သားဖွားဆရာမတစ်ဦး၏ ခင်ပွန်းဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရမှု ကျိုက်ထိုမြို့နယ်အတွင်း ဖြစ်ပွား

 886

NP News - အောက်တိုဘာ ၂၉

ကျေးလက်ကျန်းမာရေးဌာနခွဲ၌ တာဝန်ထမ်းဆောင်နေသည့် သားဖွားဆရာမတစ်ဦး၏ ခင်ပွန်းဖြစ်သူမှာ သေနတ်ဖြင့် ပစ်သတ်ခံရမှု မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ နန်းရဂုံစားသောက်ဆိုင်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောသည်။

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် နေထိုင်သော အသက်(၅၅)နှစ်အရွယ်ရှိ ဦးနိုင်ဝင်းသည် မုပ္ပလင်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းအတွက် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံမှ လိုအပ်သောဆေးများထုတ်ကာ ဆိုင်ကယ်ဖြင့် ပြန်လည်လာစဉ်အချိန်တွင် အမျိုးသား(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးနိုင်ဝင်းဆိုသူသည် သေနတ်ဒဏ်ရာများဖြင့်အခင်းဖြစ် ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဦးနိုင်ဝင်းသည် မုပ္ပလင်းကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမတစ်ဦး၏ ခင်ပွန်းဖြစ်ကြောင်း သိရပြီး ၎င်း၏ ရုပ်အလောင်းအား ယနေ့ (အောက်တိုဘာလ ၂၉ ရက်)တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။

zawgyi version
သားဖြားဆရာမတစ္ဦး၏ ခင္ပြန္းျဖစ္သူ ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ က်ိဳက္ထိုၿမိဳ႕နယ္အတြင္း ျဖစ္ပြား
NP News - ေအာက္တိုဘာ ၂၉

ေက်းလက္က်န္းမာေရးဌာနခြဲ၌ တာဝန္ထမ္းေဆာင္ေနသည့္ သားဖြားဆရာမတစ္ဦး၏ ခင္ပြန္းျဖစ္သူမွာ ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၂၇ ရက္ ညေနပိုင္းတြင္ က်ိဳက္ထိုၿမိဳ႕နယ္၊ အဂၤဘိုေက်း႐ြာရွိ နန္းရဂုံစားေသာက္ဆိုင္အနီး ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေဘးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေျပာသည္။

က်ိဳက္ထိုၿမိဳ႕နယ္၊ မုပၸလင္ေက်း႐ြာတြင္ ေနထိုင္ေသာ အသက္(၅၅)ႏွစ္အ႐ြယ္ရွိ ဦးႏိုင္ဝင္းသည္ မုပၸလင္ေက်း႐ြာရွိ ေက်းလက္ေဆးေပးခန္းအတြက္ က်ိဳက္ထိုၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွ လိုအပ္ေသာေဆးမ်ားထုတ္ကာ ဆိုင္ကယ္ျဖင့္ ျပန္လည္လာစဥ္အခ်ိန္တြင္ အမ်ိဳးသား(၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးႏိုင္ဝင္းဆိုသူသည္ ေသနတ္ဒဏ္ရာမ်ားျဖင့္အခင္းျဖစ္ ပြားရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ဦးႏိုင္ဝင္းသည္ မုပၸလင္းေက်းလက္က်န္းမာေရးဌာနခြဲမွ သားဖြားဆရာမတစ္ဦး၏ ခင္ပြန္းျဖစ္ေၾကာင္း သိရၿပီး ၎၏ ႐ုပ္အေလာင္းအား ယေန႔ (ေအာက္တိုဘာလ ၂၉ ရက္)တြင္ သၿဂိဳလ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.