အသက် (၃)နှစ်အရွယ်ကလေးငယ်တစ်ဦး ဧရာဝတီမြစ်အတွင်း ရေနစ်သေဆုံးမှုဖြစ်ပွား

807
NP News - အောက်တိုဘာ ၂၇
အသက် (၃)နှစ်အရွယ် ကလေးငယ်တစ်ဦး ဧရာဝတီမြစ်အတွင်း ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၂၇ရက်) ၊ နံနက်(၁ဝ)နာရီအချိန်တွင် ပြည်မြို့၊ နဝင်းကမ်းနားလမ်း၊ ရွှေပလ္လင်မှော်ဘုရားဘေး ဧရာဝတီမြစ်၏အောက်ချိုင့်တွင် ဖြစ် ပွားခဲ့ကြောင်း သိရသည်။
“အဖေကအလုပ်သွားတယ်။ အမေကဈေးရောင်းသွားတယ်။ ကလေးက အဘွားနဲ့ကျန်ခဲ့တာပေါ့။ အိမ်ကလည်းမြစ်နဲ့နီးတော့ အမှတ်တမဲ့ ကလေးက မြစ်ထဲကို ဆင်းသွားတာလို့ပြောတယ်။ နာရီဝက်လောက်နေလို့ ကလေးက ပြန်ပေါ်တော့မှ သိတာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်မြို့) မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ ပြည်ဆေးရုံကုတင် (၅ဝဝ)ရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
အသက္ (၃)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ဧရာဝတီျမစ္အတြင္း ေရနစ္ေသဆုံးမႈျဖစ္ပြား
NP News - ေအာက္တိုဘာ ၂၇
အသက္ (၃)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ဧရာဝတီျမစ္အတြင္း ေရနစ္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာလ ၂၇ရက္) ၊ နံနက္(၁ဝ)နာရီအခ်ိန္တြင္ ျပည္ၿမိဳ႕၊ နဝင္းကမ္းနားလမ္း၊ ေ႐ႊပလႅင္ေမွာ္ဘုရားေဘး ဧရာဝတီျမစ္၏ေအာက္ခ်ိဳင့္တြင္ ျဖစ္ ပြားခဲ့ေၾကာင္း သိရသည္။
“အေဖကအလုပ္သြားတယ္။ အေမကေဈးေရာင္းသြားတယ္။ ကေလးက အဘြားနဲ႔က်န္ခဲ့တာေပါ့။ အိမ္ကလည္းျမစ္နဲ႔နီးေတာ့ အမွတ္တမဲ့ ကေလးက ျမစ္ထဲကို ဆင္းသြားတာလို႔ေျပာတယ္။ နာရီဝက္ေလာက္ေနလို႔ ကေလးက ျပန္ေပၚေတာ့မွ သိတာပါ” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္ၿမိဳ႕) မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသြားသည့္ ကေလးငယ္၏ ႐ုပ္အေလာင္းအား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)မွ ျပည္ေဆး႐ုံကုတင္ (၅ဝဝ)ရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။