တစ်ပတ်အတွင်းတရားမဝင်သစ် (၆၃ ဒသမ ၉၄၇၄) တန်ဖမ်းဆီးနိုင်ခဲ့

122

သက်ပိုင်( NP News) -စက်တင်ဘာ ၁၂
စက်တင်ဘာ (၁) ရက်မှ (၇) ရက်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် တရားမဝင်သစ်တန်ချိန် (၆၃ ဒသမ ၉၄၇၄) တန်ဖမ်းဆီးနိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာန၏ စာရင်းများအရ သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ချက်များအရ တစ်ပတ်တာကာလအတွင်းတွင် တရားမဝင်ကျွန်း (၂၁ ဒသမ ၄၈၀၂) တန်၊ သစ်မာ (၁၃ ဒသမ ၃၀၂၂) တန်၊ အခြား (၂၉ ဒသမ ၁၆၅၀) တန် စုစုပေါင်း (၆၃ ဒသမ ၉၄၇၄) တန်နှင့် ယာဉ်/ယန္တရား ကိုးစီး၊ တရားခံ (၁၆) ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် (၂၅) ရက်မှ (၃၁) ရက်အထိ တိုင်းနှင့်ပြည်နယ်အသီးအသီးမှ တရားမဝင် ကျွန်း (၃ ဒသမ ၈၉၁၄) တန်၊ သစ်မာ (၂ ဒသမ ၃၅၀၆ )တန်၊ အခြား (၁၅ ဒသမ ၉၀၆၀) တန် စုစုပေါင်း (၂၂ ဒသမ ၁၄၈၀) တန်နှင့် ယာဉ်/ယန္တရား လေးစီး၊ တရားခံ(၈)ဦး တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Zawgyi Version:
တစ္ပတ္အတြင္းတရားမဝင္သစ္ (၆၃ ဒသမ ၉၄၇၄) တန္ဖမ္းဆီးႏိုင္ခဲ့
သက္ပိုင္( NP News) -စက္တင္ဘာ ၁၂
စက္တင္ဘာ (၁) ရက္မွ (၇) ရက္အထိ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအသီးသီးတြင္ တရားမဝင္သစ္တန္ခ်ိန္ (၆၃ ဒသမ ၉၄၇၄) တန္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သစ္ေတာဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ သစ္ေတာဦးစီးဌာနအေနျဖင့္ တရားမဝင္သစ္ႏွင့္ သစ္ေတာထြက္ပစၥည္းမ်ား ရွာေဖြေဖာ္ထုတ္ဖမ္းဆီးေရးကို ျပည္သူ ပူးေပါင္းပါဝင္မႈျဖင့္ လူထုအေျချပဳေစာင့္ၾကပ္ၾကည့္ရႈသတင္းပို႔စနစ္ (Community Monitoring and Reporting System-CMRS) အပါအဝင္ နည္းလမ္းမ်ိဳးစုံျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္းသိရသည္။
ထိုသို႔ ေဆာင္႐ြက္ခ်က္မ်ားအရ တစ္ပတ္တာကာလအတြင္းတြင္ တရားမဝင္ကြၽန္း (၂၁ ဒသမ ၄၈၀၂) တန္၊ သစ္မာ (၁၃ ဒသမ ၃၀၂၂) တန္၊ အျခား (၂၉ ဒသမ ၁၆၅၀) တန္ စုစုေပါင္း (၆၃ ဒသမ ၉၄၇၄) တန္ႏွင့္ ယာဥ္/ယႏၲရား ကိုးစီး၊ တရားခံ (၁၆) ဦး ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္ (၂၅) ရက္မွ (၃၁) ရက္အထိ တိုင္းႏွင့္ျပည္နယ္အသီးအသီးမွ တရားမဝင္ ကြၽန္း (၃ ဒသမ ၈၉၁၄) တန္၊ သစ္မာ (၂ ဒသမ ၃၅၀၆ )တန္၊ အျခား (၁၅ ဒသမ ၉၀၆၀) တန္ စုစုေပါင္း (၂၂ ဒသမ ၁၄၈၀) တန္ႏွင့္ ယာဥ္/ယႏၲရား ေလးစီး၊ တရားခံ(၈)ဦး တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။