ဘုရားသုံးဆူမြို့ပေါ်ရှိ BGF အရာရှိတစ်ဦး၏ နေအိမ်ကို KNU ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်စီးနင်းမှုပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့

 7383

မြူနစ် (NP News) - မေ ၁၂

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ BGF အရာရှိတစ်ဦး၏ နေအိမ်ကို KNU ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ် စီးနင်းမှုပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

KNU ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော မေ ၁၀ ရက် နေ့လည်ပိုင်းအချိန်တွင် ဘုရားသုံးဆူမြို့၊ (၂)ရပ်ကွက်၊ ဦးဒေါင်းကန်(၈) လမ်းရှိ BGF အရာရှိတစ်ဦးဖြစ်သော ကိုအောင်ခိုင်ဦး(ခ)ကိုဂတုံး၏ နေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့ခံအချို့က NP News ကို ပြောသည်။

“သူက လက်နက်မှောင်ခိုအကြီးစား လုပ်တယ်လို့ သိရတယ်။ သူတို့အချင်းချင်းမှာလည်း ပြဿနာရှိမယ်လို့လည်း ထင်တယ်။ သူများတွေ လိုင်းပေါ်မှာတင်နေသလို BGF တပ်ဖွဲ့နဲ့ ဖြစ်တယ်ဆိုတာ မဟုတ်ဘူး။ ဘုရားသုံးဆူမှာ ဘာ BGF မှ မရှိတော့ဘူး။ တစ်ချို့တွေက DKBA တွေ ဖြစ်ကုန်ပြီ။ သူက စစ်ရေးကိစ္စတွေမှာဆိုရင် နာမည်တောင် မထွက်ဘူး။ မှောင် ခိုမှာပဲ ထွက်တာ။ သူ့နာမည်က ကိုအောင်ခိုင်ဦးပါ။ နောက်ပြီးတော့ ဂတုံးလို့လည်း ခေါ်တယ်။ သူက အဓိကတော့ လက်နက်မှောင်ခိုလုပ်တာဗျ” ဟု ဘုရားသုံးဆူမြို့ခံက ပြောသည်။

KNU ပူးပေါင်းအဖွဲ့သည် ဘုရားသုံးဆူမြို့ပေါ်ရှိ ကိုအောင်ခိုင်ဦး၏ နေအိမ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စီးနင်းစဉ် ပေါက်ကွဲမှုဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း မြို့ခံအချို့က ဆက်လက်ပြောသည်။

“ပြဿနာအသေးစိတ်ကိုတော့ မသိရဘူး။ ဖြစ်တာကတော့ သူ့အိမ်ကို လက်နက်ကြီးတွေနဲ့ လာပစ်တာ။ အသံက တော်တော်ကျယ်တယ်။ လက်နက်ကြီးပစ်တဲ့အချိန်မှာပဲ ကျွန်တော်သိရသလောက်ကတော့ သူ့အိမ်မှာရှိတဲ့ အိမ်အကူအဘွားကြီးလည်း ထိသွားတယ်။ အဲဒီအိမ်ထဲမှာလည်း သူ့အလုပ်သမားတွေရှိတယ်။ ပတ်ဝန်းကျင်က ပြောတာတော့ သူ့အလုပ်သမား တွေလည်း သေတယ်လို့ ပြောကြတယ်။ သိရသလောက်ကတော့ သေတာ အယောက် (၂၀)လောက်ရှိတယ်” ဟု ဘုရားသုံးဆူမြို့ခံက ထပ်မံပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်သည် KNU ပူးပေါင်းအဖွဲ့နှင့် BGF အဖွဲ့အစည်းတစ်ခုလုံးကြားဖြစ်ပွားသော ဖြစ်စဉ်မျိုး မဟုတ်ကြောင်းလည်း မြို့ခံအချို့က ဆိုသည်။

အထက်ပါကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်များအပြီး ဘုရားသုံးဆူမြို့ပေါ်ရှိ DKBA အဖွဲ့သည် လာရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကာ ကိုအောင်ခိုင်ဦး(ခ)ကိုဂတုံးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဘုရားသုံးဆူမြို့သည် တည်ငြိမ်အေးချမ်းနေလျက်ရှိသကဲ့သို့ တပ်မတော်ဘက်ကလည်း စစ်အင်အား တိုးချဲ့ခြင်းမျိုး မရှိကြောင်းလည်း မြို့ခံအချို့က ထုတ်ဖော်ပြောဆိုထားသည်။

Zawgyi Version;
ဘုရားသုံးဆူၿမိဳ႕ေပၚရွိ BGF အရာရွိတစ္ဦး၏ ေနအိမ္ကို KNU ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ပစ္ခတ္စီးနင္းမႈျပဳလုပ္ခဲ့ရာ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့
ျမဴနစ္ (NP News) - ေမ ၁၂

ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕ေပၚရွိ BGF အရာရွိတစ္ဦး၏ ေနအိမ္ကို KNU ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ပစ္ခတ္ စီးနင္းမႈျပဳလုပ္ခဲ့ရာ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။

