ရန်ကုန်အခြေစိုက် ဒလ PDF အဖွဲ့ဝင် (၂၁) ဦးအား ဖမ်းဆီးရမိဟု နစကထုတ်ပြန်

 2899

NP News - နိုဝင်ဘာ ၄

ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြပြီး ရွှေဆိုင်နှင့် ဘဏ်များအား ဓားပြတိုက်ရန်စီစဉ်လျက်ရှိသည့် ဒလ PDF အဖွဲ့ဝင်(၂၁) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် နိုဝင်ဘာ(၃)ရက်နေ့ ညပိုင်းတွင် အထက်ပါကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးမှုအရ ပြီးခဲ့သည့် အောက်တိုဘာ (၁၈)ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဓားပြတိုက်ခြင်းများ လုပ်ဆောင်နေသည့် ဒလ PDF အဖွဲ့မှ မအေးသီတာဝင်းအား ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ မဉ္ဇူလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သိရသည်။

ထို့နောက် မအေးသီတာဝင်း၏ ထွက်ဆိုချက်အရ ဒလ PDF အဖွဲ့ဝင် ကိုနိုင်လင်းအား ဒလမြို့နယ်၊ နှုတ်ခမ်းမွှေး သမ္ဗာန်ဆိပ်ရှိ ရေယာဉ်ပေါ်တွင် လည်းကောင်း၊ ကိုထက်လင်းဦးအား ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ သင်္ဘောကျင်း(၈)လမ်းရှိ နေအိမ်တွင် Luger ပစ္စတို (၁)လက်၊ SIGSAUER ပစ္စတို(၁)လက်၊ KUZEY ပစ္စတို(၂)လက်၊ ZORAKI ပစ္စတို(၁)လက်၊ ကျည်အိမ်(၇)ခု၊ ကျည်မျိုးစုံ(၇၃)တောင့်၊ လက်ပစ်ဗုံး(၆)လုံး၊ လက်လုပ်မိုင်း(၁)လုံး၊ အသံတိတ်ပြောင်း(၁)နှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း နစကမှဆိုသည်။

အလားတူူ ကိုဟိန်းထက်အား ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ မဉ္ဇူလမ်းတွင်လည်းကောင်း၊ ကိုထူးထက်အောင် အားတာမွေမြို့နယ်၊ တာမွေကြီး(က/ဂ)ရပ်ကွက် ၊ (၁၅၆)လမ်းတွင်လည်းကောင်း ထပ်မံဖမ်းဆီးရရှိခဲ့သည်။

ဖမ်းဆီးရမိခဲ့သူ ကိုထူးထက်အောင်၏ ထွက်ဆိုချက်အရ အောက်တိုဘာ(၁၉)ရက် နေ့လယ်ပိုင်းတွင် ကိုအောင်ကျော်ထက် အား ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၂၅)ရပ်ကွက်၊ ယုဇန(၄) လမ်း၌ SIGSAUER ပစ္စတို(၁)လက်၊ ကျည်အိမ်(၂)ခု၊ ကျည်မျိုးစုံ (၁၈)တောင့် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှဆိုသည်။

ထို့ပြင် အောက်တိုဘာ(၂ဝ)ရက် နံနက်ပိုင်းတွင် ကိုတင်အောင်လွင်၊ ဦးသန်း၊ ကိုကျော်ဇင်ထူးနှင့် မရွှေသဉ္ဇာဦးတို့ (၄)ဦးအား လှည်းကူးမြို့၊ အမှတ်(၃)လမ်းဆုံစစ်ဆေးရေးဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သိရသည်။

ထို့နောက်ကိုကျော်ဇင်ထူး၏ထွက်ဆိုချက်အရ အောက်တိုဘာ(၂၁)ရက် နံနက်ပိုင်းတွင် ကိုထက်အောင်လင်းအား ဘုရင့်နောင်ရပ်ကွက်၊ အောင်ဇေယျ(၆)လမ်းရှိ ၎င်း၏နေအိမ်တွင် (၉)မမ ကျည်(၂)တောင့်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

