ထိုင်ဝမ်ရေလက်ကြားအနီးကို လာရောက်ခဲ့သော တရုတ်စစ်သင်္ဘောနှင့် တိုက်လေယာဥ်များကို သတိပေးမှုများပြုလုပ်ခဲ့ရကြောင်း ထိုင်ဝမ်စစ်တပ်ဆို

592

ဖြိုးခန့် (NP News) - နိုဝင်ဘာ ၆
ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်သို့ ဖြတ်ကျော်လာသော တရုတ်လေယာဥ်များနှင့် ရေတပ် သင်္ဘောများကို သတိပေးချက်များထုတ်ပြန်ခဲ့ရကြောင်း ထိုင်ဝမ်စစ်တပ်က ထုတ်ပြန်ပြောဆိုလိုက်သည်။
ထိုင်ဝမ်ရေလက်ကြားအနီးတွင် နိုဝင်ဘာ(၅)ရက်နေ့က တရုတ်လေယာဥ်(၉)စင်းနှင့် ရေတပ်သင်္ဘော(၂)စင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သတိပေးချက်များပြုလုပ်ရန်အတွက် ဒုံးကျည်စနစ်များကို အသင့်ပြင်ထားပြီး တိုက်လေယာဥ်များနှင့် ရေတပ် တပ်ဖွဲ့ဝင်များကို ချက်ချင်းစေလွှတ်ခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။
တရုတ်လေယာဥ်များသည် ထိုင်ဝမ်၏လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်သို့ ချိုးဖောက်မှုများရှိခဲ့ကြောင်း အဆိုပါချိုးဖောက်ခဲ့သော တရုတ်တိုက်လေယာဥ်သည် ပြီးခဲ့သည့်အောက်တိုဘာ(၄)ရက်နေ့က ထိုင်ဝမ်ပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာခဲ့သည့် တရုတ်တိုက်လေယာဥ်(၅၆)စင်းထဲတွင် ပါဝင်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ လာရောက်ခြင်းကို သတိပေးသည့်အနေဖြင့် တရုတ် သည် သြဂုတ်လတည်းက ထိုင်ဝမ်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါအငြင်းပွားမှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် အမေရိကန်နှင့် စစ်ရေးနှင့်ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကိုဖြတ်တောက်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားအနီးတွင် စစ်ရေး လေ့ကျင့်ခြင်းများကို ပိုမိုလုပ်ဆောင်လာခဲ့ကြောင်းသိရသည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ လာရောက်ပြီးနောက် တရုတ်သည် ထိုင်ဝမ်ရေလက်ကြားရှိ အလယ်စည်းမျဥ်းကိုဖြတ်ကျော်၍ စစ်လေယာဥ်များနှင့် သင်္ဘောများစေလွှတ်ခြင်းများကို လုပ်ဆောင်လာခဲ့ ကြောင်းသိရသည်။ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင် က ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းနိုင်ရန် အတတ်နိုင်ဆုံးလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး လိုအပ်လျှင် အင်အားသုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း မကြာသေးမီက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သော ကွန်မြူနစ်ပါတီညီလာခံတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင် က တရုတ်စစ်တပ်၏ လေ့ကျင့်မှုနှင့် စစ်ပွဲအတွက် ပြင်ဆင်မှုများကို အပြည့်အဝတိုးမြှင့်ရန် ပြောကြားခဲ့ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။ ထိုင်ဝမ်ရေလက်ကြားတွင် ဖြစ်လာနိုင်ဖွယ်ရှိသော စစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်စစ်တပ်သည် အချိန်ပြည့်အသင့်အနေအထားဖြင့်ရှိနေကြောင်း တရုတ်စစ်တပ်၏အရာရှိများက ပြောကြား ခဲ့သည်။

