စာသင်ကျောင်းတစ်ကျောင်းအား မီးပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးမှု ရေတာရှည်မြို့နယ်တွင်ဖြစ်ပွား

 749

NP News - အောက်တိုဘာ ၃ဝ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းအား မီးပုလင်းများဖြင့် ပစ်ပေါက်ခံရမှုဖြစ်ပွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ အောက်တိုဘာလ(၂၉)ရက်ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၂၈)ရက်၊ ည(၇)နာရီခွဲအချိန်တွင် ပဲခူးတိုင်း၊ ရေတာ ရှည်မြို့နယ်၊ တခွဲကြဲကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲအား အ ကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်၍မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ် ကြောင်း နစကမှ သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၃၅) မိနစ်ခန့်အကြာတွင် မီးငြိမ်းခဲ့ကြောင်း နစကမှဆိုသည်။

မီးလောင်ပျက်စီးမှုကြောင့် ကျောင်းအတွင်းရှိ Grade-1၊ Grade-2၊ Grade-5 စာသင် ခန်း (၃)ခန်း၊ ကျောင်းအုပ်ကြီးရုံးခန်း (၁)ခန်းနှင့် အဆိုပါအခန်းများအတွင်းထားရှိသော သင်ထောက်ကူပစ္စည်းများဖြစ်သည့် စာရေးခုံ(၂၅)လုံး၊ ထိုင်ခုံ(၂၅)လုံး၊ ဘီရို(၃)လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှသိရသည်။

ထိုသို့ စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
စာသင္ေက်ာင္းတစ္ေက်ာင္းအား မီးပုလင္းမ်ားျဖင့္ ပစ္ေပါက္၍ မီးရႈိ႕ဖ်က္ဆီးမႈ ေရတာရွည္ၿမိဳ႕နယ္တြင္ျဖစ္ပြား
NP News - ေအာက္တိုဘာ ၃ဝ

ပဲခူးတိုင္း၊ ေရတာရွည္ၿမိဳ႕နယ္ရွိ စာသင္ေက်ာင္းတစ္ေက်ာင္းအား မီးပုလင္းမ်ားျဖင့္ ပစ္ေပါက္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ေအာက္တိုဘာလ(၂၉)ရက္ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ(၂၈)ရက္၊ ည(၇)နာရီခြဲအခ်ိန္တြင္ ပဲခူးတိုင္း၊ ေရတာ ရွည္ၿမိဳ႕နယ္၊ တခြဲႀကဲေက်း႐ြာရွိ အေျခခံပညာ အလယ္တန္းေက်ာင္းခြဲအား အ ၾကမ္းဖက္သမားမ်ားက မီးပုလင္းမ်ားျဖင့္ ပစ္ေပါက္၍မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ ေၾကာင္း နစကမွ သိရသည္။

ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ မီးျငႇိမ္းသတ္ယာဥ္မ်ားျဖင့္ သြားေရာက္ျငႇိမ္းသတ္ခဲ့ရာ (၃၅) မိနစ္ခန႔္အၾကာတြင္ မီးၿငိမ္းခဲ့ေၾကာင္း နစကမွဆိုသည္။

မီးေလာင္ပ်က္စီးမႈေၾကာင့္ ေက်ာင္းအတြင္းရွိ Grade-1၊ Grade-2၊ Grade-5 စာသင္ ခန္း (၃)ခန္း၊ ေက်ာင္းအုပ္ႀကီး႐ုံးခန္း (၁)ခန္းႏွင့္ အဆိုပါအခန္းမ်ားအတြင္းထားရွိေသာ သင္ေထာက္ကူပစၥည္းမ်ားျဖစ္သည့္ စာေရးခုံ(၂၅)လုံး၊ ထိုင္ခုံ(၂၅)လုံး၊ ဘီ႐ို(၃)လုံးႏွင့္ ႐ုံးသုံးစာ႐ြက္စာတမ္းမ်ား မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစကမွသိရသည္။

ထိုသို႔ စာသင္ေက်ာင္းအား မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္မ်ားအား ေဖာ္ထုတ္ဖမ္းဆီးရရွိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.