အောက်တိုဘာလအတွင်း ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာ (၈၅ဝဝ)ကျော်ရှိခဲ့ပြီး ရောဂါဖြစ်ပွားမှု တဖြည်းဖြည်းလျော့ကျလာ

 279

ယွန်း (NP News) - နိုဝင်ဘာ ၃

ပြီးခဲ့သည့် အောက်တိုဘာလတွင် ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာသစ်(၈၅ဝဝ) ကျော်အထိရှိခဲ့ပြီး ရောဂါဖြစ်ပွားမှု တဖြည်းဖြည်းလျော့ကျလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ဇန်နဝါရီလ(၂၈)ရက်မှ အောက်တိုဘာလ(၁၅)ရက်အထိ တွေ့ရှိသော ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူများတွင် ရောဂါဖြစ်ပွားသူများ၏ (၉ဝ ဒသမ ၄)ရာခိုင်နှုန်းနှင့် သေဆုံးသူများ၏ (၈ဝ ဒသမ ၉)ရာခိုင်နှုန်းမှာ ကာ ကွယ်ဆေးလုံးဝမထိုးသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးထားခြင်းမရှိကြောင်း အချက်အလက်များအရ သိရသည်။

အောက်တိုဘာလအတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၈၅၅ဝ)ဦးရှိခဲ့ပြီး တစ်လအ တွင်းသေဆုံးသူဦးရေ (၂၃)ဦးရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၃၁)ရက်တွင် ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် (၉၁)ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁ ဒသမ ဝ၃) ရာခိုင်နှုန်းရှိခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသက်(၅)နှစ်နှင့်အထက် ပြည်သူများကို အခမဲ့ ကာကွယ်ဆေးထိုးနှံပေးနေသည့်အပြင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများကိုလည်း ထပ်ဆောင်းကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါအား ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၅၉ဝ)အထိရှိခဲ့ပြီး သေဆုံးသူ(၂ဝ)ဦးအထိရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်သည့်အတွက်လည်း ထုတ်ပြန်ထားသည့် ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျော့ပေးမည့်ကိစ္စရပ်များမပါ)အား ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားကြောင်းလည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီမှ အသိပေးကြေညာထားသည်။

zawgyi version
ေအာက္တိုဘာလအတြင္း ကိုဗစ္(၁၉)ေရာဂါ အတည္ျပဳလူနာ (၈၅ဝဝ)ေက်ာ္ရွိခဲ့ၿပီး ေရာဂါျဖစ္ပြားမႈ တျဖည္းျဖည္းေလ်ာ့က်လာ
ယြန္း (NP News) - ႏိုဝင္ဘာ ၃

ၿပီးခဲ့သည့္ ေအာက္တိုဘာလတြင္ ကိုဗစ္(၁၉)ေရာဂါ အတည္ျပဳလူနာသစ္(၈၅ဝဝ) ေက်ာ္အထိရွိခဲ့ၿပီး ေရာဂါျဖစ္ပြားမႈ တျဖည္းျဖည္းေလ်ာ့က်လာေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံတြင္ ဇန္နဝါရီလ(၂၈)ရက္မွ ေအာက္တိုဘာလ(၁၅)ရက္အထိ ေတြ႕ရွိေသာ ကိုဗစ္-၁၉ေရာဂါျဖစ္ပြားသူႏွင့္ ေသဆုံးသူမ်ားတြင္ ေရာဂါျဖစ္ပြားသူမ်ား၏ (၉ဝ ဒသမ ၄)ရာခိုင္ႏႈန္းႏွင့္ ေသဆုံးသူမ်ား၏ (၈ဝ ဒသမ ၉)ရာခိုင္ႏႈန္းမွာ ကာ ကြယ္ေဆးလုံးဝမထိုးသူမ်ားႏွင့္ ကာကြယ္ေဆးအႀကိမ္ျပည့္ ထိုးထားျခင္းမရွိေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

ေအာက္တိုဘာလအတြင္း ကိုဗစ္အတည္ျပဳလူနာသစ္ (၈၅၅ဝ)ဦးရွိခဲ့ၿပီး တစ္လအ တြင္းေသဆုံးသူဦးေရ (၂၃)ဦးရွိခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၃၁)ရက္တြင္ ကိုဗစ္(၁၉)ေရာဂါႏွင့္ပတ္သက္၍ ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာသစ္ (၉၁)ဦးရွိခဲ့ၿပီး ေရာဂါပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းမွာ (၁ ဒသမ ဝ၃) ရာခိုင္ႏႈန္းရွိခဲ့သည္။

က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ အသက္(၅)ႏွစ္ႏွင့္အထက္ ျပည္သူမ်ားကို အခမဲ့ ကာကြယ္ေဆးထိုးႏွံေပးေနသည့္အျပင္ အသက္(၁၈)ႏွစ္ႏွင့္ အထက္ျပည္သူမ်ားကိုလည္း ထပ္ေဆာင္းကာကြယ္ေဆးမ်ား အခမဲ့ထိုးႏွံေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံအတြင္း ကူးစက္ျဖစ္ပြားေနေသာ ကိုဗစ္-၁၉ေရာဂါအား ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလတြင္ ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၇၅၉ဝ)အထိရွိခဲ့ၿပီး ေသဆုံးသူ(၂ဝ)ဦးအထိရွိခဲ့သည္။

ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ပ်ံ႕ႏွံ႔မႈကို ဆက္လက္ထိန္းခ်ဳပ္ေဆာင္႐ြက္ရန္လိုအပ္သည့္အတြက္လည္း ထုတ္ျပန္ထားသည့္ ျပည္သူသို႔ပန္ၾကားခ်က္၊ အမိန႔္၊ အမိန႔္ေၾကာ္ျငာစာ၊ ၫႊန္ၾကားခ်က္မ်ား (ေျဖေလ်ာ့ေပးမည့္ကိစၥရပ္မ်ားမပါ)အား ၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၃ဝ ရက္အထိ ရက္တိုးျမႇင့္သတ္မွတ္ေဆာင္႐ြက္ထားေၾကာင္းလည္း ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဗဟို ေကာ္မတီမွ အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.