ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အလုပ်ကမ်းလှမ်းစာ(၁၈ဝ)ခုအရ မြန်မာအလုပ်သမား (၇ဝဝ)နီးပါးကို ခေါ်ယူသွားမည်

 591

ယွန်း (NP News) - အောက်တိုဘာ ၃၁

နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ(၁၈ဝ)ခုအရ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာအလုပ်သမား (၇ဝဝ)နီးပါးကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ယနေ့(အောက်တိုဘာလ ၃၁ ရက်)၊ နေ့လယ်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန် ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို အချိန်နှင့်တပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ခြင်း ရှိ/မရှိ စာရွက်စာတမ်း အ ထောက်အထားများ စိစစ်ပြီးစိစစ်တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင် သံရုံးမှဆိုသည်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂ဝ၂၂)ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်မှ(၃၁)ရက်အထိစိစစ်ပြီး အလုပ်ကမ်းလှမ်းစာ(၁၈ဝ)ခုအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန် ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ(၁၈ဝ)ခုအရ ဂျပန်နိုင်ငံရှိကုမ္ပဏီများမှ မြန်မာအမျိုး သမီး(၃၈၈)ဦးနှင့် မြန်မာအမျိုးသား(၃ဝ၅) ဦး စုစုပေါင်း(၆၉၃)ဦးအား ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန်ခေါ်ယူသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ အလုပ္ကမ္းလွမ္းစာ(၁၈ဝ)ခုအရ ျမန္မာအလုပ္သမား (၇ဝဝ)နီးပါးကို ေခၚယူသြားမည္
ယြန္း (NP News) - ေအာက္တိုဘာ ၃၁

ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေပးပို႔လာသည့္ အလုပ္ကမ္းလွမ္းစာ(၁၈ဝ)ခုအရ ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ႏိုင္ရန္ ျမန္မာအလုပ္သမား (၇ဝဝ)နီးပါးကို ေခၚယူသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ေအာက္တိုဘာလ ၃၁ ရက္)၊ ေန႔လယ္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးအေနျဖင့္ အလုပ္သမားဝန္ႀကီးဌာနက ႏိုင္ငံျခားေရးဝန္ ႀကီးဌာနမွတစ္ဆင့္ ေပးပို႔လာသည့္ အလုပ္ကမ္းလွမ္းစာမ်ားကို အခ်ိန္ႏွင့္တေျပးညီ စိစစ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ျပင္ အလုပ္သမားႀကီးၾကပ္ေရးကုမၸဏီႏွင့္ အလုပ္ေခၚယူသည့္ စက္႐ုံ၊ ကုမၸဏီမ်ားသည္ ဂ်ပန္ႏိုင္ငံတြင္ တရားဝင္တည္ေထာင္ျခင္း ရွိ/မရွိ စာ႐ြက္စာတမ္း အ ေထာက္အထားမ်ား စိစစ္ၿပီးစိစစ္ေတြ႕ရွိခ်က္မ်ားႏွင့္ သေဘာထားမွတ္ခ်က္မ်ားကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔လ်က္ရွိေၾကာင္ သံ႐ုံးမွဆိုသည္။

ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕မွ (၂ဝ၂၂)ခုႏွစ္၊ ေအာက္တိုဘာလ(၁၇)ရက္မွ(၃၁)ရက္အထိစိစစ္ၿပီး အလုပ္ကမ္းလွမ္းစာ(၁၈ဝ)ခုအား ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ေပးပို႔ျပန္ ၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ အလုပ္ကမ္းလွမ္းစာ(၁၈ဝ)ခုအရ ဂ်ပန္ႏိုင္ငံရွိကုမၸဏီမ်ားမွ ျမန္မာအမ်ိဳး သမီး(၃၈၈)ဦးႏွင့္ ျမန္မာအမ်ိဳးသား(၃ဝ၅) ဦး စုစုေပါင္း(၆၉၃)ဦးအား ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ႏိုင္ရန္ေခၚယူသြားမည္ျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.