ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူများ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိ

 784

NP News - အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပေါ်တွင် ထောင်ထားသည့် မိုင်းအား နင်းမိခြင်းကြောင့် အပြစ်မဲ့ပြည်သူ(၃)ဦး အပြင်းအထန်ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း နစက၏ အောက်တိုဘာလ ၂၈ ရက် ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

ချောင်းဦးမြို့ ၊ ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ ၂၇ ရက်၊ ညနေပိုင်းက ထိခိုက်ဒဏ်ရာများ ရရှိမှုကြောင့် ဆေးကုသမှုခံယူနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသ မီး ၂ ဦးကို စစ်ဆေးချိန်တွင် ၎င်းတို့မှမုံရွာ-မန္တလေး ကားလမ်းပေါ်တွင်ထောင် ထားသည့် မိုင်းအား နင်းမိခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်ဟု နစက၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရရှိသူများဖြစ်သည့် မောင်ဖိုးချိုနှင့် မဝင်းဝင်းခိုင်တို့ နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ချောင်းဦးမြို့မှမုံရွာမြို့သို့လည်းကောင်း၊ မခင်ငြိမ်းမြတ်သည် ဆိုင်ကယ်တစ်စီးဖြင့် ဆိုင်ကယ်ဆီဖြည့်ရန်လည်းကောင်း၊ အသီးသီးမောင်းနှင်လာစဉ် ချောင်းဦးမြောက်ရပ်ကွက် မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၇ဝ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံသို့ အရောက်တွင် ထောင်ထားသည့် ဒေသန္တရလုပ်နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ချောင်းဦးမြို့၊ ချောင်းဦးမြောက်ရပ်ကွက်နေ ဒေါ်ခင်ငြိမ်းမြတ်(၂၉)နှစ်တွင် ယာလက်ဖျံမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ယာခြေ သလုံးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေသူများဖြစ်ကြသည့် မောင်ဖိုးချဲ့(၁၇)နှစ်တွင် ပေါင်မိုင်းစထိမှန် အရိုးကျိုးဒဏ်ရာ ၂ ချက်၊ ဝဲဒူးပွန်းပဲ့ဒဏ်ရာ ၁ ချက်နှင့် မဝင်းဝင်းခိုင်(၁၇)နှစ်တွင် ဝဲတင်ပါးမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ မိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ရိုးကျိုးဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းမပေါ်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများအား ထိခိုက်ဒဏ်ရာရရှိစေရန် မိုင်းထောင်ခဲ့သည့် အ ကြမ်းဖက်အဖွဲ့များအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေခ်ာင္းဦးၿမိဳ႕နယ္၊ မုံ႐ြာ-မႏၲေလး ကားလမ္းေပၚတြင္ မိုင္းေပါက္ကြဲမႈေၾကာင့္ ျပည္သူမ်ား အျပင္းအထန္ ထိခိုက္ဒဏ္ရာရရွိ
NP News - ေအာက္တိုဘာ ၂၉

စစ္ကိုင္းတိုင္း ၊ ေခ်ာင္းဦးၿမိဳ႕နယ္၊ မုံ႐ြာ-မႏၲေလး ကားလမ္းေပၚတြင္ ေထာင္ထားသည့္ မိုင္းအား နင္းမိျခင္းေၾကာင့္ အျပစ္မဲ့ျပည္သူ(၃)ဦး အျပင္းအထန္ထိခိုက္ဒဏ္ ရာရရွိခဲ့ေၾကာင္း နစက၏ ေအာက္တိုဘာလ ၂၈ ရက္ ညပိုင္းထုတ္ျပန္ခ်က္အရ သိရသည္။

