ပြည်ပနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၈)ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာသန်း (၇ဝ)ကျော်ပြနေ

 696

မျိုးကြီး (NP News) - အောက်တိုဘာ ၂၉

ပြည်ပနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ ယခုဘဏ္ဍာနှစ်(၇)လတာကာလအတွင်း အမေရိကန်ဒေါ်လာ (၁၈)ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာသန်း ၇ဝ ကျော်ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဧပြီလမှစ၍ အောက်တိုဘာလ ၂၁ ရက်အထိ ကုန်သွယ်မှုအခြေအနေများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ တွက်ချက်သိရှိရခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် (၇)လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉၃၃၃ ဒသမ ၇၇၇ သန်းရရှိခဲ့ကြောင်း ဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများမှတစ်ဆင့် သွင်းကုန်ပြန်လည်တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၉၄ဝ၇ ဒသမ ဝ၈၅ သန်းရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈၇၄ဝ ဒသမ ၈၆၂ သန်းရှိခဲ့ပြီး လတ်တလောတွင် ကုန်သွယ်မှုလိုငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၃ဝ၈ သန်းဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပကြွေးမြီးများ နည်းပါးရန်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သယံဇာတပစ္စည်းများကို ထုတ်ကုန်များအဖြစ်ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရန် ဆောင် ရွက်နေကြောင်း နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုထား သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးအတွက် အခြေခံအကျဆုံးစီးပွား ရေးလုပ်ငန်းဖြစ်ကြောင်း နစကအကြီးအကဲက ဖွင့်ဟပြောဆိုထားသည်။

ထို့ပြင် ပြီးခဲ့သော သမ္မတဟောင်း ဦးသိန်းစိန်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရသတ်တမ်း(၂)ခု၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၄ ဘီလျံကျော်ပြခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော နှစ်များအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ကျဆင်းခဲ့ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်ခြင်းများကို အားပေးခြင်းများမရှိခဲ့ကြောင်းနှင့် ပြည်ပမှတင်သွင်းမှုများ များပြားခဲ့ခြင်းကြောင့် နိုင်ငံ၏ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း နစကအကြီးအကဲက မှတ်ချက်ပြုပြောဆိုထား သည်။

zawgyi version
ျပည္ပႏိုင္ငံမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ(၁၈)ဘီလ်ံေက်ာ္ရွိၿပီး ကုန္သြယ္မႈလိုေငြ အေမရိကန္ေဒၚလာသန္း (၇ဝ)ေက်ာ္ျပေန
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၂၉

ျပည္ပႏိုင္ငံမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈပမာဏမွာ ယခုဘ႑ာႏွစ္(၇)လတာကာလအတြင္း အေမရိကန္ေဒၚလာ (၁၈)ဘီလ်ံေက်ာ္ရွိၿပီး ကုန္သြယ္မႈလိုေငြ အေမရိကန္ေဒၚလာသန္း ၇ဝ ေက်ာ္ျဖစ္ေပၚေနေၾကာင္း သတင္းရရွိသည္။

၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္ ဧၿပီလမွစ၍ ေအာက္တိုဘာလ ၂၁ ရက္အထိ ကုန္သြယ္မႈအေျခအေနမ်ားကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ တြက္ခ်က္သိရွိရျခင္းျဖစ္သည္။

ယခုဘ႑ာႏွစ္ (၇)လတာကာလအတြင္း ျပည္ပႏိုင္ငံမ်ားသို႔ ျမန္မာႏိုင္ငံအေနျဖင့္ ပို႔ကုန္တင္ပို႔မႈမွာ အေမရိကန္ေဒၚလာ ၉၃၃၃ ဒသမ ၇၇၇ သန္းရရွိခဲ့ေၾကာင္း ဝန္ ႀကီးဌာနက ထုတ္ျပန္ထားသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံမွ ျပည္ပႏိုင္ငံမ်ားမွတစ္ဆင့္ သြင္းကုန္ျပန္လည္တင္သြင္းမႈသည္ အေမရိကန္ေဒၚလာ ၉၄ဝ၇ ဒသမ ဝ၈၅ သန္းရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ စုစုေပါင္းကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ ၁၈၇၄ဝ ဒသမ ၈၆၂ သန္းရွိခဲ့ၿပီး လတ္တေလာတြင္ ကုန္သြယ္မႈလိုေငြအျဖစ္ အေမရိကန္ေဒၚလာ ၇၃ ဒသမ ၃ဝ၈ သန္းျဖစ္ေပၚေနေၾကာင္း သိရသည္။

လက္ရွိတြင္ ျပည္ပေႂကြးၿမီးမ်ား နည္းပါးရန္ေဆာင္႐ြက္လ်က္ရွိၿပီး ႏိုင္ငံအတြင္းရွိ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ သယံဇာတပစၥည္းမ်ားကို ထုတ္ကုန္မ်ားအျဖစ္ထုတ္လုပ္ကာ ျပည္ပသို႔ တင္ပို႔ေရာင္းခ်ျခင္းျဖင့္ ႏိုင္ငံျခားဝင္ေငြရရွိရန္ ေဆာင္ ႐ြက္ေနေၾကာင္း နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုထား သည္။

စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းသည္ ႏိုင္ငံ၏စီးပြားေရးအတြက္ အေျခခံအက်ဆုံးစီးပြား ေရးလုပ္ငန္းျဖစ္ေၾကာင္း နစကအႀကီးအကဲက ဖြင့္ဟေျပာဆိုထားသည္။

ထို႔ျပင္ ၿပီးခဲ့ေသာ သမၼတေဟာင္း ဦးသိန္းစိန္အစိုးရႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)အစိုးရသတ္တမ္း(၂)ခု၌ ကုန္သြယ္မႈလိုေငြ အေမရိကန္ေဒၚလာ ၂၄ ဘီလ်ံေက်ာ္ျပခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ႏွစ္မ်ားအတြင္း ျမန္မာႏိုင္ငံ၏ စီးပြားေရးမွာ က်ဆင္းခဲ့ၿပီး ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားႏွင့္ ျပည္တြင္းကုန္ထုတ္လုပ္ျခင္းမ်ားကို အားေပးျခင္းမ်ားမရွိခဲ့ေၾကာင္းႏွင့္ ျပည္ပမွတင္သြင္းမႈမ်ား မ်ားျပားခဲ့ျခင္းေၾကာင့္ ႏိုင္ငံ၏ကုန္သြယ္မႈလိုေငြမ်ားျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း နစကအႀကီးအကဲက မွတ္ခ်က္ျပဳေျပာဆိုထား သည္။

Related news

© 2021. All rights reserved.