ထိုင်းနိုင်ငံကိုတရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင်ငံသား (၂ဝဝ)နီးပါးကို နေရပ်ပြန်ပို့

 446

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၉

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းခဲ့ပြီးနောက် ပြစ်ဒဏ်ကျခံရမှုကနေ ပြန်လွတ်မြောက်လာခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၈၉)ဦးကို မြန်မာနိုင်ငံဘက်ခြမ်း ပြန်ပို့လိုက်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၁၈၉)ဦးကို အောက်တိုဘာလ ၂၈ ရက်မှာ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စက်လှေ (၁၁) စင်း နဲ့ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

နေရပ်ပြန်ပို့ခံရသူတွေထဲမှာ အမျိုးသမီး (၄၆)ဦးနဲ့ အမျိုးသား (၁၄၃)ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ကော့သောင်းမြို့ကို ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးတာ၊ အသိပညာပေးတာတွေပြုလုပ်ပြီး သတ်မှတ်ထားတဲ့ အသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိတယ်လို့ သိရပါတယ်။ ဒီလအတွင်းမှာ ထိုင်းနိုင်ငံ ရနောင်းအချုပ်ကနေ ကော့သောင်းမြို့ကို မြန်မာရွှေ့ပြောင်းလုပ်သား ၃၆၅ ဦီးနဲ့ က လေးငယ် ၃ ဦးကိုလည်း ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းတဲ့အတွက် ထိုင်းအာဏာပိုင်တွေရဲ့ဖမ်ဆီးထိန်းသိမ်းခံရပြီး ထိုင်းအကျဉ်း ထောင်၊အချုပ်ထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတာတွေလည်းရှိတယ်လို့သိရပါတယ်။

zawgyi version
ထိုင္းႏိုင္ငံကိုတရားမဝင္ ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ျမန္မာႏိုင္ငံသား (၂ဝဝ)နီးပါးကို ေနရပ္ျပန္ပို႔
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၉

ထိုင္းႏိုင္ငံကို တရားမဝင္ ဝင္ေရာက္ဖို႔ႀကိဳးပမ္းခဲ့ၿပီးေနာက္ ျပစ္ဒဏ္က်ခံရမႈကေန ျပန္လြတ္ေျမာက္လာခဲ့တဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား (၁၈၉)ဦးကို ျမန္မာႏိုင္ငံဘက္ျခမ္း ျပန္ပို႔လိုက္ေၾကာင္း ထိုင္းအစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။

ထိုင္းအာဏာပိုင္ေတြဟာ ျပစ္ဒဏ္က်ခံၿပီးတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား (၁၈၉)ဦးကို ေအာက္တိုဘာလ ၂၈ ရက္မွာ ရေနာင္းၿမိဳ႕ကေန ျမန္မာႏိုင္ငံ ေကာ့ေသာင္းၿမိဳ႕ကို ျပန္ပို႔ခဲ့ပါတယ္။ အဆိုပါ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို စက္ေလွ (၁၁) စင္း နဲ႔ ရေနာင္းၿမိဳ႕ကေန ျမန္မာႏိုင္ငံ ေကာ့ေသာင္းၿမိဳ႕ကို ျပန္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ေနရပ္ျပန္ပို႔ခံရသူေတြထဲမွာ အမ်ိဳးသမီး (၄၆)ဦးနဲ႔ အမ်ိဳးသား (၁၄၃)ဦး ပါဝင္ခဲ့ေၾကာင္း သိရပါတယ္။ ေကာ့ေသာင္းၿမိဳ႕ကို ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားေတြကို ေဒသအာဏာပိုင္ေတြက ကိုဗစ္-၁၉ စစ္ေဆးၿပီး ကိုယ္ေရးအခ်က္အလက္စစ္ေဆးတာ၊ အသိပညာေပးတာေတြျပဳလုပ္ၿပီး သတ္မွတ္ထားတဲ့ အသြားအလာေစာင့္ၾကည့္ေရးစင္တာေတြမွာ ထားရွိတယ္လို႔ သိရပါတယ္။ ဒီလအတြင္းမွာ ထိုင္းႏိုင္ငံ ရေနာင္းအခ်ဳပ္ကေန ေကာ့ေသာင္းၿမိဳ႕ကို ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၃၆၅ ဦီးနဲ႔ က ေလးငယ္ ၃ ဦးကိုလည္း ျပန္ပို႔ခဲ့ၿပီးျဖစ္တယ္လို႔လည္း သိရပါတယ္။

ျမန္မာႏိုင္ငံသားေတြဟာ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ကိုင္ဖို႔ တရားမဝင္ ဝင္ေရာက္ဖို႔ႀကိဳးပမ္းတဲ့အတြက္ ထိုင္းအာဏာပိုင္ေတြရဲ႕ဖမ္ဆီးထိန္းသိမ္းခံရၿပီး ထိုင္းအက်ဥ္း ေထာင္၊အခ်ဳပ္ေထာင္ေတြမွာ ျပစ္ဒဏ္က်ခံေနရတာေတြလည္းရွိတယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.