ဘက်ပေါင်းစုံမှ ရန်လိုဖိအားပေးနေသည့်ကာလအတွင်း အသက်ပေးဆောင်ရွက်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်မည်

 882

NP News - နိုဝင်ဘာ ၄

ဘက်ပေါင်းစုံမှ ရန်လိုဖိအားပေးနေသည့်ကာလအတွင်း အသက်ပေးဆောင်ရွက်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ပြုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

နစကဒုဥက္ကဋ္ဌက နိုဝင်ဘာ ၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ၂ဝ၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတွက် ထူးကွဲစွာအကျိုးဆောင်သူများ၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် အသက်ခန္ဓာစွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်(၁၂)မျိုး ချီးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။

အဆိုပါ ဆုတံဆိပ်များကို ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်၊ စိန်ရတုလွတ်လပ်ရေးနေ့နှင့် ၎င်းနေ့မတိုင်မီ နေ့ရက်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာထုတ်ပြန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး ဝင်းက ဆိုသည်။

ထိုသို့ ဂုဏ်ပြုချီးမြှင့်ရာတွင် နိုင်ငံကို အဘက်ဘက်မှ ရန်လိုဖိအားပေးလုပ်နေသည့်ကာလအတွင်း နိုင်ငံ၏တာဝန်များကို ကျရာကဏ္ဍများမှ အသက်ပေးဆောင်ရွက်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ မကျန်ရှိစေရေးအတွက် စိစစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version;
ဘက္ေပါင္းစုံမွ ရန္လိုဖိအားေပးေနသည့္ကာလအတြင္း အသက္ေပးေဆာင္႐ြက္ခဲ့ၾကေသာ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ဂုဏ္ျပဳဆု တံဆိပ္မ်ား ခ်ီးျမႇင့္မည္
NP News - ႏိုဝင္ဘာ ၄

ဘက္ေပါင္းစုံမွ ရန္လိုဖိအားေပးေနသည့္ကာလအတြင္း အသက္ေပးေဆာင္႐ြက္ခဲ့ၾကေသာ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ဂုဏ္ျပဳတံဆိပ္မ်ား ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း နစကဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

နစကဒုဥကၠ႒က ႏိုဝင္ဘာ ၃ ရက္တြင္ ေနျပည္ေတာ္၌ ျပဳလုပ္ေသာ ၂ဝ၂၃ ခုႏွစ္အတြက္ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူး ေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းရန္ စိစစ္ေရးအဖြဲ႕အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္အတြက္ ထူးကြဲစြာအက်ိဳးေဆာင္သူမ်ား၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္တရားဥပေဒစိုးမိုးေရးတာဝန္မ်ား ထမ္းေဆာင္ရာတြင္ အသက္ခႏၶာစြန႔္လႊတ္ၿပီး တာဝန္ထမ္းေဆာင္ခဲ့ေသာ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားအပါအဝင္ ျပည္သူ႔ဝန္ထမ္းမ်ားကို ဂုဏ္ထူးေဆာင္ဘြဲ႕မ်ားႏွင့္ ဂုဏ္ထူးေဆာင္တံဆိပ္(၁၂)မ်ိဳး ခ်ီးျမႇင့္ႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိ ရသည္။

အဆိုပါ ဆုတံဆိပ္မ်ားကို ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ (၄)ရက္၊ စိန္ရတုလြတ္လပ္ေရးေန႔ႏွင့္ ၎ေန႔မတိုင္မီ ေန႔ရက္မ်ားတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက အမိန႔္ေၾကာ္ျငာစာထုတ္ျပန္ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုး ဝင္းက ဆိုသည္။

ထိုသို႔ ဂုဏ္ျပဳခ်ီးျမႇင့္ရာတြင္ ႏိုင္ငံကို အဘက္ဘက္မွ ရန္လိုဖိအားေပးလုပ္ေနသည့္ကာလအတြင္း ႏိုင္ငံ၏တာဝန္မ်ားကို က်ရာက႑မ်ားမွ အသက္ေပးေဆာင္႐ြက္ခဲ့ၾကေသာ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား မက်န္ရွိေစေရးအတြက္ စိစစ္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

