ရာအိမ်မှူးအပါအဝင် ပြည်သူ(၅)ဦး လုပ်ကြံသတ်ဖြတ်ခံရမှု ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ဖြစ်ပွား

 793

NP News -အောက်တိုဘာ ၂၉

ပဲခူးတိုင်း၊ မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့တွင် ရာအိမ်မှူးအပါအဝင် ပြည်သူ(၅) ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတွင်း အောက်တိုဘာလ၂၇ ရက်က အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် အောက်တိုဘာလ၂၈ ရက်က အမျိုးသား(၂)ဦးသေဆုံးခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ချောင်စောက်ကျေးရွာတွင် အောက်တိုဘာလ ၂၇ ရက် နံနက် ၈နာရီခန့်က ဦးခင်မောင်ကြည်(၅၉)နှစ်နှင့် တူမဖြစ်သူ မစောမာ လာ(၄၆)နှစ်တို့သည် ချောင်းစောက်ကျေးရွာ အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ ၎င်းတို့ပိုင်ယာတဲ၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့ အင်အား ၅ ဦးခန့်ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲကာ သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ်ထိုးခုတ်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တောတွင်-အိုင်ကြီးကျေးရွာချင်းဆက်လမ်း၊ အိုင်ကြီးကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာတွင် အောက်တို ဘာလ ၂၇ ရက်၊ ညနေ ၄နာရီခွဲခန့်တွင် တောတွင်ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးခင်မောင်စိုး(၅၆)နှစ်သည် ပုသိမ်ကြီးမြို့နယ်လျှပ်စစ်ရုံးသို့ မီတာခပေးဆောင်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အကြမ်းဖက် အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ် ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ မုံရွာ-ကိုင်းတောကျေးရွာသွား လမ်းဘေးရှိ ကွမ်းခြံတွင် အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၈ နာရီခွဲအချိန်က မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်နေ ဦးကျော်လင်း(၅၈)နှစ်သည် ကွမ်းခြံစောင့်တဲ၌ ညစောင့်အိပ်နေစဉ် အကြမ်းဖက်အဖွဲ့ကရောက်လာပြီး သေနတ်နှင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ်၊ ဆင်မြေကျေးရွာနေ ဦးအောင်ထွန်း(၄၂)နှစ်သည် နေ အိမ်မှ ထွက်ခွာလာစဉ် ဆင်မြေကျေးရွာအထွက် တံတားအရောက်တွင် အကြမ်း ဖက်အဖွဲ့က သေနတ်နှင့် ပစ်ခတ်ခဲ့မှုကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရာအိမ်မှူးအပါအဝင် ပြည်သူ(၅)ကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သ မားများအား စုံစမ်းစစ်ဆေးနေပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

zawgyi version
ရာအိမ္မႉးအပါအဝင္ ျပည္သူ(၅)ဦး လုပ္ႀကံသတ္ျဖတ္ခံရမႈ ပဲခူးတိုင္း၊ မႏၲေလးတိုင္းႏွင့္ စစ္ကိုင္းတိုင္းတို႔တြင္ ျဖစ္ပြား
NP News -ေအာက္တိုဘာ ၂၉