Zawgyi Version;
ထိုင္ဝမ္ေရလက္ၾကားအနီးကို လာေရာက္ခဲ့ေသာ တ႐ုတ္စစ္သေဘၤာႏွင့္ တိုက္ေလယာဥ္မ်ားကို သတိေပးမႈမ်ားျပဳလုပ္ခဲ့ရေၾကာင္း ထိုင္ဝမ္စစ္တပ္ဆို
ၿဖိဳးခန႔္ (NP News) - ႏိုဝင္ဘာ ၆
ထိုင္ဝမ္၏ ေလေၾကာင္းရန္ကာကြယ္ေရးသတ္မွတ္ဇုန္သို႔ ျဖတ္ေက်ာ္လာေသာ တ႐ုတ္ေလယာဥ္မ်ားႏွင့္ ေရတပ္ သေဘၤာမ်ားကို သတိေပးခ်က္မ်ားထုတ္ျပန္ခဲ့ရေၾကာင္း ထိုင္ဝမ္စစ္တပ္က ထုတ္ျပန္ေျပာဆိုလိုက္သည္။
ထိုင္ဝမ္ေရလက္ၾကားအနီးတြင္ ႏိုဝင္ဘာ(၅)ရက္ေန႔က တ႐ုတ္ေလယာဥ္(၉)စင္းႏွင့္ ေရတပ္သေဘၤာ(၂)စင္းတို႔ကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ သတိေပးခ်က္မ်ားျပဳလုပ္ရန္အတြက္ ဒုံးက်ည္စနစ္မ်ားကို အသင့္ျပင္ထားၿပီး တိုက္ေလယာဥ္မ်ားႏွင့္ ေရတပ္ တပ္ဖြဲ႕ဝင္မ်ားကို ခ်က္ခ်င္းေစလႊတ္ခဲ့ရေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီး ဌာနက ေျပာၾကားခဲ့သည္။
တ႐ုတ္ေလယာဥ္မ်ားသည္ ထိုင္ဝမ္၏ေလေၾကာင္းရန္ကာကြယ္ေရး သတ္မွတ္ဇုန္သို႔ ခ်ိဳးေဖာက္မႈမ်ားရွိခဲ့ေၾကာင္း အဆိုပါခ်ိဳးေဖာက္ခဲ့ေသာ တ႐ုတ္တိုက္ေလယာဥ္သည္ ၿပီးခဲ့သည့္ေအာက္တိုဘာ(၄)ရက္ေန႔က ထိုင္ဝမ္ပိုင္နက္ကို က်ဴးေက်ာ္ဝင္ေရာက္လာခဲ့သည့္ တ႐ုတ္တိုက္ေလယာဥ္(၅၆)စင္းထဲတြင္ ပါဝင္ခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ထိုင္ဝမ္သို႔ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပလိုစီ လာေရာက္ျခင္းကို သတိေပးသည့္အေနျဖင့္ တ႐ုတ္ သည္ ၾသဂုတ္လတည္းက ထိုင္ဝမ္အနီးတစ္ဝိုက္တြင္ စစ္ေရးေလ့က်င့္မႈမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအျငင္းပြားမႈကို တုံ႔ျပန္သည့္အေနျဖင့္ တ႐ုတ္သည္ အေမရိကန္ႏွင့္ စစ္ေရးႏွင့္ရာသီဥတုေျပာင္းလဲမႈ တိုက္ဖ်က္ေရး ပူးေပါင္းေဆာင္႐ြက္မႈလုပ္ငန္းမ်ားကိုျဖတ္ေတာက္ခဲ့ၿပီး ထိုင္ဝမ္ေရလက္ၾကားအနီးတြင္ စစ္ေရး ေလ့က်င့္ျခင္းမ်ားကို ပိုမိုလုပ္ေဆာင္လာခဲ့ေၾကာင္းသိရသည္။
အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပလိုစီ လာေရာက္ၿပီးေနာက္ တ႐ုတ္သည္ ထိုင္ဝမ္ေရလက္ၾကားရွိ အလယ္စည္းမ်ဥ္းကိုျဖတ္ေက်ာ္၍ စစ္ေလယာဥ္မ်ားႏွင့္ သေဘၤာမ်ားေစလႊတ္ျခင္းမ်ားကို လုပ္ေဆာင္လာခဲ့ ေၾကာင္းသိရသည္။ တ႐ုတ္ႏိုင္ငံသမၼတရွီက်င့္ဖ်င္ က ထိုင္ဝမ္ႏွင့္ ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းႏိုင္ရန္ အတတ္ႏိုင္ဆုံးလုပ္ေဆာင္သြားမည္ဟု ေျပာၾကားခဲ့ၿပီး လိုအပ္လွ်င္ အင္အားသုံးေျဖရွင္းသြားမည္ျဖစ္ေၾကာင္း မၾကာေသးမီက ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္လက ျပဳလုပ္ခဲ့ေသာ ကြန္ျမဴနစ္ပါတီညီလာခံတြင္ တ႐ုတ္ႏိုင္ငံသမၼတရွီက်င့္ဖ်င္ က တ႐ုတ္စစ္တပ္၏ ေလ့က်င့္မႈႏွင့္ စစ္ပြဲအတြက္ ျပင္ဆင္မႈမ်ားကို အျပည့္အဝတိုးျမႇင့္ရန္ ေျပာၾကားခဲ့ေၾကာင္း South China Morning Post သတင္းတြင္ ေဖာ္ျပထားသည္။ ထိုင္ဝမ္ေရလက္ၾကားတြင္ ျဖစ္လာႏိုင္ဖြယ္ရွိေသာ စစ္ပြဲႏွင့္ပတ္သက္ၿပီး တ႐ုတ္စစ္တပ္သည္ အခ်ိန္ျပည့္အသင့္အေနအထားျဖင့္ရွိေနေၾကာင္း တ႐ုတ္စစ္တပ္၏အရာရွိမ်ားက ေျပာၾကား ခဲ့သည္။