Picture

Ko Moe

04/11/2022 12:21

အထက်ကရ ပေးပြစ်ကြသင့်ပါတယ်။တံဆိပ်ထက် မြင့်တဲ့ အရာတွေပါ ရကြသင့်ပါတယ်ဗျာ။ပြည်သူမှန်သမျှက သနားစရာ ဆိုပေမဲ့ လူသတ်သူတွေ နဲ့ မြှောက်ပေးတဲ့ သူတွေကို ပြည်သူရယ်လို့ သတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူးဗျာ။အဲဒီမှာ သေနတ်ကိုင်သူချင်း မျက်နှာချင်းဆိုင် တိုက်ခိုက်ကြသူတွေကို အရမ်းအပြစ်မတင်ချင်ပေမဲ့ အမျှော်အမြင်နဲ့ နိုင်ငံ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းကို မေ့သွားကြသူတွေနဲ့ ဘာမှ မသိကြပဲ အထင်လွှဲမှားခြင်းကို စုပ်စားမိကြသူတွေကိုတော့ သနားလည်းမရ ချော့ပြောလည်းမရ ရှင်းပြလည်း မရလို့ အရမ်းဝမ်းနည်း ဒေါသဖြစ်မိပါတယ်။တပ်က မမှားဘူးလို့ မြင်တဲ့ အမြင်ဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ရေတွက်ကြည့်ရင်း ပြည်ပရန်ကို အသေအချာ ကြည့်ရင်း နဲ့ အဖြေထွက်လာတာက တပ်မတော်သည်သာ အထင်ကရ ပြည်သူရဲ့ အားကိုးနိုင်တဲ့ အဖွဲ့အစည်းဆိုတာ လက်ခံခဲ့ရတာပါ။ပြည်ပကနေအလှူခံစားနေတဲ့ ကိုယ့်အိမ်ကိုယ် ပြန်ဖျက်ဆီးမှ သိက္ခာချကြရမှ ပြည်ပ ရန်သူတို့ရဲ့ ထောက်ပံ့ကြေးရ နေထိုင်ခွင့်ရမှာ ဖြစ်နေတာကို မြင်တွေ့ရတဲ့ အခါ အရမ်းအားနား သနားမိတာက တပ်မတော်ကိုပါပဲ။ကျွန်တော် 2020မှာ အနီကို အားပေးခဲ့သူ စစ်စစ်ပါ။တပ်မတော်သားတွေကို လက်စားချေနေကြတာလား လူမျိူးရေး လက်စားချေခြင်းလား နိုင်ငံကို ဖျက်ဆီးချင်တဲ့ သူတွေလား ဆိုတာက အစ တွေးတောစဉ်းစားရင်း တပ်မတော်ကို အံ့အားသင့်စွာ အားနာမိပါတယ်။အတွေးများနဲ့ နယ်ချဲ့ရင်း ပြည်သူစစ်စစ် အဖြူထည်လေးတွေကို ဝမ်းနည်းစွာ ကြည့်ရင်း တပ်မတော်ကို အားနာမိရင်း မိမိကိုယ်ကို ငါဘာကောင်လဲလို့ မေးရင်း ဘဝကို ရုန်းကန်ရင်း ဝမ်းနည်းစွာနဲ့ မြန်မာပြည်ကြီးကိုကြည့်ရင်း 😢😢😢😢😢။မှားယွင်းစွာ ကိုယ့်အိမ်ကို မဖျက်ဆီးမိကြပါနဲ့ ဟု ပြည်သူလူထုကြီးကို တောင်းပန်လိုက်ပါတယ်ဗျာ။ဦးအောင်သင်းက မင်းတို့သမိုင်းသိအောင်အရင်လုပ်ကြပါတဲ့ ငါထောင်ဆယ်နှစ် အနှစ်နှစ်ဆယ်ကြရင် ပြည်သူ့ခေါင်းဆောင် ဖြစ်ပြီလို့ ထင်နေကြတဲ့ လူငယ်တွေကို အရမ်းကို သနား စိတ်ပျက်မိကြောင်း မသေခင် အချိန်လေးက ပြောသွားခဲ့ပါတယ်နော် ပြည့်သူ့ လူငယ်များသို့👈👈👈👈🤑🤑🤑🤑😎😎😎😎

Picture

Htun Aung Kyaw

04/11/2022 14:19

ကောင်းတယ်ဗျာ ဖြစ်သင့်ပါတယ်။ တပ်မတော်နဲ့ ရဲ၀န်ထမ်းတွေ တင်မကပဲ တခြား ၀န်ထမ်းတွေလဲ အများကြီးရှိပါတယ်။ ဥပမာ ဆရာ၊ဆရာမတွေဆိုရင် CDM မလုပ်ပဲ ကိုယ့်တာ၀န်ကိုယ်ကျေပွန်တဲ့အတွက် ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ခံရ ခြောက်ခံရမှုတွေများစွာရှိတဲ့ကြားက အသက်ကိုပဓာနမထားပဲ ဆက်လက်လုပ်ကိုင်နေကြဆဲပါ။ တခြား တခြား တာ၀န်ကျေပွန်တဲ့ ၀န်ထမ်းဌာနတွေလဲ အများကြီးရှိပါတယ်။ ဥပမာ ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းတွေနဲ့ အုပ်ချုပ်ရေးယန္တားရားပိုင်းဆိုင်ရာ စသဖြင့်။ အုတ်ရောရောကျောက်ရောရော ဖရဲသီးတွေကိုတော့ ပြောကိုမပြောလိုပါ

Related news

© 2021. All rights reserved.