ရုရှားနိုင်ငံရှိ မြို့ကြီး ခြောက်မြို့ မှ မြန်မာနိုင်ငံကို တိုက်ရိုက်လည်ပတ်ဖို့ ခရီးစဉ်များရေးဆွဲလုပ်ဆောင်လျက်ရှိနေ

 1007

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃

ရုရှားခရီးသွားလုပ်ငန်းဖြစ်တဲ့ Yi-Lin Tourism က ရုရှားနိုင်ငံရှိ မြို့ကြီး ၆ မြို့မှ မြန်မာနိုင်ငံသို့ တိုက်ရိုက်လည်ပတ်ရန် ခရီးစဉ်များ ရေးဆွဲလုပ်ဆောင်လျက်ရှိနေကြောင်းသိရပါတယ်။

မြန်မာနိုင်ငံကို ရုရှားနိုင်ငံက လေကြောင်းတိုက်ရိုက်ပျံသန်းမယ့်နိုင်ငံများစာရင်းထဲ ထပ်မံထည့်သွင်းခဲ့ကြောင်း ရုရှားအခြေစိုက် TourDom.ru သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဆိုပါ ရုရှားခရီးသွားလုပ်ငန်း Yi-Lin Tourism ဟာ မြန်မာ Myanmar Airways International လေကြောင်းလိုင်းနဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ရုရှားနိုင်ငံမြို့တွေဖြစ်တဲ့ Novosibirsk ၊ Barnaul၊ Kemerovo ၊ Irkutsk ၊Chita နဲ့ Ulan-Ude မြို့တွေကနေ မြန်မာနိုင်ငံ မန္တလေးမြို့ကို လေကြောင်းတိုက်ရိုက်ပျံသန်းသွားမှာဖြစ်ပြီး တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ပတ်ကိုတစ်ကြိမ် ပျံသန်းပြေးဆွဲဖွယ်ရှိနေကြောင်းသိရပါတယ်။

Yi-Lin Tourism က "ကျွန်တော်တို့ဟာ ကမ်းခြေအပန်းဖြေအားလပ်ရက်ခရီးစဉ်အတွက် အဓိကထားတာပါ။ မြန်မာနိုင်ငံဟာ သမိုင်းကြောင်းဆိုင်ရာလေ့လာစရာများတဲ့နိုင်ငံဖြစ်ပြီး ခရီးသွားအများအပြားကို ဆွဲဆောင်မှုရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ စေတီပုထိုးတွေအများအပြားရှိနေသလို လေ့လာရေးခရီးထွက်လိုတဲ့သူတွေအတွက် သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံဖြစ်ပါတယ်" လို့ ပြောပါတယ်။

ရုရှားနဲ့ မြန်မာနိုင်ငံကြား လေကြောင်းတိုက်ရိုက်ပျံသန်းမှုတွေ လုပ်ဆောင်ဖို့ နှစ်နိုင်ငံအစိုးရကြား သဘောတူညီမှုများရရှိထားပြီး ရုရှားသံရုံးနဲ့ မြန်မာသံတမန်အသိုင်းအဝိုင်းကလည်း လေကြောင်း တိုက်ရိုက်ပျံသန်းမှုလုပ်ဆောင်မယ့်အကြောင်းအရင်းတွေကို ယခင်က ပြောခဲ့ဖူးပါတယ်။

ရုရှားဟာ မြန်မာနိုင်ငံကို မိတ်ဆွေပီသတဲ့နိုင်ငံများစာရင်းထဲ ထည့်သွင်းထားရာမြန်မာနိုင်ငံကို လေကြောင်းတိုက်ရိုက်ပျံသန်းမှုများ စတင်နိုင်တဲ့အကြောင်းအရင်းဖြစ်လျက်ရှိနေကြောင်း ရုရှားသတင်းဌာနက ဖော်ပြထားပါတယ်။

Zawgyi Version;