ပဲခူးတိုင္း၊ မႏၲေလးတိုင္း ႏွင့္ စစ္ကိုင္းတိုင္းတို႔တြင္ ရာအိမ္မႉးအပါအဝင္ ျပည္သူ(၅) ဦး လုပ္ႀကံသတ္ျဖတ္ခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ပဲခူးတိုင္းႏွင့္ မႏၲေလးတိုင္းတြင္း ေအာက္တိုဘာလ၂၇ ရက္က အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးေသဆုံးခဲ့ၿပီး စစ္ကိုင္းတိုင္းတြင္ ေအာက္တိုဘာလ၂၈ ရက္က အမ်ိဳးသား(၂)ဦးေသဆုံးခဲ့ေၾကာင္း ၎တို႔၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ပဲခူးတိုင္းေဒသႀကီး၊ အုတ္ဖိုၿမိဳ႕နယ္၊ ေခ်ာင္ေစာက္ေက်း႐ြာတြင္ ေအာက္တိုဘာလ ၂၇ ရက္ နံနက္ ၈နာရီခန႔္က ဦးခင္ေမာင္ၾကည္(၅၉)ႏွစ္ႏွင့္ တူမျဖစ္သူ မေစာမာ လာ(၄၆)ႏွစ္တို႔သည္ ေခ်ာင္းေစာက္ေက်း႐ြာ အေရွ႕ဘက္ ၃ မိုင္ခန႔္အကြာရွိ ၎တို႔ပိုင္ယာတဲ၌ရွိေနစဥ္ အၾကမ္းဖက္အဖြဲ႕ အင္အား ၅ ဦးခန႔္ေရာက္ရွိလာၿပီး “ဒလန္” ဟုစြပ္စြဲကာ ေသနတ္၊ ဓားမ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ထိုးခုတ္ခဲ့သျဖင့္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေတာတြင္-အိုင္ႀကီးေက်း႐ြာခ်င္းဆက္လမ္း၊ အိုင္ႀကီးေက်း႐ြာ၏အေရွ႕ဘက္ ၁ မိုင္ခန႔္အကြာတြင္ ေအာက္တို ဘာလ ၂၇ ရက္၊ ညေန ၄နာရီခြဲခန႔္တြင္ ေတာတြင္ေက်း႐ြာေန ရာအိမ္မႉးျဖစ္သူ ဦးခင္ေမာင္စိုး(၅၆)ႏွစ္သည္ ပုသိမ္ႀကီးၿမိဳ႕နယ္လွ်ပ္စစ္႐ုံးသို႔ မီတာခေပးေဆာင္ရန္ ဆိုင္ကယ္ျဖင့္ ထြက္ခြာလာစဥ္ အၾကမ္းဖက္ အမ်ိဳးသား ၄ ဦးက ေသနတ္ျဖင့္ ပစ္ ခတ္ခဲ့ျခင္းေၾကာင့္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ စစ္ကိုင္းတိုင္း ၊ မုံ႐ြာၿမိဳ႕နယ္၊ မုံ႐ြာ-ကိုင္းေတာေက်း႐ြာသြား လမ္းေဘးရွိ ကြမ္းၿခံတြင္ ေအာက္တိုဘာလ ၂၈ ရက္၊ နံနက္ ၈ နာရီခြဲအခ်ိန္က မုံ႐ြာၿမိဳ႕နယ္၊ နႏၵဝန္ရပ္ကြက္ေန ဦးေက်ာ္လင္း(၅၈)ႏွစ္သည္ ကြမ္းၿခံေစာင့္တဲ၌ ညေစာင့္အိပ္ေနစဥ္ အၾကမ္းဖက္အဖြဲ႕ကေရာက္လာၿပီး ေသနတ္ႏွင့္ပစ္ခတ္သတ္ျဖတ္ခဲ့သျဖင့္ ေသနတ္ထိမွန္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ စစ္ကိုင္းၿမိဳ႕နယ္၊ ဆင္ေျမေက်း႐ြာေန ဦးေအာင္ထြန္း(၄၂)ႏွစ္သည္ ေန အိမ္မွ ထြက္ခြာလာစဥ္ ဆင္ေျမေက်း႐ြာအထြက္ တံတားအေရာက္တြင္ အၾကမ္း ဖက္အဖြဲ႕က ေသနတ္ႏွင့္ ပစ္ခတ္ခဲ့မႈေၾကာင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ရာအိမ္မႉးအပါအဝင္ ျပည္သူ(၅)ကို သတ္ျဖတ္ခဲ့သည့္ အၾကမ္းဖက္သ မားမ်ားအား စုံစမ္းစစ္ေဆးေနၿပီး ဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.