တာမွေမြို့နယ်ရှိ ဟိုတယ်တစ်ခုပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

 375

ထိုက်စံ (NP News)- မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ်ရှိ ဟိုတယ် တစ်ခု၏ အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ် ၂၆ ရက်) ၊ နံနက်ပိုင်း (၁၀)နာရီဝန်းကျင်အချိန်တွင် တာမွေမြို့နယ် ၊ သမိန်ဗရမ်းလမ်းမကြီး ၊ အာသောကမှတ်တိုင်အနီးရှိ အကြည်တော်ဟိုတယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
“လူတွေ ကအုံနေတာတွေ့တယ်။ လူနာတင်ယာဉ်တွေလည်း တွေ့တယ်။ ဖြစ်စဉ်သေးစိတ်ကိုတော့မသိဘူး။ သတင်းတက်လာတာတွေ့မှ ကောင်မလေးတစ်ယောက်ပြုတ်ကျတယ်လို့ သိလိုက်တာ။ ကားပေါ်ကနေမြင် တာဆိုတော့ အသေးစိတ်တော့ မသိဘူး” ဟု တွေ့ရှိခဲ့သူတစ်ဦးက NP Newsသို့ ပြောသည်။
သေဆုံးသူမှာ အသက်(၃၀)နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး အဆိုပါဟိုတယ်တွင် တစ်ဦးတည်း လာရောက်တည်းခိုနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ရုပ်အလောင်းအား သင်္ကန်းကျွန်းစျေးရုံးကြီးသို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ၏ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Zawgyi Version:
တာေမြၿမိဳ႕နယ္ရွိ ဟိုတယ္တစ္ခုေပၚမွ အမ်ိဳးသမီးတစ္ဦး ျပဳတ္က်ေသဆုံး
ထိုက္စံ (NP News)- မတ္ ၂၆
ရန္ကုန္တိုင္းေဒသႀကီး ၊ တာေမြၿမိဳ႕နယ္ရွိ ဟိုတယ္ တစ္ခု၏ အေပၚထပ္မွ အမ်ိဳးသမီးတစ္ဦး ျပဳတ္က်ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္ ၂၆ ရက္) ၊ နံနက္ပိုင္း (၁၀)နာရီဝန္းက်င္အခ်ိန္တြင္ တာေမြၿမိဳ႕နယ္ ၊ သမိန္ဗရမ္းလမ္းမႀကီး ၊ အာေသာကမွတ္တိုင္အနီးရွိ အၾကည္ေတာ္ဟိုတယ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
“လူေတြ ကအုံေနတာေတြ႕တယ္။ လူနာတင္ယာဥ္ေတြလည္း ေတြ႕တယ္။ ျဖစ္စဥ္ေသးစိတ္ကိုေတာ့မသိဘူး။ သတင္းတက္လာတာေတြ႕မွ ေကာင္မေလးတစ္ေယာက္ျပဳတ္က်တယ္လို႔ သိလိုက္တာ။ ကားေပၚကေနျမင္ တာဆိုေတာ့ အေသးစိတ္ေတာ့ မသိဘူး” ဟု ေတြ႕ရွိခဲ့သူတစ္ဦးက NP Newsသို႔ ေျပာသည္။
ေသဆုံးသူမွာ အသက္(၃၀)ႏွစ္ခန႔္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး အဆိုပါဟိုတယ္တြင္ တစ္ဦးတည္း လာေရာက္တည္းခိုေနျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ ႐ုပ္အေလာင္းအား သကၤန္းကြၽန္းေစ်း႐ုံးႀကီးသို႔ ပို႔ေဆာင္ထားၿပီး ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၏ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ဆက္လက္စုံစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.