ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ သမ္မတအဖြစ်တာဝန်ယူဖို့ အိမ်မက်ရှိနေသူဖြစ်ကြောင်း nikkei asia ဖော်ပြ

 2145

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၉

နစက အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့သမ္မတအဖြစ်တာဝန်ယူဖို့ နှစ်ပေါင်းများစွာကြာ အိမ်မက်ရှိနေသူဖြစ်ကြောင်း ၎င်းနဲ့နီးစပ်တဲ့စစ် တပ်အသိုင်းအဝိုင်းကပြောဆိုကြောင်း ဂျပန်အခြေစိုက် nikkei asia သတင်းဌာနကဖော်ပြထားပါတယ်။

စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ပါတီဟာ ၂ဝ၂၃ ခုနှစ် သြဂုတ်လမှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမတိုင်ခင်၄င်းတို့ရဲ့နေရာများကို ခိုင်မာစေဖို့ နဲ့အနိုင်ရဖို့လက်ရှိအချိန်ကတည်းက စတင်လုပ်ဆောင်နေရာ နစကအကြီးအကဲရဲ့အိမ်မက်များဟာ မကြာမီအမှန်တကယ်လက်တွေ့ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ဂျပန်သတင်းဌာနမှာဖော်ပြထားပါတယ်။

မြန်မာစစ်တပ်တာဝန်ရှိသူများက "နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ဟာ သမ္မတအဖြစ် တာဝန်ယူဖို့ ရည်ရွယ်ချက် နဲ့ အိမ်မက်ရှိနေသူဖြစ်ပါတယ်။သမ္မတအဖြစ်တာဝန်ယူခွင့်ရဖို့ ဖြစ်အောင်လုပ်ဖွယ်ရှိနေတယ်"လို့ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော် နဲ့အမျိုးသားလွှတ် တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များက သမ္မတကိုရွေးချယ်ခြင်းဖြစ်ကြောင်းသိရပါတယ်။ လာမယ့်ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်အတွင်း စစ်တပ်ကခန့်ထားတဲ့ကိုယ်စားလှယ်တွေ နဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့လွတ်တော်ကိုယ်စားလှယ်များ ထောက်ခံမဲအများစု ရရှိခဲ့မယ်ဆိုရင် နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတအဖြစ်တာဝန်ယူခွင့်ရဖို့အလားလာများနေတယ်လို့ သတင်းမှာဖော်ပြထားတာကိုတွေ့ရပါတယ်။

ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုအဖြစ် ပြည်ခိုင်ဖြိုးပါတီဟာ နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ညာလက်ရုံးတစ်ဦးဖြစ်တဲ့ ဦးခင်ရီကို ပါတီဥက္ကဋ္ဌအသစ်အဖြစ် အောက်တိုဘာလအစောပိုင်းက ရွေးချယ်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဦးခင်ရီက "ကျွန်တော်တို့ ပါတီဟာ ခိုင်မာတဲ့အင်စတီးကျူးတစ်ခုဖြစ်အောင် ကြိုးပမ်းဖို့ လိုအပ်ပါတယ်။ ဒါဟာ အဓိက အရေးကြီးတယ်။ ကျွန်တော်တို့ပါတီဟာ ပါတီဝင်အရေအတွက်၊ အားပေးထောက်ခံသူအရေအတွက် ပိုမိုတိုးလာအောင် အရာရာတိုင်းကြိုးပမ်းလုပ်ဆောင်ရမယ်"လို့ပြောပါတယ်။ ဦးခင်ရီဟာ စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်သလို ရဲချုပ်ဟောင်းအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ပြီးခဲ့တဲ့နောက်ဆုံး ရွေးကောက်ပွဲ နှစ်ခုမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲမှာ အကူအ ညီဖြစ်စေဖို့ နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လက်ရှိအချိန်မှာအငြိမ်းစားယူထားတဲ့ အရာရှိဟောင်းအများအပြားကို ပြည်ခိုင်ဖြိုးပါတီအတွင်း အစားထိုးဖို့ စီစဉ်လျက်ရှိနေကြောင်း ဂျပန်သတင်းဌာနကဖော်ပြထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီနဲ့ နီးစပ်တဲ့သတင်းအရင်းမြစ်က " ကျွန်တော်တို့ဟာ ပါတီကို စစ်အရာရှိတွေနဲ့အစားထိုးဖို့ စဉ်းစားနေတယ်"လို့ပြောပါတယ်။ နစကဟာ လက်ရှိအချိန်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖိအားပေးမှုများ လုပ်ဆောင်နေသလို ရွေးကောက်ပွဲကိုတရားဝင်မှုရှိစေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုဖျက်သိမ်းဖို့ ဆုံးဖြတ်ခြင်းများလည်းမရှိသေးကြောင်း သတင်းမှာဖော်ပြထားပါတယ်။

zawgyi version
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္မွာ သမၼတအျဖစ္တာဝန္ယူဖို႔ အိမ္မက္ရွိေနသူျဖစ္ေၾကာင္း nikkei asia ေဖာ္ျပ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၉

