အိမ်စီးကားပေါ် သိုဝှက်သယ်ဆောင်လာသည့် တရားမဝင် ဖုန်းများ စစ်တောင်းတံတားအနီး ထပ်မံ ဖမ်းဆီးရမိ

347
Pearl (NP News) - မတ် ၂၆
ယနေ့ (မတ်လ ၂၆ရက်) ၊ မနက်ပိုင်းက မွန်ပြည်နယ်၊ စစ်တောင်းတံတားအနီး တွင် အိမ်စီးကားပေါ် သိုဝှက်သယ်ဆောင်လာသည့် တရားမဝင် ဖုန်းများ ထပ်မံ ဖမ်းဆီးရမိကြောင်းလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ထိုသို့ဖမ်းဆီးရမိသည့် ဖုန်းများမှာ Redmi Note 13 ၊ Redmi Note 13 Pro ၊ Redmi Note 14 ၊ Redmi Note 14 Pro ၊ Redmi Note 15 Pro ၊ Redmi Note 15 Pro Plus ၊ Redmi 14 C ၊ Redmi Note 1 S၊ Redmi Note 15 Pro Plus နှင့် Vivo ဖုန်းအမျိုးအစားများဖြစ်ပြီး စုစုပေါင်း (၃၂၆) လုံးဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (မတ်လ ၂၄ရက်) ကလည်း စစ်တောင်းတံတားအနီး တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိခဲ့ပြီး အထူးဖမ်းဆီးရေးအဖွဲ့များအနေဖြင့် မွန်ပြည်နယ်အတွင်း စုံစမ်းစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
Zawgyi Version:
အိမ္စီးကားေပၚ သိုဝွက္သယ္ေဆာင္လာသည့္ တရားမဝင္ ဖုန္းမ်ား စစ္ေတာင္းတံတားအနီး ထပ္မံ ဖမ္းဆီးရမိ
Pearl (NP News) - မတ္ ၂၆
ယေန႔ (မတ္လ ၂၆ရက္) ၊ မနက္ပိုင္းက မြန္ျပည္နယ္၊ စစ္ေတာင္းတံတားအနီး တြင္ အိမ္စီးကားေပၚ သိုဝွက္သယ္ေဆာင္လာသည့္ တရားမဝင္ ဖုန္းမ်ား ထပ္မံ ဖမ္းဆီးရမိေၾကာင္းလုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ထိုသို႔ဖမ္းဆီးရမိသည့္ ဖုန္းမ်ားမွာ Redmi Note 13 ၊ Redmi Note 13 Pro ၊ Redmi Note 14 ၊ Redmi Note 14 Pro ၊ Redmi Note 15 Pro ၊ Redmi Note 15 Pro Plus ၊ Redmi 14 C ၊ Redmi Note 1 S၊ Redmi Note 15 Pro Plus ႏွင့္ Vivo ဖုန္းအမ်ိဳးအစားမ်ားျဖစ္ၿပီး စုစုေပါင္း (၃၂၆) လုံးျဖစ္ေၾကာင္း သိရသည္။
ယမန္ေန႔ (မတ္လ ၂၄ရက္) ကလည္း စစ္ေတာင္းတံတားအနီး တရားမဝင္ကုန္စည္မ်ား ဖမ္းဆီးရမိခဲ့ၿပီး အထူးဖမ္းဆီးေရးအဖြဲ႕မ်ားအေနျဖင့္ မြန္ျပည္နယ္အတြင္း စုံစမ္းစစ္ေဆးျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။