နိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းစွာဖြင့် အချင်းချင်းတွေ့ဆုံအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဟု နစကဥက္ကဋ္ဌဆို

 681

မျိုးကြီး (NP News) - နိုဝင်ဘာ ၇

နိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းစွာဖြင့် အချင်းချင်းတွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဟု နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (နိုဝင်ဘာလ ၇ ရက်)တွင် ကျရောက်သော (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက် မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းပြည်အကျိုးစီးပွားကို ရှေးရှုကာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံး လျှောက်လှမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းစင်စွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင် မြင်နိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

နိုင်ငံ့အကျိုးစီးပွားကို မလိုလားဘဲ ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်းလုပ် ဆောင်နေကြသည့် ပြည်တွင်းပြည်ပအဖျက်သမားများ၏ အန္တရာယ်ကို အထူးသတိ ပြုကြရန်လည်း နစကအကြီးအကဲက တိုက်တွန်းထားသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သည့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဖော်ဆောင်နေသည့်ကာလဖြစ်ရာ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအနေဖြင့် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းထားသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မ တီ(NSPNC)အနေဖြင့် သက်ဆိုင်ရာဆွေးနွေးဖက်အဖွဲ့အစည်းများနှင့် အလွတ် သဘောတွေ့ဆုံမှု၊ Virtual တွေ့ဆုံမှုများနှင့် တရားဝင်တွေ့ဆုံမှုများ ပြုလုပ်ကာ ထိ တွေ့ဆက်ဆံလျက်ရှိကြောင်း နစကဘက်က ဆိုထားသည်။

ယခုနှစ်အတွင်း နစကဥက္ကဋ္ဌဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကရင်ပြည် နယ်အတွင်းရှိ KNU/KNLA-PC လက်နက် ကိုင်အဖွဲ့နှင့် DKBA အဖွဲ့တို့က တက်ရောက်ဆွေးနွေးခဲ့ပြီး KNU အဖွဲ့မှာ တက်ရောက်ဆွေးနွေးခြင်းမရှိသေးပေ။

zawgyi version
ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ရာတြင္ ျပည္ပစြက္ဖက္မႈကင္းစြာျဖင့္ အခ်င္းခ်င္းေတြ႕ဆုံအေျဖရွာျခင္းျဖင့္သာ ေအာင္ျမင္ႏိုင္မည္ဟု နစကဥကၠ႒ဆို
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၇

ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ရာတြင္ ျပည္ပစြက္ဖက္မႈကင္းစြာျဖင့္ အခ်င္းခ်င္းေတြ႕ဆုံေဆြးေႏြးအေျဖရွာျခင္းျဖင့္သာ ေအာင္ျမင္ႏိုင္မည္ဟု နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ (ႏိုဝင္ဘာလ ၇ ရက္)တြင္ က်ေရာက္ေသာ (၆၇)ႏွစ္ေျမာက္ ကရင္ျပည္နယ္ေန႔အခမ္းအနားသို႔ သဝဏ္လႊာေပးပို႔ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။

NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ လက္ မွတ္ေရးထိုးထားျခင္းမရွိေသးေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားသည္ တိုင္းျပည္အက်ိဳးစီးပြားကို ေရွးရႈကာ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚသို႔ အျမန္ဆုံး ေလွ်ာက္လွမ္းရမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

ထို႔ျပင္ ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးကိုေဖာ္ေဆာင္ရာတြင္ ျပည္ပစြက္ဖက္မႈကင္းစင္စြာျဖင့္ တိုင္းရင္းသားညီအစ္ကိုအခ်င္းခ်င္း ေတြ႕ဆုံေဆြးေႏြးအေျဖရွာျခင္းျဖင့္သာ ေအာင္ ျမင္ႏိုင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

ႏိုင္ငံ့အက်ိဳးစီးပြားကို မလိုလားဘဲ ၿငိမ္းခ်မ္းေရးကို ပ်က္စီးရာပ်က္စီးေၾကာင္းလုပ္ ေဆာင္ေနၾကသည့္ ျပည္တြင္းျပည္ပအဖ်က္သမားမ်ား၏ အႏၲရာယ္ကို အထူးသတိ ျပဳၾကရန္လည္း နစကအႀကီးအကဲက တိုက္တြန္းထားသည္။

ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရးအတြက္ မျဖစ္မေနလိုအပ္သည့္ တစ္ႏိုင္ငံလုံးၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေနသည့္ကာလျဖစ္ရာ ကရင္ျပည္နယ္အတြင္းရွိ တိုင္းရင္းသားမ်ားအေနျဖင့္ ဝိုင္းဝန္းပူး ေပါင္းေဆာင္႐ြက္ၾကရန္ ၎က တိုက္တြန္းထားသည္။

အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မ တီ(NSPNC)အေနျဖင့္ သက္ဆိုင္ရာေဆြးေႏြးဖက္အဖြဲ႕အစည္းမ်ားႏွင့္ အလြတ္ သေဘာေတြ႕ဆုံမႈ၊ Virtual ေတြ႕ဆုံမႈမ်ားႏွင့္ တရားဝင္ေတြ႕ဆုံမႈမ်ား ျပဳလုပ္ကာ ထိ ေတြ႕ဆက္ဆံလ်က္ရွိေၾကာင္း နစကဘက္က ဆိုထားသည္။

ယခုႏွစ္အတြင္း နစကဥကၠ႒ဖိတ္ေခၚေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ ကရင္ျပည္ နယ္အတြင္းရွိ KNU/KNLA-PC လက္နက္ ကိုင္အဖြဲ႕ႏွင့္ DKBA အဖြဲ႕တို႔က တက္ေရာက္ေဆြးေႏြးခဲ့ၿပီး KNU အဖြဲ႕မွာ တက္ေရာက္ေဆြးေႏြးျခင္းမရွိေသးေပ။

Picture

Ko Moe

07/11/2022 17:42

ပြည်ပဆိုတာ သူတောင်းစားစိတ်နဲ့ အဖေခေါ်နေကြတာပဲ ဖြစ်ပါတယ်။အမြစ်ပါ ဆွဲနှူတ်သင့်ပါတယ်။သူတောင်းစားသူဌေး နိုင်ငံရေးလုပ်စား ဖာသည်မသားထက် နိမ့်တဲ့ လူစား ကမ္ဘာမှာ မရှိ တဲ့ လူစားတွေပါ။

Picture

Ko Moe

07/11/2022 17:48

လူမျိူးရေး ဘာသာရေး အစွန်းရောက်များကို သေချာ စိစစ်ကြသင့်ပါပြီ။ဘာသာပေါင်းစုံကို ခေါ်စစ်ကြရမှာပါ ခင်ဗျာ။ဗုဒ္ဓဘာသာ အတုအယောင်တွေ လုပ်စားတွေ ရှိနေကြပါတယ်ဗျာ။နိုင်ငံရေးသမား ဘာသာရေးထဲဝင်ယောတာက ပို ဆိုးနေပါတယ်ဗျာ။

Related news

© 2021. All rights reserved.