အောက်တိုဘာ(၂၂)ရက် နံနက်ပိုင်းတွင် ကိုမင်းမင်းဦးအား ဒလမြို့၊ ကျန်စစ်သားရပ်ကွက်၊ လမ်းသွယ်(၁)လမ်းတွင် လည်းကောင်း၊ မခိုင်ခိုင်ဝင်းနှင့် မသက်ဝါဦးတို့(၂)ဦးအား ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်းရှိ နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထပ်မံထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိခဲ့သူများ၏ထွက်ဆိုချက်အရ အောက်တိုဘာ(၂၂)ရက် ညနေပိုင်းတွင် ကိုဇင်မိုးဦး၊ ကိုတင်ဇော်သိန်း နှင့် ကိုအောင်ဇော်မျိုးတို့ (၃)ဦးအား ဘုရင့်နောင်ရပ်ကွက်တွင်လည်းကောင်း၊ ကိုဇော်ဝင်းအောင်အား ဒလမြို့နယ်၊ စက်မြေ ရပ်ကွက်၊ ဆရာစံလမ်းရှိ အိမ်အမှတ်(၆၄)တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ညပိုင်းတွင် ဖမ်းဆီးရန်ကျန်ရှိသည့် ကိုကြည်လွင်နေထိုင်သည့် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုတိသာလမ်းသွယ်(၁)ရှိ တိုက်အမှတ်(5/A)အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ RUGER SR-9 ပစ္စတို(၁) လက်၊ ကျည်အိမ် (၁)ခု၊ ၉ မမ ကျည် (၅)တောင့်၊ လက်ပစ်ဗုံး(၂)လုံး၊ ဒီတိုနေတာ (၃၀)ခု၊ ယမ်းမှုန့်(၁)ထုပ်၊ ဆားကစ်ပြား(၁) ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သူ ကိုတင်အောင်လွင်၏ ထွက်ဆိုချက်အရ အောက်တိုဘာ(၂၄)ရက် နံနက်ပိုင်းတွင် ကိုဝင်းမင်းထွန်းနှင့် ကိုစိုးမြတ်ဦး တို့(၂)ဦးအား မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှဆိုထားသည်။

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ဓားပြတိုက် လုယက်ခြင်းများ ဆောင်ရွက်ခဲ့သည့် အမျိုးသား(၁၇)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း(၂၁)ဦးအား ပစ္စတိုမျိုးစုံ(၇)လက်၊ ကျည်အိမ်(၁ဝ)ခု၊ ကျည်မျိုးစုံ(၉၈) တောင့်၊ လက်ပစ်ဗုံး(၈)လုံး၊ ဖောက်ခွဲရေးသုံးဒီရေတိုနေတာ(၃ဝ)ခု၊ ယမ်းမှုန့်(၁)ထုပ်၊ ဆားကစ်ပြား(၁)ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါ ဒလ PDF အဖွဲ့သည် အကြမ်းဖက်ဖောက်ခွဲမှု(၄)ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်မှု (၆)ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိခဲ့သူများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်းထိရောက်စွာအရေးယူနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား အမြန်ဆုံးဖမ်းဆီးရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ရန္ကုန္အေျခစိုက္ ဒလ PDF အဖြဲ႕ဝင္ (၂၁) ဦးအား ဖမ္းဆီးရမိဟု နစကထုတ္ျပန္
NP News - ႏိုဝင္ဘာ ၄

ရန္ကုန္တိုင္းအတြင္း အၾကမ္းဖက္သတ္ျဖတ္မႈမ်ား က်ဴးလြန္ခဲ့ၾကၿပီး ေ႐ႊဆိုင္ႏွင့္ ဘဏ္မ်ားအား ဓားျပတိုက္ရန္စီစဥ္လ်က္ရွိသည့္ ဒလ PDF အဖြဲ႕ဝင္(၂၁) ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၃)ရက္ေန႔ ညပိုင္းတြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ခဲ့ျခင္းျဖစ္ သည္။

အၾကမ္းဖက္မႈကိုမလိုလားသည့္ ျပည္သူမ်ား၏ သတင္းေပးမႈအရ ၿပီးခဲ့သည့္ ေအာက္တိုဘာ (၁၈)ရက္ေန႔ နံနက္ပိုင္း၌ ရန္ကုန္တိုင္းအတြင္း အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးျခင္း၊ လုပ္ႀကံသတ္ျဖတ္ျခင္းႏွင့္ ဓားျပတိုက္ျခင္းမ်ား လုပ္ေဆာင္ေနသည့္ ဒလ PDF အဖြဲ႕မွ မေအးသီတာဝင္းအား ဒလၿမိဳ႕နယ္၊ ကမာကဆစ္ရပ္ကြက္၊ မၪၨဴလမ္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သိရသည္။

