။ အခုေလာင္းကစားေပါ့၊ ေၾကာ္ျငာေတြ Influencer ေတြကိုေပးတဲ့ေၾကာ္ျငာခက မက္ ေလာက္စရာရွိတယ္ေလ။ ေျပာရရင္ တခ်ိဳ႕ဆိုရင္ (၁၀)သိန္းကေန ေဖာ္လိုဝါမ်ားရင္ မ်ားသလို ေပးၾက တာေပါ့ေနာ္။ သိန္း(၅၀)ကေန ရာနဲ႔ခ်ီၿပီးေတာင္ေပး ၾကတာ။ တခ်ိဳ႕ဆိုရင္ ထိုင္းမွာေတာင္သြားၿပီးလုပ္ၾကတာေလ။ ႐ိုး႐ိုးကုန္ပစၥည္းဆိုရင္ အဲဒီေလာက္မရ ဘူး”ဟု သိရွိသူတစ္ဦးကေျပာသည္။
ထို႔ေၾကာင့္ ယင္းေလာင္းကစား Game ႏွင့္ Website မ်ားကိုေၾကာ္ျငာေနသူမ်ားအတြင္း အြန္လိုင္းထက္တြင္ ထင္ရွားသူအခ်ိဳ႕ကို နမူနာအေန ျဖင့္ ဖမ္းဆီးအေရးယူျခင္းမ်ားလုပ္ေဆာင္သင့္ေၾကာင္း သုံးသပ္ေလ့လာသူကဆိုသည္။ “ဒါကို ကြၽန္ေတာ္တို႔ ေျပာရမယ္ဆိုရင္ အရက္နဲ႔ေဆးလိပ္ကိုတားျမစ္တုန္း ကလိုတားျမစ္ရမယ္။ ဘယ္လိုတားျမစ္သင့္သလဲဆို ရင္ ႏိုင္ငံျခားကိုေရာက္ေနရင္လည္း တားျမစ္သင့္ တယ္။ ႏိုင္ငံျခားကိုေရာက္ေနရင္ Blacklist သြင္း မယ္၊ လုံးဝကို Passport သက္တမ္း မတိုးေပးဘူး ဗ်ာ။ ျဖစ္ခ်င္သလိုျဖစ္ဆိုၿပီး ထားလိုက္မယ္။ ျပည္ တြင္းထဲကေနလုပ္ေနသလား။ ဒီအေကာင့္ထဲကေန ဘယ္သူပဲလုပ္လုပ္သတင္းေပး။ ကိုယ္တိုင္ကလည္း ဆိုက္ဘာရဲနဲ႔စုံစမ္းရမယ္၊ ေထာက္လွမ္းမယ္၊ ဖမ္း မယ္၊ ဒဏ္ေၾကးေငြ ႀကီးႀကီးမားမားတပ္လိုက္မယ္ ေပါ့။ အမ်ားႀကီးလုပ္စရာမလိုပါဘူး။ နာမည္ႀကီးတဲ့ (၂)ေယာက္၊ (၃)ေယာက္ေလာက္ကို နမူနာဖမ္းျပ လိုက္ရင္ ၿငိမ္သြားမွာ။ အဲဒီလူေတြကို ေလာင္းကစား ဥပေဒနဲ႔ ဆက္သြယ္ေရးဥပေဒနဲ႔ အေရးယူလို႔ရ တယ္”ဟု ၎ကေျပာသည္။
အဆိုပါေၾကာ္ျငာမ်ားေၾကာင့္ လူငယ္မ်ား အၾကား အြန္လိုင္းေလာင္းကစားလုပ္သူ ျမင့္တက္လာ ေနၿပီး အခ်ိဳ႕မွာ ေငြေၾကးမ်ားစြာဆုံးရႈံးရၿပီး မိသားစု ျပႆနာမ်ားျဖစ္ေပၚသည္အထိ ဆိုး႐ြားေနေၾကာင္း လည္း အျခားေသာသိရွိသူတစ္ဦးကဆိုသည္။
“အဲဒီေလာင္းကစားဂိမ္းေတြက ကေလး ေတြေရာ လူႀကီးေတြေရာ အကုန္ေဆာ့ေနၾကတာ။ ကြၽန္မဦးေလးတစ္ေယာက္ဆိုရင္ အြန္လိုင္းေလာင္းကစားဂိမ္းေတြေဆာ့ၿပီး ေပါင္ႏွံေရာင္းခ်တာေတြနဲ႔ ရလို႔ျပန္ေပးတာကနည္းနည္း၊ ကုန္တာကမ်ားေန တာ။ အဲဒါေၾကာင့္ သူ႔အမ်ိဳးသမီးနဲ႔ကလည္း ကြာရွင္း ရမလိုေတြျဖစ္ေနတယ္။ တခ်ိဳ႕လည္း ၾကားပါတယ္။ အိမ္ေပါင္ရတာတို႔ ဘာေပါင္ရတာတို႔နဲ႔ ဆုံးရႈံးရတာ ေတြအရမ္းမ်ားၾကတယ္။ ေၾကာ္ျငာတဲ့လူေတြကလည္း ေၾကာ္ျငာတာနဲ႔ လိုက္လုပ္တဲ့လူေတြကလည္း လုပ္ၾက တာကိုး။ အခုဆိုရင္ Telegram မွာပဲၾကည့္မလား။ Viber တို႔ Facebook တို႔မွာလည္း ဒီေၾကာ္ျငာေတြ ခ်ည္းပဲ”ဟု ၎ကေျပာသည္။
လက္ရွိတြင္လည္း အြန္လိုင္းထက္တြင္ ထင္ေပၚေက်ာ္ၾကားသူမ်ားျဖစ္သည့္ Shine Lay ၊ Zay Zay ၊ Blank ၊ ACE ၊ Dee ႏွင့္ Chipha Thuta တို႔ကို ယင္းေလာင္းကစား Game ႏွင့္ Website မ်ား ကိုေၾကာ္ျငာေပးမႈျဖင့္ တရားစြဲမည္ျဖစ္ေၾကာင္း Superman ဟုေခၚေသာ Tik Tok အေကာင့္ပိုင္ရွင္က ထုတ္ေဖာ္ေျပာဆိုလာၿပီးေနာက္ လူအမ်ားၾကား အ ျမင္ကြဲျပားမႈမ်ားစြာလည္းျဖစ္ေပၚေနသည္။