နစက အႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ျမန္မာႏိုင္ငံရဲ႕သမၼတအျဖစ္တာဝန္ယူဖို႔ ႏွစ္ေပါင္းမ်ားစြာၾကာ အိမ္မက္ရွိေနသူျဖစ္ေၾကာင္း ၎နဲ႔နီးစပ္တဲ့စစ္ တပ္အသိုင္းအဝိုင္းကေျပာဆိုေၾကာင္း ဂ်ပန္အေျခစိုက္ nikkei asia သတင္းဌာနကေဖာ္ျပထားပါတယ္။

စစ္တပ္ ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ပါတီဟာ ၂ဝ၂၃ ခုႏွစ္ ၾသဂုတ္လမွာက်င္းပမယ့္အေထြေထြေ႐ြးေကာက္ပြဲမတိုင္ခင္၄င္းတို႔ရဲ႕ေနရာမ်ားကို ခိုင္မာေစဖို႔ နဲ႔အႏိုင္ရဖို႔လက္ရွိအခ်ိန္ကတည္းက စတင္လုပ္ေဆာင္ေနရာ နစကအႀကီးအကဲရဲ႕အိမ္မက္မ်ားဟာ မၾကာမီအမွန္တကယ္လက္ေတြ႕ျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ဂ်ပန္သတင္းဌာနမွာေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္တာဝန္ရွိသူမ်ားက "နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္ဟာ သမၼတအျဖစ္ တာဝန္ယူဖို႔ ရည္႐ြယ္ခ်က္ နဲ႔ အိမ္မက္ရွိေနသူျဖစ္ပါတယ္။သမၼတအျဖစ္တာဝန္ယူခြင့္ရဖို႔ ျဖစ္ေအာင္လုပ္ဖြယ္ရွိေနတယ္"လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ႕ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပည္သူ႔လႊတ္ေတာ္ နဲ႔အမ်ိဳးသားလႊတ္ ေတာ္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက သမၼတကိုေ႐ြးခ်ယ္ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ လာမယ့္ေ႐ြးေကာက္ပြဲအၿပီးမွာ လႊတ္ေတာ္အတြင္း စစ္တပ္ကခန႔္ထားတဲ့ကိုယ္စားလွယ္ေတြ နဲ႔ စစ္တပ္က ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ျပည္ခိုင္ၿဖိဳးပါတီရဲ႕လြတ္ေတာ္ကိုယ္စားလွယ္မ်ား ေထာက္ခံမဲအမ်ားစု ရရွိခဲ့မယ္ဆိုရင္ နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ သမၼတအျဖစ္တာဝန္ယူခြင့္ရဖို႔အလားလာမ်ားေနတယ္လို႔ သတင္းမွာေဖာ္ျပထားတာကိုေတြ႕ရပါတယ္။