ထို႔ေနာက္ မေအးသီတာဝင္း၏ ထြက္ဆိုခ်က္အရ ဒလ PDF အဖြဲ႕ဝင္ ကိုႏိုင္လင္းအား ဒလၿမိဳ႕နယ္၊ ႏႈတ္ခမ္းေမႊး သမၺာန္ဆိပ္ရွိ ေရယာဥ္ေပၚတြင္ လည္းေကာင္း၊ ကိုထက္လင္းဦးအား ေဒါပုံၿမိဳ႕နယ္၊ သေဘၤာက်င္းရပ္ကြက္၊ သေဘၤာက်င္း(၈)လမ္းရွိ ေနအိမ္တြင္ Luger ပစၥတို (၁)လက္၊ SIGSAUER ပစၥတို(၁)လက္၊ KUZEY ပစၥတို(၂)လက္၊ ZORAKI ပစၥတို(၁)လက္၊ က်ည္အိမ္(၇)ခု၊ က်ည္မ်ိဳးစုံ(၇၃)ေတာင့္၊ လက္ပစ္ဗုံး(၆)လုံး၊ လက္လုပ္မိုင္း(၁)လုံး၊ အသံတိတ္ေျပာင္း(၁)ႏွင့္ အတူဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွဆိုသည္။

အလားတူူ ကိုဟိန္းထက္အား ဒလၿမိဳ႕နယ္၊ ကမာကဆစ္ရပ္ကြက္၊ မၪၨဴလမ္းတြင္လည္းေကာင္း၊ ကိုထူးထက္ေအာင္ အားတာေမြၿမိဳ႕နယ္၊ တာေမြႀကီး(က/ဂ)ရပ္ကြက္ ၊ (၁၅၆)လမ္းတြင္လည္းေကာင္း ထပ္မံဖမ္းဆီးရရွိခဲ့သည္။

ဖမ္းဆီးရမိခဲ့သူ ကိုထူးထက္ေအာင္၏ ထြက္ဆိုခ်က္အရ ေအာက္တိုဘာ(၁၉)ရက္ ေန႔လယ္ပိုင္းတြင္ ကိုေအာင္ေက်ာ္ထက္ အား ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)၊ (၂၅)ရပ္ကြက္၊ ယုဇန(၄) လမ္း၌ SIGSAUER ပစၥတို(၁)လက္၊ က်ည္အိမ္(၂)ခု၊ က်ည္မ်ိဳးစုံ (၁၈)ေတာင့္ ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွဆိုသည္။

ထို႔ျပင္ ေအာက္တိုဘာ(၂ဝ)ရက္ နံနက္ပိုင္းတြင္ ကိုတင္ေအာင္လြင္၊ ဦးသန္း၊ ကိုေက်ာ္ဇင္ထူးႏွင့္ မေ႐ႊသၪၨာဦးတို႔ (၄)ဦးအား လွည္းကူးၿမိဳ႕၊ အမွတ္(၃)လမ္းဆုံစစ္ေဆးေရးဂိတ္တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သိရသည္။

ထို႔ေနာက္ကိုေက်ာ္ဇင္ထူး၏ထြက္ဆိုခ်က္အရ ေအာက္တိုဘာ(၂၁)ရက္ နံနက္ပိုင္းတြင္ ကိုထက္ေအာင္လင္းအား ဘုရင့္ေနာင္ရပ္ကြက္၊ ေအာင္ေဇယ်(၆)လမ္းရွိ ၎၏ေနအိမ္တြင္ (၉)မမ က်ည္(၂)ေတာင့္ႏွင့္လည္းေကာင္း ဖမ္းဆီးရမိခဲ့သည္။

ေအာက္တိုဘာ(၂၂)ရက္ နံနက္ပိုင္းတြင္ ကိုမင္းမင္းဦးအား ဒလၿမိဳ႕၊ က်န္စစ္သားရပ္ကြက္၊ လမ္းသြယ္(၁)လမ္းတြင္ လည္းေကာင္း၊ မခိုင္ခိုင္ဝင္းႏွင့္ မသက္ဝါဦးတို႔(၂)ဦးအား ဒလၿမိဳ႕နယ္၊ ရာဇသၾကၤန္ရပ္ကြက္၊ အုတ္လွငယ္လမ္းရွိ ေနအိမ္တြင္လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထပ္မံထုတ္ျပန္ထားသည္။

