ကော့ကရိတ်မြို့နယ်တွင် ဘင်္ဂါလီ (၁ဝဝ)ကျော် ဖမ်းဆီးရမိ

 815

NP News - နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကား(၅)စီးဖြင့် လိုက်ပါလာသည့် အထောက်အထားမဲ့ ဘင်္ဂါလီ (၁ဝဝ)ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၂)ရက်၊ နေ့လည်(၃)နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က ကော့ကရိတ်မြို့၊ လှိုင်ဝတံတားတွင် သတင်းအရ စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှ မြဝတီမြို့ဘက်သို့ မောင်းနှင်လာကြသည့် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ စိန်နဂါး(၂)လမ်းတွင် နေထိုင်သူ ယာဉ်မောင်းကိုအောင်နိုင်မိုး မောင်းနှင်သည့် Tiger Hilux အမျိုးအစား မော်တော်ယာဉ်နှင့် ကော့ကရိတ်မြို့၊ ဝိဇ္ဇာကုန်းကျေးရွာတွင် နေထိုင်သူ ကိုစောဝါးထူး မောင်းနှင်သည့် Surf အမျိုးအစားမော်တော်ယာဉ် တို့အား စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဆိုသည်။

အလားတူ ဝေါလေမြို့၊ မြိုင်ကျေးရွာတွင် နေထိုင်သော ကိုစောလားထူး မောင်းနှင်သည့် မီစူဘီရှီ အမျိုးအစား မော်တော်ယာဉ် အပါအဝင် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သူ ကိုစောမျိုးကျော် မောင်းနှင်သည့် Hilux အမျိုးအစား မော်တော်ယာဉ်နှင့် မြဝတီမြို့၊ တောရကျောင်းလမ်း၊ အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သော ကိုညိုလင်းဦး မောင်းနှင်သည့် Surf အမျိုးအစား မော်တော်ယာဉ်တို့ကိုလည်း ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများပြုလုပ်ခဲ့သည့် အထက်ပါမော်တော်ယာဉ်(၅)စီးပေါ်တွင် စီးနင်းလိုက်ပါလာသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဖူးမာလီကျေးရွာတွင် နေထိုင်ကြသည့် အထောက်အထားမဲ့ ဘင်္ဂါလီ အမျိုးသား(၇၈)ဦးနှင့် အမျိုးသမီး(၂၃)ဦး စုစုပေါင်း(၁၀၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဆိုထားသည်။

၎င်းတို့၏ ပြောဆိုမှုအရ ရသေ့တောင်မြို့နယ်ရှိ ပွဲစား၏ ချိတ်ဆက်ပေးမှုဖြင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိသော ဘင်္ဂါလီ(၁ဝ၁)ဦး အပါအဝင် ယာဉ်မောင်း အမျိုး သား(၅)ဦးတို့အား ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားရှိပြီး ဘင်္ဂါလီများအား လူဝင်မှုကြီးကြပ် ရေးဥပဒေဖြင့် လည်းကောင်း၊ ယာဉ်မောင်းများအား ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၆၇)၊ ပို့/သွင်း-၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ သိရသည်။

zawgyi version
ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ ဘဂၤါလီ (၁ဝဝ)ေက်ာ္ ဖမ္းဆီးရမိ
NP News - ႏိုဝင္ဘာ ၃

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ ကား(၅)စီးျဖင့္ လိုက္ပါလာသည့္ အေထာက္အထားမဲ့ ဘဂၤါလီ (၁ဝဝ)ေက်ာ္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သက္ဆိုင္ရာနယ္ေျမရဲစခန္းမွ သိရသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၂)ရက္၊ ေန႔လည္(၃)နာရီခြဲအခ်ိန္တြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ေကာ့ကရိတ္ၿမိဳ႕၊ လႈိင္ဝတံတားတြင္ သတင္းအရ စစ္ေဆးရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ကရင္ျပည္နယ္၊ က်ဳံဒိုးၿမိဳ႕မွ ျမဝတီၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာၾကသည့္ ျမဝတီၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္၊ စိန္နဂါး(၂)လမ္းတြင္ ေနထိုင္သူ ယာဥ္ေမာင္းကိုေအာင္ႏိုင္မိုး ေမာင္းႏွင္သည့္ Tiger Hilux အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ႏွင့္ ေကာ့ကရိတ္ၿမိဳ႕၊ ဝိဇၨာကုန္းေက်း႐ြာတြင္ ေနထိုင္သူ ကိုေစာဝါးထူး ေမာင္းႏွင္သည့္ Surf အမ်ိဳးအစားေမာ္ေတာ္ယာဥ္ တို႔အား စစ္ေဆးရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သက္ဆိုင္ရာနယ္ေျမရဲစခန္းမွ ဆိုသည္။

အလားတူ ေဝါေလၿမိဳ႕၊ ၿမိဳင္ေက်း႐ြာတြင္ ေနထိုင္ေသာ ကိုေစာလားထူး ေမာင္းႏွင္သည့္ မီစူဘီရွီ အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ အပါအဝင္ ျမဝတီၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္တြင္ ေနထိုင္သူ ကိုေစာမ်ိဳးေက်ာ္ ေမာင္းႏွင္သည့္ Hilux အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ႏွင့္ ျမဝတီၿမိဳ႕၊ ေတာရေက်ာင္းလမ္း၊ အမွတ္(၄) ရပ္ကြက္တြင္ ေနထိုင္ေသာ ကိုညိဳလင္းဦး ေမာင္းႏွင္သည့္ Surf အမ်ိဳးအစား ေမာ္ေတာ္ယာဥ္တို႔ကိုလည္း ဆက္လက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့သည့္ အထက္ပါေမာ္ေတာ္ယာဥ္(၅)စီးေပၚတြင္ စီးနင္းလိုက္ပါလာသည့္ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ဖူးမာလီေက်း႐ြာတြင္ ေနထိုင္ၾကသည့္ အေထာက္အထားမဲ့ ဘဂၤါလီ အမ်ိဳးသား(၇၈)ဦးႏွင့္ အမ်ိဳးသမီး(၂၃)ဦး စုစုေပါင္း(၁၀၁)ဦးတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သက္ဆိုင္ရာနယ္ေျမရဲစခန္းမွ ဆိုထားသည္။

၎တို႔၏ ေျပာဆိုမႈအရ ရေသ့ေတာင္ၿမိဳ႕နယ္ရွိ ပြဲစား၏ ခ်ိတ္ဆက္ေပးမႈျဖင့္ မေလးရွားႏိုင္ငံသို႔ အလုပ္လုပ္ကိုင္ရန္ သြားေရာက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဖမ္းဆီးရမိေသာ ဘဂၤါလီ(၁ဝ၁)ဦး အပါအဝင္ ယာဥ္ေမာင္း အမ်ိဳး သား(၅)ဦးတို႔အား ေကာ့ကရိတ္ခ႐ိုင္ရဲတပ္ဖြဲ႕မွ ထိန္းသိမ္းထားရွိၿပီး ဘဂၤါလီမ်ားအား လူဝင္မႈႀကီးၾကပ္ ေရးဥပေဒျဖင့္ လည္းေကာင္း၊ ယာဥ္ေမာင္းမ်ားအား ရာဇသတ္ႀကီးဥပေဒပုဒ္မ(၃၆၇)၊ ပို႔/သြင္း-၈ ျဖင့္လည္းေကာင္း အမႈဖြင့္အေရးယူႏိုင္ရန္ စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သက္ဆိုင္ရာနယ္ေျမရဲစခန္းမွ သိရသည္။

Related news

© 2021. All rights reserved.