Picture

Kyaw Htay Lwin Lwin

03/11/2022 17:56

good news

Picture

Ko Moe

04/11/2022 03:19

မေတ္တာစိတ်ပြည့်ဝတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သားကောင်းများမှာ ကံဆိုးချင်သလောက်ဆိုးပါစေ အချိန်တစ်ခုလေးပါပဲ။ဘာသာရေးအရလဲ မြတ်တယ်။လူမျိူးရေးအရလဲဘမြတ်တယ်။ဘာသာပေါင်းစုံ ကိုးကွယ်ခွင့်ပေးထားပါတယ်။လူမျိူးပေါင်းစုံ ကောင်းမွန်စွာ ညီညွတ်စွာ သာယစွာ နေထိုင် လုပ်ကိုင် စားသောက်နေကြရပါတယ်။အဖျက်သမားဆိုတာက ိိ နိုင်ငံတော်တော်များများမှာ ရှိကြပါတယ်။အတ္တသမားတွေပေါ့ဗျာ။ဘယ်လို လူစားတွေလဲဆိုတော့ သူများ အပြစ်ကို လက်ညှိူးထိုး စကားနိုင်လု မရမက အပြစ်ကို ကြံဖန်ရှာပြီး ဒီလူတွေ မကောင်းလို့ ကျွန်တော်တို့က ဆင်းရဲရတာ ဒုက္ခတွေ့ရတာပါ သူတို့မတရားလို့ သူတို့ကို သတ်ရတာပါဆိုပြီး ပြည်ပနိုင်ငံတွေထံမှာ သူတောင်းစားလို ဖာခေါင်းလို လုပ်စားနေကြသူတွေဖြစ်ကြပါတယ်။ပြည်ပနိုင်ငံတွေကို ပြည်တွင်းရေး ပြဿနာ အကြောင်းပြ အကူအညီတောင်းစားနေတယ်ဆိုတာမျိူး တော်ရုံတန်ရုံ အောက်တန်းကျတဲ့ စိတ်မျိူးနဲ့ မလုပ်ရဲကြပါဘူး။သိက္ခာ မဲ့လွန်းတယ်လေ ကိုယ့်နိုင်ငံ မွဲကြောင်း တဖွဖွပြောရ တာ ဖင်လှန်ပြပြီး ပိုက်ဆံတောင်းနေကြရသလိုပါပဲ သူတို့ကတော့ လှန်ကြမှာ အမှန်ပါပဲ။မိမိနိုင်ငံက ခေါင်းဆောင်တွေကို မတော်တရော် ဆဲပြကြိမ်းမောင်းဆဲဆို ခိုင်းနှိူင်း အပိုတွေ မဟာတရားလုပ်ပြမှ သူများက သနားပြီး ဖင်လှန်ခိုင်းမှာကိုးဗျ။ဘယ်လောက်အောက်တန်းကျလိုက်သလဲ စဉ်းစားကြည့်ပါဗျာ။ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ မရိုးသားတာကြီးကို ရိုးသားပါတယ်ဆိုပြီး အတင်းငိုပြ အစိုးရမကောင်းကြောင်းတွေကို မဟုတ်မဟတ် အပိုတွေလုပ်ပြ ပြောပြပြီးမှ ရတဲ့ ထောက်ပံ့တွေ တွေနဲ့ နေထိုင်ခွင့် လက်မှတ်ရဖို့အရေး လုပ်ရက် ပြောရက်ကြတာဗျာ။နှိုင်းမကောင်းဘူး ဗျာ လူတစ်စုက ပါကင်ပိတ် သူတို့အပေါက်ကလေးကို ဈေးကောင်းပေးမယ်ပြော မညှာမတာ အုပ်စုလိုက် ဝိုင်းလုပ်လို့ ခံစားရတဲ့အပြင် အကြွေးပါလုပ်သွားခံရတဲ့ လေသံမျိူးနဲ့ ပြည်ပမှာ တောင်းစား လုပ်စားနေကြတာ မြင်မကောင်း ကြားမကောင်းပါဘူး။ဖာခေါင်းနဲ့ နှိူင်း အနှိူင်းခံရတဲ့ ဖာခေါင်းတို့ ဖသည်တို့သာ သိက္ခာ ထိခိုက်မှာ စိုးရိမ်လိမ့်အုံးမယ် မြန်မာပြည်က ပြည်ပအလှူခံအသားခံပြီး အစိုးရကို ဖင်လှန် နိုင်ငံနဲ့ပြည်သူကို ဆင်းရဲတွင်းနက်ထဲ ဇွတ်တွင်းချနေတဲ့ ဒီမိုအမည်ခံ ကွန်မြူနစ်အမည်ခံဘာသာရေးအမည်ခံ လူမျိူးရေး အမည်ခံ အုပ်စုတွေက ဖင်နဲ့မျက်နှာ မှားပြီး ကပ်ပါလာသလား မေးကြရပါလိမ့်မယ်ဗျာ။သူတောင်းစား ကများ သူတို့ကိုယ်သူတို့ နိုင်ငံရေးသမားတဲ့ ဗျာ🤣🤣🤣🤣🤣။ဒီလက်လက်ရှိပွဲမှာ သူတောင်းစားတွေ ချမ်းသာပြီး ကောင်းစားပြီး ဆယ်ကျော်သက်လူငယ်တွေကို သတ်ဖြတ်သေကြေစေတဲ့ ရှိပြီးသား လူသတ်ပွဲထဲကို ဇွတ်အတင်း စွဲသွင်းလိုက်ကြတဲ့ ပြည်ပက နေပြီး နေတိုးအဖွဲ့ကြီးလာနေပြီ အမေရိကန်သင်္ဘောကြီးက ဘယ်နားရောက်နေပြီ ဆိုတဲ့ သူတောင်းစားအုပ်စုကြောင့်ပါပဲဗျာ။ရေလယ်တော့ ရောက်ကုန်ကြပြီ ငြိမ်းချမ်းရေး ဝေးနေပါသေးလို့ စိတ်မကောင်းခြင်းများစွာဖြင့် မညှာ မတာ ဝေဖန်လိုက်ရပါတယ်ဗျာ

Picture

Bo Tho

04/11/2022 16:14

welcome ko moe

Related news

© 2021. All rights reserved.