ေ႐ြးေကာက္ပြဲႀကိဳတင္ျပင္ဆင္မႈအျဖစ္ ျပည္ခိုင္ၿဖိဳးပါတီဟာ နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ ညာလက္႐ုံးတစ္ဦးျဖစ္တဲ့ ဦးခင္ရီကို ပါတီဥကၠ႒အသစ္အျဖစ္ ေအာက္တိုဘာလအေစာပိုင္းက ေ႐ြးခ်ယ္ခဲ့ၿပီးလည္းျဖစ္ပါတယ္။ ဦးခင္ရီက "ကြၽန္ေတာ္တို႔ ပါတီဟာ ခိုင္မာတဲ့အင္စတီးက်ဴးတစ္ခုျဖစ္ေအာင္ ႀကိဳးပမ္းဖို႔ လိုအပ္ပါတယ္။ ဒါဟာ အဓိက အေရးႀကီးတယ္။ ကြၽန္ေတာ္တို႔ပါတီဟာ ပါတီဝင္အေရအတြက္၊ အားေပးေထာက္ခံသူအေရအတြက္ ပိုမိုတိုးလာေအာင္ အရာရာတိုင္းႀကိဳးပမ္းလုပ္ေဆာင္ရမယ္"လို႔ေျပာပါတယ္။ ဦးခင္ရီဟာ စစ္တပ္အရာရွိေဟာင္းတစ္ဦးျဖစ္သလို ရဲခ်ဳပ္ေဟာင္းအျဖစ္လည္း တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီဟာ ၿပီးခဲ့တဲ့ေနာက္ဆုံး ေ႐ြးေကာက္ပြဲ ႏွစ္ခုမွာအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကို ရႈံးနိမ့္ခဲ့ပါတယ္။ ျမန္မာစစ္တပ္ဟာ ေ႐ြးေကာက္ပြဲမွာ အကူအ ညီျဖစ္ေစဖို႔ နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ လက္ရွိအခ်ိန္မွာအၿငိမ္းစားယူထားတဲ့ အရာရွိေဟာင္းအမ်ားအျပားကို ျပည္ခိုင္ၿဖိဳးပါတီအတြင္း အစားထိုးဖို႔ စီစဥ္လ်က္ရွိေနေၾကာင္း ဂ်ပန္သတင္းဌာနကေဖာ္ျပထားပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီနဲ႔ နီးစပ္တဲ့သတင္းအရင္းျမစ္က " ကြၽန္ေတာ္တို႔ဟာ ပါတီကို စစ္အရာရွိေတြနဲ႔အစားထိုးဖို႔ စဥ္းစားေနတယ္"လို႔ေျပာပါတယ္။ နစကဟာ လက္ရွိအခ်ိန္မွာ ဒီမိုကေရစီအေရးလႈပ္ရွားသူမ်ားကို ဖိအားေပးမႈမ်ား လုပ္ေဆာင္ေနသလို ေ႐ြးေကာက္ပြဲကိုတရားဝင္မႈရွိေစဖို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကိုဖ်က္သိမ္းဖို႔ ဆုံးျဖတ္ျခင္းမ်ားလည္းမရွိေသးေၾကာင္း သတင္းမွာေဖာ္ျပထားပါတယ္။

Picture

Htun Aung Kyaw

29/10/2022 19:26

Mg Thetlin ကျနော်လဲ အဲ့ဒါတွေးမိတယ်ဗျ၊ ဒါမယ့် ကာချုပ်က သမ္မတလုပ်ဖို့ တပ်ရာထူးကနေ ပင်စင်ယူလိုက်ရင် ဒုချုပ်သာ ကာချုပ်ဖြစ်လာရင် ခုဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ပိုပီး ဖိဖိစီးစီးနဲ့ ကိုယ်တွယ်လာမလားလို့ တွေးမိတယ်

Picture

Nwe Nwe

29/10/2022 19:29

ကာချုပ္ကိုသမၼတမလုပ္ေစချင္ဘူး

Picture

Pyinnyar Nanda

29/10/2022 19:10

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 👍👍👍👍👍👍👍👍👍👍 🤝🤝🤝🤝🤝🤝🤝🤝🤝🤝 😎😎😎😎😎😎😎😎😎😎

Picture

MgThetlin

29/10/2022 18:48

ကာချုပ်ကိုသမတလုပ်မယ်စိုရင်မကောင်းဘူးလို့ထင်တယ်သူကလူကောင်းပါဒါပေမယ်သူကိုနာမည်ပျက်အောင်လုပ်ထားတာသူကိုပြည်သူတွေလေးစားမှာမဟုတ်ဘူး

Picture

C Thu Tun

29/10/2022 19:24

သမ္မတ ဆိုတာ ပါတီ အသင်းအဖွဲ့တစ်ခုက ဆင်းသက်လာရတယ် မဟုတ်လား. သိပ်​တော့နားမလည်လို့ပါ. ဗခမက မင်း​အောင်လှိုင်အ​နေနဲ့ ဘယ်ပါတီမှ ကိုယ်စားမပြုထားတဲ့ အတွက် ဘယ်လိုမျိုး သမ္မတ ဖြစ်လာမယ့် လမ်း​ကြောင်းရှိလာနိုင်မှာလဲ. သိပါရ​စေ. သူက ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့ပြီးရင်ကို ဘာဆက်ဖြစ်မလဲသိချင်​နေတာ.

Related news

© 2021. All rights reserved.