KNU ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ ေမ ၁၀ ရက္ ေန႔လည္ပိုင္းအခ်ိန္တြင္ ဘုရားသုံးဆူၿမိဳ႕၊ (၂)ရပ္ကြက္၊ ဦးေဒါင္းကန္(၈) လမ္းရွိ BGF အရာရွိတစ္ဦးျဖစ္ေသာ ကိုေအာင္ခိုင္ဦး(ခ)ကိုဂတုံး၏ ေနအိမ္ကို ဝင္ေရာက္ပစ္ခတ္ခဲ့ ျခင္းျဖစ္ေၾကာင္း ဘုရားသုံးဆူၿမိဳ႕ခံအခ်ိဳ႕က NP News ကို ေျပာသည္။

“သူက လက္နက္ေမွာင္ခိုအႀကီးစား လုပ္တယ္လို႔ သိရတယ္။ သူတို႔အခ်င္းခ်င္းမွာလည္း ျပႆနာရွိမယ္လို႔လည္း ထင္တယ္။ သူမ်ားေတြ လိုင္းေပၚမွာတင္ေနသလို BGF တပ္ဖြဲ႕နဲ႔ ျဖစ္တယ္ဆိုတာ မဟုတ္ဘူး။ ဘုရားသုံးဆူမွာ ဘာ BGF မွ မရွိေတာ့ဘူး။ တစ္ခ်ိဳ႕ေတြက DKBA ေတြ ျဖစ္ကုန္ၿပီ။ သူက စစ္ေရးကိစၥေတြမွာဆိုရင္ နာမည္ေတာင္ မထြက္ဘူး။ ေမွာင္ ခိုမွာပဲ ထြက္တာ။ သူ႔နာမည္က ကိုေအာင္ခိုင္ဦးပါ။ ေနာက္ၿပီးေတာ့ ဂတုံးလို႔လည္း ေခၚတယ္။ သူက အဓိကေတာ့ လက္နက္ေမွာင္ခိုလုပ္တာဗ်” ဟု ဘုရားသုံးဆူၿမိဳ႕ခံက ေျပာသည္။

KNU ပူးေပါင္းအဖြဲ႕သည္ ဘုရားသုံးဆူၿမိဳ႕ေပၚရွိ ကိုေအာင္ခိုင္ဦး၏ ေနအိမ္ကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ကာ စီးနင္းစဥ္ ေပါက္ကြဲမႈျဖစ္စဥ္မ်ားလည္း ရွိခဲ့ေၾကာင္း ၿမိဳ႕ခံအခ်ိဳ႕က ဆက္လက္ေျပာသည္။

“ျပႆနာအေသးစိတ္ကိုေတာ့ မသိရဘူး။ ျဖစ္တာကေတာ့ သူ႔အိမ္ကို လက္နက္ႀကီးေတြနဲ႔ လာပစ္တာ။ အသံက ေတာ္ေတာ္က်ယ္တယ္။ လက္နက္ႀကီးပစ္တဲ့အခ်ိန္မွာပဲ ကြၽန္ေတာ္သိရသေလာက္ကေတာ့ သူ႔အိမ္မွာရွိတဲ့ အိမ္အကူအဘြားႀကီးလည္း ထိသြားတယ္။ အဲဒီအိမ္ထဲမွာလည္း သူ႔အလုပ္သမားေတြရွိတယ္။ ပတ္ဝန္းက်င္က ေျပာတာေတာ့ သူ႔အလုပ္သမား ေတြလည္း ေသတယ္လို႔ ေျပာၾကတယ္။ သိရသေလာက္ကေတာ့ ေသတာ အေယာက္ (၂၀)ေလာက္ရွိတယ္” ဟု ဘုရားသုံးဆူၿမိဳ႕ခံက ထပ္မံေျပာသည္။

အဆိုပါပစ္ခတ္မႈျဖစ္စဥ္သည္ KNU ပူးေပါင္းအဖြဲ႕ႏွင့္ BGF အဖြဲ႕အစည္းတစ္ခုလုံးၾကားျဖစ္ပြားေသာ ျဖစ္စဥ္မ်ိဳး မဟုတ္ေၾကာင္းလည္း ၿမိဳ႕ခံအခ်ိဳ႕က ဆိုသည္။

အထက္ပါကဲ့သို႔ ပစ္ခတ္မႈျဖစ္စဥ္မ်ားအၿပီး ဘုရားသုံးဆူၿမိဳ႕ေပၚရွိ DKBA အဖြဲ႕သည္ လာေရာက္ရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့ကာ ကိုေအာင္ခိုင္ဦး(ခ)ကိုဂတုံးကိုလည္း ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဘုရားသုံးဆူၿမိဳ႕သည္ တည္ၿငိမ္ေအးခ်မ္းေနလ်က္ရွိသကဲ့သို႔ တပ္မေတာ္ဘက္ကလည္း စစ္အင္အား တိုးခ်ဲ႕ျခင္းမ်ိဳး မရွိေၾကာင္းလည္း ၿမိဳ႕ခံအခ်ိဳ႕က ထုတ္ေဖာ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.