ဖမ္းဆီးရမိခဲ့သူမ်ား၏ထြက္ဆိုခ်က္အရ ေအာက္တိုဘာ(၂၂)ရက္ ညေနပိုင္းတြင္ ကိုဇင္မိုးဦး၊ ကိုတင္ေဇာ္သိန္း ႏွင့္ ကိုေအာင္ေဇာ္မ်ိဳးတို႔ (၃)ဦးအား ဘုရင့္ေနာင္ရပ္ကြက္တြင္လည္းေကာင္း၊ ကိုေဇာ္ဝင္းေအာင္အား ဒလၿမိဳ႕နယ္၊ စက္ေျမ ရပ္ကြက္၊ ဆရာစံလမ္းရွိ အိမ္အမွတ္(၆၄)တြင္ လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ညပိုင္းတြင္ ဖမ္းဆီးရန္က်န္ရွိသည့္ ကိုၾကည္လြင္ေနထိုင္သည့္ အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေရွ႕ရပ္ကြက္၊ မဟာသုတိသာလမ္းသြယ္(၁)ရွိ တိုက္အမွတ္(5/A)အား ဝင္ေရာက္ရွာေဖြခဲ့ရာ ေနအိမ္အတြင္းမွ RUGER SR-9 ပစၥတို(၁) လက္၊ က်ည္အိမ္ (၁)ခု၊ ၉ မမ က်ည္ (၅)ေတာင့္၊ လက္ပစ္ဗုံး(၂)လုံး၊ ဒီတိုေနတာ (၃၀)ခု၊ ယမ္းမႈန႔္(၁)ထုပ္၊ ဆားကစ္ျပား(၁) ခုႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့သည္။

ဖမ္းဆီးရမိခဲ့သူ ကိုတင္ေအာင္လြင္၏ ထြက္ဆိုခ်က္အရ ေအာက္တိုဘာ(၂၄)ရက္ နံနက္ပိုင္းတြင္ ကိုဝင္းမင္းထြန္းႏွင့္ ကိုစိုးျမတ္ဦး တို႔(၂)ဦးအား ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဋ)ရပ္ကြက္တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွဆိုထားသည္။

ျဖစ္စဥ္တြင္ ရန္ကုန္တိုင္းအတြင္း အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးျခင္း၊ ျပည္သူမ်ားအား လုပ္ႀကံသတ္ျဖတ္ျခင္း၊ ဓားျပတိုက္ လုယက္ျခင္းမ်ား ေဆာင္႐ြက္ခဲ့သည့္ အမ်ိဳးသား(၁၇)ဦးႏွင့္ အမ်ိဳးသမီး(၄)ဦး စုစုေပါင္း(၂၁)ဦးအား ပစၥတိုမ်ိဳးစုံ(၇)လက္၊ က်ည္အိမ္(၁ဝ)ခု၊ က်ည္မ်ိဳးစုံ(၉၈) ေတာင့္၊ လက္ပစ္ဗုံး(၈)လုံး၊ ေဖာက္ခြဲေရးသုံးဒီေရတိုေနတာ(၃ဝ)ခု၊ ယမ္းမႈန႔္(၁)ထုပ္၊ ဆားကစ္ျပား(၁)ခု၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အဆိုပါ ဒလ PDF အဖြဲ႕သည္ အၾကမ္းဖက္ေဖာက္ခြဲမႈ(၄)ႀကိမ္ က်ဴးလြန္ခဲ့ၿပီး အျပစ္မဲ့ျပည္သူမ်ားအား အၾကမ္းဖက္လုပ္ႀကံ သတ္ျဖတ္မႈ (၆)ႀကိမ္က်ဴးလြန္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

သို႔ျဖစ္၍ ဖမ္းဆီးရမိခဲ့သူမ်ားအား ဥပေဒအရ ၎တို႔က်ဴးလြန္ခဲ့ေသာ ျပစ္မႈမ်ားအတိုင္းထိေရာက္စြာအေရးယူႏိုင္ရန္အတြက္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အၾကမ္းဖက္မႈေဆာင္႐ြက္ေနသူမ်ားအား အျမန္ဆုံးဖမ္းဆီးရရွိေရးအတြက္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Picture

Htun Aung Kyaw

04/11/2022 14:02

ဒလမှာ ဖမ်းမိခဲ့တဲ့ လဒ PDF တွေပေါ့ဗျာ 😎

Picture

Htun Aung Kyaw

04/11/2022 14:04

ဒီအကြမ်းဖက်လူသတ်ကောင်တွေကို အမြင့်ဆုံး ပြစ်ဒဏ်သာ ပေးသင့်ပါတယ်။

Picture

Bo Tho

04/11/2022 16:12

လူသတ်ဓါးမြတိုက် အကြမ်းဖက်ဝါဒီတွေ

Related news

© 2021. All rights reserved.