ABSDF အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူအပေါ်ရပ်တည် ကြိုးပမ်းသွားမည်ဟု ယုံကြည်ကြောင်း PPST ဆို

 845

မျိုးကြီး (NP News) - အောက်တိုဘာ ၃၁

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူများအပေါ် ရပ်တည်ကြိုးပမ်းသွားမည်ဟု ယုံကြည်ကြောင်း PPST က ပြောဆိုထားသည်။

နိုဝင်ဘာလ (၁)ရက်တွင် ကျရောက်မည့် ABSDF ဖွဲ့စည်းတည်ထောင်ခြင်း(၃၄)နှစ်ပြည့် အခမ်းအနားသို့ NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က သဝဏ်လွှားပေးပို့ရာတွင် အထက်ပါကဲ့ ထည့် သွင်း ပြောဆိုထားခြင်းဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံမှ မွေးဖွားလာခဲ့သော ABSDF သည် တိုင်းပြည်၏ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် ကြိုးပမ်းခဲ့၊ ကြိုးပမ်းနေ ဆဲဖြစ်သည်ကို သမိုင်းက သက်သေခံလျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထား သည်။

ABSDF အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေးစသည့်မူများအပေါ် ခိုင်မာစွာ ရပ် တည်သွားမည်ဟု ယုံကြည်ကြောင်း PPST က ဆိုသည်။

ထိုသို့ရပ်တည်ကာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဘဝတူညီနောင် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်လက်တွဲပြီး ဆက်လက်ကြိုး ပမ်းမည်ဟု ယုံကြည်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ABSDF အဖွဲ့သည် လက်ရှိနစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း ကြေ ညာခဲ့သော အဖွဲ့အစည်းလည်း ဖြစ်သည်။

zawgyi version
ABSDF အေနျဖင့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းေရးမူအေပၚရပ္တည္ ႀကိဳးပမ္းသြားမည္ဟု ယုံၾကည္ေၾကာင္း PPST ဆို
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၃၁

ျမန္မာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး(ABSDF)အေနျဖင့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းေရးမူမ်ားအေပၚ ရပ္တည္ႀကိဳးပမ္းသြားမည္ဟု ယုံၾကည္ေၾကာင္း PPST က ေျပာဆိုထားသည္။

ႏိုဝင္ဘာလ (၁)ရက္တြင္ က်ေရာက္မည့္ ABSDF ဖြဲ႕စည္းတည္ေထာင္ျခင္း(၃၄)ႏွစ္ျပည့္ အခမ္းအနားသို႔ NCA ထိုးထားေသာ လက္နက္ကိုင္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕(PPST)က သဝဏ္လႊားေပးပို႔ရာတြင္ အထက္ပါကဲ့ ထည့္ သြင္း ေျပာဆိုထားျခင္းျဖစ္သည္။

ရွစ္ေလးလုံးအေရးေတာ္ပုံမွ ေမြးဖြားလာခဲ့ေသာ ABSDF သည္ တိုင္းျပည္၏ ဒီမိုကေရစီႏွင့္လူ႔အခြင့္အေရး၊ အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုေပၚထြန္းေရးတို႔အတြက္ ႀကိဳးပမ္းခဲ့၊ ႀကိဳးပမ္းေန ဆဲျဖစ္သည္ကို သမိုင္းက သက္ေသခံလ်က္ရွိေၾကာင္း သဝဏ္လႊာတြင္ ေဖာ္ျပထား သည္။

ABSDF အေနျဖင့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းေရး၊ သက္ဆိုင္သူအားလုံးပါဝင္သည့္ အဓိပၸါယ္ျပည့္ဝေသာ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ား ျဖစ္ေျမာက္ေရးႏွင့္ အရပ္သားမ်ားကို အကာအကြယ္ေပးေရးစသည့္မူမ်ားအေပၚ ခိုင္မာစြာ ရပ္ တည္သြားမည္ဟု ယုံၾကည္ေၾကာင္း PPST က ဆိုသည္။

ထိုသို႔ရပ္တည္ကာ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိေရးႏွင့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရးအတြက္ ဘဝတူညီေနာင္ တိုင္းရင္း သား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားႏွင့္လက္တြဲၿပီး ဆက္လက္ႀကိဳး ပမ္းမည္ဟု ယုံၾကည္ေၾကာင္း သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။

ABSDF အဖြဲ႕သည္ လက္ရွိနစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဖိတ္ေခၚခဲ့ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ တက္ေရာက္ႏိုင္မည္မဟုတ္ေၾကာင္း ေၾက ညာခဲ့ေသာ အဖြဲ႕အစည္းလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.