(၄၄)ကြိမ် အောင်ဘာလေထီဖွင့်ပွဲ၌ ကျပ်သိန်းတစ်ထောင်ဆု ပြန်လည်ပါဝင်လာပြီး ထီရောင်းရငွေ ကျပ်သန်း (၃၇ဝဝ)ကျော်ရှိလာ

 1267

မျိုးကြီး (NP News) - အောက်တိုဘာ ၃၁

(၄၄)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ၌ ကျပ်သိန်းတစ်ထောင်ဆု ပြန်လည်ပါ ဝင်လာပြီး စုစုပေါင်းထီရောင်းချငွေမှာ ကျပ်သန်း (၃၇ဝဝ)ကျော်အထိ ရှိလာကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

မနက်ဖြန် (နိုဝင်ဘာလ ၁ ရက်)တွင် ကျင်းပမည့် (၄၄)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို "က" အက္ခရာမှ "ည"အက္ခရာ အထိ စုစုပေါင်း အက္ခရာ(၁ဝ)လုံး၌ ထီစာအုပ် (၃၇၇၈၇ဝ)အုပ် ရောင်းချခဲ့ရပြီး ထီရောင်းရငွေမှာ ငွေကျပ်သန်း ၃၇၇၈ ဒသမ ၇ သန်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထီရောင်းရငွေ ကျပ်သန်း ၃၇ဝဝ ကျော်အနက် ၎င်း၏ ၇ဝ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း ၂၆ဝဝ ကျော်ကို ထီဆုငွေများအဖြစ် ပြန်လည်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ဆိုထားသည်။

ပြီးခဲ့သော (၄၃)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ပုံမှန်ပေးနေသည့် ကျပ်သိန်းတစ်ထောင် အထူးဆုမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ အက္ခရာနှင့် ရှေ့ဂဏန်းတစ်လုံးတူ ကျပ်တစ်သောင်းဆုများသာ တိုးမြှင့်ချီးမြှင့်ခဲ့ကြောင်း တွေ့ရသည်။

လက်ရှိတွင် မနက်ဖြန် ကျင်းပမည့် အောင်ဘာလေထီဖွင့်ပွဲ၌ ကျပ်သိန်းတစ်ထောင် အထူးဆု ပြန်လည်ပါဝင်လာခဲ့ပြီး အမြင့်ဆုံးအထူးဆုအနေဖြင့် ကျပ်သိန်းငါးထောင်သာ ဆက်လက်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက် ပိုင်းတွင် မြန်မာ့အောင်ဘာလေထီ၏ အမြင့်ဆုံးဆုကြီးဖြစ်ခဲ့သော ကျပ်သိန်းတစ်သောင်းခွဲ အထူးဆုကို လက်ရှိအခြေအနေ၌ ပြန်လည်ထည့်သွင်းချီးမြှင့်နိုင်ခြင်း မရှိ သေးပေ။

zawgyi version
(၄၄)ႀကိမ္ ေအာင္ဘာေလထီဖြင့္ပြဲ၌ က်ပ္သိန္းတစ္ေထာင္ဆု ျပန္လည္ပါဝင္လာၿပီး ထီေရာင္းရေငြ က်ပ္သန္း (၃၇ဝဝ)ေက်ာ္ရွိလာ
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၃၁

(၄၄)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲ၌ က်ပ္သိန္းတစ္ေထာင္ဆု ျပန္လည္ပါ ဝင္လာၿပီး စုစုေပါင္းထီေရာင္းခ်ေငြမွာ က်ပ္သန္း (၃၇ဝဝ)ေက်ာ္အထိ ရွိလာေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲမွ သိရသည္။

မနက္ျဖန္ (ႏိုဝင္ဘာလ ၁ ရက္)တြင္ က်င္းပမည့္ (၄၄)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲအတြက္ ထီလက္မွတ္မ်ားကို "က" အကၡရာမွ "ည"အကၡရာ အထိ စုစုေပါင္း အကၡရာ(၁ဝ)လုံး၌ ထီစာအုပ္ (၃၇၇၈၇ဝ)အုပ္ ေရာင္းခ်ခဲ့ရၿပီး ထီေရာင္းရေငြမွာ ေငြက်ပ္သန္း ၃၇၇၈ ဒသမ ၇ သန္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ထီေရာင္းရေငြ က်ပ္သန္း ၃၇ဝဝ ေက်ာ္အနက္ ၎၏ ၇ဝ ရာခိုင္ႏႈန္းျဖစ္ေသာ က်ပ္သန္း ၂၆ဝဝ ေက်ာ္ကို ထီဆုေငြမ်ားအျဖစ္ ျပန္လည္ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲက ဆိုထားသည္။

ၿပီးခဲ့ေသာ (၄၃)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲတြင္ ပုံမွန္ေပးေနသည့္ က်ပ္သိန္းတစ္ေထာင္ အထူးဆုမွာ ပါဝင္ခဲ့ျခင္းမရွိဘဲ အကၡရာႏွင့္ ေရွ႕ဂဏန္းတစ္လုံးတူ က်ပ္တစ္ေသာင္းဆုမ်ားသာ တိုးျမႇင့္ခ်ီးျမႇင့္ခဲ့ေၾကာင္း ေတြ႕ရသည္။

လက္ရွိတြင္ မနက္ျဖန္ က်င္းပမည့္ ေအာင္ဘာေလထီဖြင့္ပြဲ၌ က်ပ္သိန္းတစ္ေထာင္ အထူးဆု ျပန္လည္ပါဝင္လာခဲ့ၿပီး အျမင့္ဆုံးအထူးဆုအေနျဖင့္ က်ပ္သိန္းငါးေထာင္သာ ဆက္လက္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ ပိုင္းတြင္ ျမန္မာ့ေအာင္ဘာေလထီ၏ အျမင့္ဆုံးဆုႀကီးျဖစ္ခဲ့ေသာ က်ပ္သိန္းတစ္ေသာင္းခြဲ အထူးဆုကို လက္ရွိအေျခအေန၌ ျပန္လည္ထည့္သြင္းခ်ီးျမႇင့္ႏိုင္ျခင္း မရွိ ေသးေပ။

Related news

© 2021. All rights reserved.