ေခ်ာင္းဦးၿမိဳ႕ ၊ ျပည္သူ႔ေဆး႐ုံတြင္ ေအာက္တိုဘာလ ၂၇ ရက္၊ ညေနပိုင္းက ထိခိုက္ဒဏ္ရာမ်ား ရရွိမႈေၾကာင့္ ေဆးကုသမႈခံယူေနသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသ မီး ၂ ဦးကို စစ္ေဆးခ်ိန္တြင္ ၎တို႔မွမုံ႐ြာ-မႏၲေလး ကားလမ္းေပၚတြင္ေထာင္ ထားသည့္ မိုင္းအား နင္းမိခဲ့ေၾကာင္း ဝန္ခံေျပာဆိုခဲ့သည္ဟု နစက၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ားျဖစ္သည့္ ေမာင္ဖိုးခ်ိဳႏွင့္ မဝင္းဝင္းခိုင္တို႔ ႏွစ္ဦးသည္ ဆိုင္ကယ္တစ္စီးျဖင့္ ေခ်ာင္းဦးၿမိဳ႕မွမုံ႐ြာၿမိဳ႕သို႔လည္းေကာင္း၊ မခင္ၿငိမ္းျမတ္သည္ ဆိုင္ကယ္တစ္စီးျဖင့္ ဆိုင္ကယ္ဆီျဖည့္ရန္လည္းေကာင္း၊ အသီးသီးေမာင္းႏွင္လာစဥ္ ေခ်ာင္းဦးေျမာက္ရပ္ကြက္ မုံ႐ြာ-မႏၲေလးကားလမ္း မိုင္တိုင္အမွတ္ ၇ဝ မိုင္ ၁ ဖာလုံႏွင့္ ၂ ဖာလုံသို႔ အေရာက္တြင္ ေထာင္ထားသည့္ ေဒသႏၲရလုပ္နင္းမိုင္းတစ္လုံးအား နင္းမိေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေပါက္ကြဲမႈေၾကာင့္ ေခ်ာင္းဦးၿမိဳ႕၊ ေခ်ာင္းဦးေျမာက္ရပ္ကြက္ေန ေဒၚခင္ၿငိမ္းျမတ္(၂၉)ႏွစ္တြင္ ယာလက္ဖ်ံမိုင္းစထိမွန္ ဒဏ္ရာ ၁ ခ်က္၊ ယာေျခ သလုံးမိုင္းစထိမွန္ဒဏ္ရာ ၁ ခ်က္၊ မုံ႐ြာၿမိဳ႕၊ ေအာင္ခ်မ္းသာရပ္ကြက္ေနသူမ်ားျဖစ္ၾကသည့္ ေမာင္ဖိုးခ်ဲ႕(၁၇)ႏွစ္တြင္ ေပါင္မိုင္းစထိမွန္ အ႐ိုးက်ိဳးဒဏ္ရာ ၂ ခ်က္၊ ဝဲဒူးပြန္းပဲ့ဒဏ္ရာ ၁ ခ်က္ႏွင့္ မဝင္းဝင္းခိုင္(၁၇)ႏွစ္တြင္ ဝဲတင္ပါးမိုင္းစထိမွန္ ဒဏ္ရာ ၁ ခ်က္၊ ဦးေခါင္းေနာက္ေစ့ မိုင္းစထိမွန္ ဒဏ္ရာ ၁ ခ်က္၊ ဝဲေပါင္႐ိုးက်ိဳးဒဏ္ရာ ၁ ခ်က္တို႔ ရရွိခဲ့ေၾကာင္းသိရသည္။

လက္ရွိတြင္ အမ်ားျပည္သူ သြားလာအသုံးျပဳလ်က္ရွိသည့္ လမ္းမေပၚတြင္ စစ္ေရးပစ္မွတ္မဟုတ္သည့္ အရပ္သားမ်ားအား ထိခိုက္ဒဏ္ရာရရွိေစရန္ မိုင္းေထာင္ခဲ့သည့္ အ ၾကမ္းဖက္အဖြဲ႕မ်ားအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Picture

Ko Moe

29/10/2022 15:20

လူသားတွေ ပါဗျာ အသွေးအသားတွေနဲ့ပါ။မလုပ်သင့်မလုပ်ထိုက်တာတွေ ပဲ ခွလုပ်နေကြတာ

Picture

Wan Jaywan

29/10/2022 16:06

မိုင္း ေထာင္ တာ စစ္ တပ္ ကို လံုး ဝမထိ ဘဲ ျပည္ သူ ဘဲ ထိ ေနတာ လံုး ဝမလုပ္ သင့္ ပါဘူး မိုင္း ေထာင္ တာ လွု တဲ့ လူ ေတြ လဲ အကုသိုလ္ အျကီး ျကီး အက်ိုး ေပးမွာ

Picture

Ko Htut

29/10/2022 16:34

မဟုတ်တာတွေပြောပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က Air Traffic Control Towerကိုဖျက်ဆီးခိုင်းနေပါတယ် PDF တွေကမစဥ်းစားပဲသွားလုပ်ရင် Tower ထဲကအပြစ်မဲ့သူတွေသေဆုံးရမယ့်အပြင် ပြည်သူတွေအတွက်ထိခိုက်နစ်နာမှုတွေအများကြီးဖြစ်ရမှာပါ https://youtube.com/watch?v=rMdzCu0elx8&feature=share&si=EMSIkaIECMiOmarE6JChQQ

Related news

© 2021. All rights reserved.