တပေါင်းလပြည့်နေ့နှင့်တောင်သူလယ်သမားနေ့အထိမ်းအမှတ် အဖြစ် လွတ်ငြိမ်းခွင့်တွင် မအူပင်အကျဉ်းထောင်မှ (၁၀၈)ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရ

373

ပြည့်ဖြိုးပိုင် (မအူပင်) မတ် - ၂
တပေါင်းလပြည့်နေ့အခါသမယနှင့်တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူများအား နိုင်ငံတော်မှ လွတ်ငြိမ်းခွင့်ပြုသည့် အမိန့်များ ထုတ်ပြန်ပြီးနောက် ယနေ့ မတ်လ (၂)ရက်နေ့နေ့လည်ပိုင်းတွင် မအူပင်အကျဉ်းထောင်မှ အကျဉ်းသား /သူ (၁၀၈)ဦးပြစ်ဒါဏ်မှ လွတ်ငြိမ်းခွင့် ရရှိသွားကြောင်း မအူပင်မြို့အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
"မအူပင်အကျဉ်းထောင်ကနေ (၁၀၈)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရပါတယ်။ အမျိုးသား (၉၅)ဦး ၊ အမျိုးသမီး (၁၃)ဦး စုစုပေါင်း (၁၀၈)ဦးပါ။ဒီနေ့နိုင်ငံတော်ကပေးတဲ့ ပြစ်မှု /ပြစ်ဒဏ်အသီးသီးအတွက် လွတ်ငြိမ်းသက်သာ ခွင့်အမိန့် အကုန်ပါပါတယ်။လွတ်ငြိမ်းခွင့်ရရှိသူများကို ကျွန်တော်တို့ (၁၁)နာရီ ကျော်လောက်ကတည်းက လွတ်ပေးလိုက်ပါပြီ"ဟု မအူပင်မြို့ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက NP News သို့ပြောသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် တပေါင်းလပြည့်နေ့အခါသမယနှင့်တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ်ထုတ်ပြန်သည့် လွတ်ငြိမ်းခွင့်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၀) ညနှင့် ၅၂ (က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား (၇၃၃၇) ဦး ၊ အဆိုပါပုဒ်မများဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ (၁၂၄၈၇) ဦး၏ အမှုပေါင်း (၉၅၃၂) မှုအား ပိတ်သိမ်း၍အမှုမှလွတ်ပေးခဲ့ပြီး အခြားအကျဉ်းသား၊ အကျဉ်းသူ (၂၈၂၅) ဦးနှင့် နိုင်ငံခြားသား (၁၀) ဦးလည်း လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

Zawgyi Version:
တေပါင္းလျပည့္ေန႔ႏွင့္ေတာင္သူလယ္သမားေန႔အထိမ္းအမွတ္ အျဖစ္ လြတ္ၿငိမ္းခြင့္တြင္ မအူပင္အက်ဥ္းေထာင္မွ (၁၀၈)ဦး ျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ရ
ျပည့္ၿဖိဳးပိုင္ (မအူပင္) မတ္ - ၂
တေပါင္းလျပည့္ေန႔အခါသမယႏွင့္ေတာင္သူလယ္သမားေန႔ အထိမ္းအမွတ္အျဖစ္ ျပစ္ဒဏ္က်ခံေနရေသာ အက်ဥ္းသား/သူမ်ားအား ႏိုင္ငံေတာ္မွ လြတ္ၿငိမ္းခြင့္ျပဳသည့္ အမိန႔္မ်ား ထုတ္ျပန္ၿပီးေနာက္ ယေန႔ မတ္လ (၂)ရက္ေန႔ေန႔လည္ပိုင္းတြင္ မအူပင္အက်ဥ္းေထာင္မွ အက်ဥ္းသား /သူ (၁၀၈)ဦးျပစ္ဒါဏ္မွ လြတ္ၿငိမ္းခြင့္ ရရွိသြားေၾကာင္း မအူပင္ၿမိဳ႕အက်ဥ္းဦးစီးဌာနမွ တာဝန္ရွိသူထံက သိရသည္။
"မအူပင္အက်ဥ္းေထာင္ကေန (၁၀၈)ဦး ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ရပါတယ္။ အမ်ိဳးသား (၉၅)ဦး ၊ အမ်ိဳးသမီး (၁၃)ဦး စုစုေပါင္း (၁၀၈)ဦးပါ။ဒီေန႔ႏိုင္ငံေတာ္ကေပးတဲ့ ျပစ္မႈ /ျပစ္ဒဏ္အသီးသီးအတြက္ လြတ္ၿငိမ္းသက္သာ ခြင့္အမိန႔္ အကုန္ပါပါတယ္။လြတ္ၿငိမ္းခြင့္ရရွိသူမ်ားကို ကြၽန္ေတာ္တို႔ (၁၁)နာရီ ေက်ာ္ေလာက္ကတည္းက လြတ္ေပးလိုက္ပါၿပီ"ဟု မအူပင္ၿမိဳ႕ အက်ဥ္းဦးစီးဌာနမွ တာဝန္ရွိသူက NP News သို႔ေျပာသည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ယာယီသမၼတသည္ တေပါင္းလျပည့္ေန႔အခါသမယႏွင့္ေတာင္သူလယ္သမားေန႔အထိမ္းအမွတ္အျဖစ္ထုတ္ျပန္သည့္ လြတ္ၿငိမ္းခြင့္တြင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ (၅၀) ညႏွင့္ ၅၂ (က) ျဖင့္ ျပစ္ဒဏ္က်ခံေနရသူ ႏိုင္ငံေရးအက်ဥ္းသား (၇၃၃၇) ဦး ၊ အဆိုပါပုဒ္မမ်ားျဖင့္ ထြက္ေျပးတိမ္းေရွာင္ေနသူ (၁၂၄၈၇) ဦး၏ အမႈေပါင္း (၉၅၃၂) မႈအား ပိတ္သိမ္း၍အမႈမွလြတ္ေပးခဲ့ၿပီး အျခားအက်ဥ္းသား၊ အက်ဥ္းသူ (၂၈၂၅) ဦးႏွင့္ ႏိုင္ငံျခားသား (၁၀) ဦးလည္း လြတ္ၿငိမ္းသက္သာခြင့္ေပးလိုက္ေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရသိရသည္။