IndiGo လေကြောင်းလိုင်းက မြန်မာ၊ တရုတ်နိုင်ငံတို့နှင့် လေကြောင်းပျံသန်းမှုများ လာမည့်နှစ်အစောပိုင်းတွင်ပြန်လည်စတင်မည်

 883

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၅

IndiGo လေကြောင်းလိုင်းသည် လာမည့်နှစ်တွင် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ကို လေကြောင်းပျံသန်းပြေးဆွဲမှုများ ပြန်လည်ပြုလုပ်သွားဖွယ်ရှိနေကြောင်းသိရသည်။

အဆိုပါ အိန္ဒိယလေကြောင်းလိုင်းသည် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ကို ယခင်က ပျံသန်းပြေးဆွဲခဲ့ဖူးပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂ဝ၂ဝ ပြည့်နှစ်တွင် မြန် မာနှင့်တရုတ်နိုင်ငံတို့ထံ လေကြောင်းပျံသန်းပြေးဆွဲမှုများ ဆိုင်းငံ့ခဲ့သည်။ IndiGo သည် ကာလကတ္တားနှင့် ဂွမ်ဇူး၊ ကာလကတ္တားနှင့်ရန်ကုန်၊ ဒေလီ နှင့် ချန်ဒူမြို့များကို ၂ဝ၂ဝ ပြည့်နှစ်အစောပိုင်းအထိ လေကြောင်းတိုက်ရိုက်ပျံသန်းခဲ့သည်။

အဆိုပါလေကြောင်းလိုင်းသည် အိန္ဒိယတွင် အကြီးဆုံးလေကြောင်းလိုင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့်ပတ်သက်ပြီး စည်းကမ်းဖြေလျော့မှုများပြန်လည်လုပ်ဆောင်ခဲ့ခြင်းကြောင့် မြန်မာနှင့်တရုတ်နိုင်ငံသို့ လေကြောင်းပြန်လည်ပြေးဆွဲရန် စီစဉ်နေခြင်းဖြစ်သည်။

IndiGo လေကြောင်းလိုင်းသည် လာမည့်နှစ် မတ်လ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ ချန်ဒူး၊ ဂွမ်ဇူးမြို့များသို့ လေ ကြောင်းပျံသန်းပြေးဆွဲမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
IndiGo ေလေၾကာင္းလိုင္းက ျမန္မာ၊ တ႐ုတ္ႏိုင္ငံတို႔ႏွင့္ ေလေၾကာင္းပ်ံသန္းမႈမ်ား လာမည့္ႏွစ္အေစာပိုင္းတြင္ျပန္လည္စတင္မည္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၅

IndiGo ေလေၾကာင္းလိုင္းသည္ လာမည့္ႏွစ္တြင္ ျမန္မာႏိုင္ငံ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔ကို ေလေၾကာင္းပ်ံသန္းေျပးဆြဲမႈမ်ား ျပန္လည္ျပဳလုပ္သြားဖြယ္ရွိေနေၾကာင္းသိရသည္။

အဆိုပါ အိႏၵိယေလေၾကာင္းလိုင္းသည္ ျမန္မာႏိုင္ငံ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔ကို ယခင္က ပ်ံသန္းေျပးဆြဲခဲ့ဖူးၿပီး ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ ျမန္ မာႏွင့္တ႐ုတ္ႏိုင္ငံတို႔ထံ ေလေၾကာင္းပ်ံသန္းေျပးဆြဲမႈမ်ား ဆိုင္းငံ့ခဲ့သည္။ IndiGo သည္ ကာလကတၱားႏွင့္ ဂြမ္ဇူး၊ ကာလကတၱားႏွင့္ရန္ကုန္၊ ေဒလီ ႏွင့္ ခ်န္ဒူၿမိဳ႕မ်ားကို ၂ဝ၂ဝ ျပည့္ႏွစ္အေစာပိုင္းအထိ ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းခဲ့သည္။

အဆိုပါေလေၾကာင္းလိုင္းသည္ အိႏၵိယတြင္ အႀကီးဆုံးေလေၾကာင္းလိုင္းျဖစ္သည္။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါႏွင့္ပတ္သက္ၿပီး စည္းကမ္းေျဖေလ်ာ့မႈမ်ားျပန္လည္လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ ျမန္မာႏွင့္တ႐ုတ္ႏိုင္ငံသို႔ ေလေၾကာင္းျပန္လည္ေျပးဆြဲရန္ စီစဥ္ေနျခင္းျဖစ္သည္။

IndiGo ေလေၾကာင္းလိုင္းသည္ လာမည့္ႏွစ္ မတ္လ ၂၇ ရက္တြင္ အိႏၵိယႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕၊ အိႏၵိယႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံ ခ်န္ဒူး၊ ဂြမ္ဇူးၿမိဳ႕မ်ားသို႔ ေလ ေၾကာင္းပ်ံသန္းေျပးဆြဲမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.