မော်ဒယ်၂ဝဝ၃ ခုနှစ်အောက် ကားအမျိုးအစားများနှင့်ပတ်သက်၍ အမိန့်စာအတု ပျံ့နှံနေ

 1719

NP News - အောက်တိုဘာ ၂၉

မော်ဒယ် ၂ဝဝ၃ ခုနှစ်အောက် ကားအမျိုးအစားများနှင့်ပတ်သက်၍ အမိန့်စာအတုတစ်စောင် ယနေ့ (အောက်တိုဘာလ ၂၉ ရက်)တွင် လူမှုကွန်ယက်စာမျက်နှာများ၌ ပျံ့နှံလျက်ရှိနေသည်ကို တွေ့ရသည်။

အဆိုပါအမိန့်စာအတုတွင် မော်တော်ယာဉ်နှင့် စက်မှုဆိုင်ရာဌာနများအား ပြဋ္ဌာန်းခြင်းဟု ရေးသားထားပြီး ယနေ့ရက်စွဲဖြင့် လူမှုကွန်ယက်တွင် ပျံ့နှံလာခြင်းဖြစ် သည်။

အိမ်စောင့်အစိုးရမှ အမိန့်အမှတ်(၃၇၈/၂ဝ၂၂)အား ထုတ်ပြန်လိုက်သည်ဟု အမိန့်စာအတုတွင် ရေးသားထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် “Model (၂ဝဝ၃)နှစ်အောက် အက္ခရာ(ဃ)တန်းအထိ မည်သည့်ကားအမျိုးအစားကိုမဆို အပ်ကားစာရင်းနှင့် ဖျတ်သိမ်းခြင်း ပြုမပြုကို ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းနောက်တွင် ပြန်လည်စီစစ်သုံးသပ်သွားမည်” ဟု အမိန့်စာအတုတွင် ရေး သားထားသည်။

အဆိုပါအမိန့်စာနှင့်ပတ်သက်၍လည်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့က ၎င်းစာမှာ အတုသာဖြစ်ကြောင်း မီဒီယာများကို ပြန်လည်ဖြေရှင်းထားသည်။

ပြီးခဲ့သော အောက်တိုဘာလ ၂၅ ရက်တွင်လည်း ငွေကြေးဖောင်းပွမှုထိန်းချုပ်ရန် အိမ်ခြံမြေပိုင်ဆိုင်မှု ဥပဒေသတ်မှတ်ပြဋ္ဌာန်းဆိုသည့် အမိန့်စာအတုတစ်စောင်မှာလည်း လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံခဲ့သေးသည်။

ပုံစာ - အမိန့်စာအတုအားတွေ့ရစဉ်

zawgyi version
ေမာ္ဒယ္၂ဝဝ၃ ခုႏွစ္ေအာက္ ကားအမ်ိဳးအစားမ်ားႏွင့္ပတ္သက္၍ အမိန႔္စာအတု ပ်ံ႕ႏွံေန
NP News - ေအာက္တိုဘာ ၂၉

ေမာ္ဒယ္ ၂ဝဝ၃ ခုႏွစ္ေအာက္ ကားအမ်ိဳးအစားမ်ားႏွင့္ပတ္သက္၍ အမိန႔္စာအတုတစ္ေစာင္ ယေန႔ (ေအာက္တိုဘာလ ၂၉ ရက္)တြင္ လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ ပ်ံ႕ႏွံလ်က္ရွိေနသည္ကို ေတြ႕ရသည္။

အဆိုပါအမိန႔္စာအတုတြင္ ေမာ္ေတာ္ယာဥ္ႏွင့္ စက္မႈဆိုင္ရာဌာနမ်ားအား ျပ႒ာန္းျခင္းဟု ေရးသားထားၿပီး ယေန႔ရက္စြဲျဖင့္ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံလာျခင္းျဖစ္ သည္။

အိမ္ေစာင့္အစိုးရမွ အမိန႔္အမွတ္(၃၇၈/၂ဝ၂၂)အား ထုတ္ျပန္လိုက္သည္ဟု အမိန႔္စာအတုတြင္ ေရးသားထားသည္ကို ေတြ႕ရွိရသည္။

ထို႔ျပင္ “Model (၂ဝဝ၃)ႏွစ္ေအာက္ အကၡရာ(ဃ)တန္းအထိ မည္သည့္ကားအမ်ိဳးအစားကိုမဆို အပ္ကားစာရင္းႏွင့္ ဖ်တ္သိမ္းျခင္း ျပဳမျပဳကို ၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာလဆန္းပိုင္းေနာက္တြင္ ျပန္လည္စီစစ္သုံးသပ္သြားမည္” ဟု အမိန႔္စာအတုတြင္ ေရး သားထားသည္။

အဆိုပါအမိန႔္စာႏွင့္ပတ္သက္၍လည္း နစက၏သတင္းထုတ္ျပန္ေရးအဖြဲ႕က ၎စာမွာ အတုသာျဖစ္ေၾကာင္း မီဒီယာမ်ားကို ျပန္လည္ေျဖရွင္းထားသည္။

ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၅ ရက္တြင္လည္း ေငြေၾကးေဖာင္းပြမႈထိန္းခ်ဳပ္ရန္ အိမ္ၿခံေျမပိုင္ဆိုင္မႈ ဥပေဒသတ္မွတ္ျပ႒ာန္းဆိုသည့္ အမိန႔္စာအတုတစ္ေစာင္မွာလည္း လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံခဲ့ေသးသည္။

Related news

© 2021. All rights reserved.