ပါကစ္စတန်နိုင်ငံနှင့် ပိုင်နက်နယ်မြေအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန် ကြားဝင်စေ့စပ်ဆွေးနွေးပေးခြင်းကို ဘယ်တော့လက်ခံမည်မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်ပြော

71

ဂျန်ဇက် (NP News) - ဇွန် ၂၁
အိန္ဒိယနိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့်အငြင်းပွားနေသည့် ကက်ရှ်မီးယားနှင့် ဂျမူးပြည်နယ်အရေးကို ဖြေရှင်း နိုင်ရန်အတွက် အခြားအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးဦးမှ ကြားဝင်စေ့စပ်ပေးခြင်းကို ဘယ်တော့မှ လက်ခံမည် မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။ အိန္ဒိယဝန်ကြီးချုပ်သည် ဇွန်လ ၁၉ ရက်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဖုန်းဆက်ဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ် သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန “အိန္ဒိယဝန်ကြီးချုပ်ဟာ အမေရိကန်သမ္မတနဲ့ ၃၅ မိနစ်ကြာ ဖုန်းဆက် ဆွေးနွေးခဲ့တယ်။ အဲဒီဖုန်းဆက်ဆွေးနွေးချိန်အတွင်း အိန္ဒိယဝန်ကြီးချုပ်ဟာ ကက်ရှ်မီးယား၊ ဂျမူးပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီး ကြားဝင်စေ့စပ်ပေးတာမျိုးကို ဘယ်တော့မှ လက်မခံဘူးဆိုတာကို ပြောခဲ့တယ်။ အိန္ဒိယ နိုင်ငံဟာ နိုင်ငံရေးအရ အပြည့်အဝညီညွှတ်မှုရှိတယ်'' ဟု ပြောသည်။
အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ကက်ရှ်မီးယားပြည်နယ်၊ ဂျမူးပြည်နယ်ရှိ ပိုင်နက်များနှင့်ပတ်သက်ပြီး အငြင်းပွားနေခဲ့ရာ မေလအတွင်း အပြန်အလှန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံကြား အပြန်အလှန်တိုက်ခိုက်မှုများ ရပ်တန့်ရန် အမေရိကန်သမ္မတက ကြားဝင်ဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီကဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်ဆွေးနွေးချိန်အတွင်း အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေး စာချုပ်သည် အပစ်ခတ်ရပ်စဲရေးရယူနိုင်ရေးနှင့်ပတ်သက်ပြီး အဓိကအခန်းကဏ္ဍမှပါဝင်မည်ဖြစ်ကြောင်း ပြောသည်။ ကက်ရှ်မီးယားနှင့် ဂျမူးပြည်နယ်နှင့်ပတ်သက်ပြီး အငြင်းပွားမှုများသည်အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံကြား လက်ရှိအချိန်အထိ အငြင်းပွားနေကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံကြား ဖြစ်ပွားနေသည့် အငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန် ကြားဝင်စေ့စပ်ပေးရန်အတွက် လိုလားနေကြောင်း သတင်းများ လည်း ထွက်ပေါ်နေသည်။

Zawgyi Version:
ပါကစၥတန္ႏိုင္ငံႏွင့္ ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားကိုေျဖရွင္းႏိုင္ရန္ ၾကားဝင္ေစ့စပ္ေဆြးေႏြးေပးျခင္းကို ဘယ္ေတာ့လက္ခံမည္မဟုတ္ေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၁
အိႏၵိယႏိုင္ငံအေနျဖင့္ ပါကစၥတန္ႏိုင္ငံႏွင့္အျငင္းပြားေနသည့္ ကက္ရွ္မီးယားႏွင့္ ဂ်မူးျပည္နယ္အေရးကို ေျဖရွင္း ႏိုင္ရန္အတြက္ အျခားအဖြဲ႕အစည္း၊ လူပုဂၢိဳလ္တစ္ဦးဦးမွ ၾကားဝင္ေစ့စပ္ေပးျခင္းကို ဘယ္ေတာ့မွ လက္ခံမည္ မဟုတ္ေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္ နရမ္ဒရာမိုဒီက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အိႏၵိယဝန္ႀကီးခ်ဳပ္သည္ ဇြန္လ ၁၉ ရက္က အေမရိကန္သမၼတေဒၚနယ္ထရမ့္ ႏွင့္ ဖုန္းဆက္ေဆြးေႏြးခ်ိန္အတြင္း ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္ သည္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန “အိႏၵိယဝန္ႀကီးခ်ဳပ္ဟာ အေမရိကန္သမၼတနဲ႔ ၃၅ မိနစ္ၾကာ ဖုန္းဆက္ ေဆြးေႏြးခဲ့တယ္။ အဲဒီဖုန္းဆက္ေဆြးေႏြးခ်ိန္အတြင္း အိႏၵိယဝန္ႀကီးခ်ဳပ္ဟာ ကက္ရွ္မီးယား၊ ဂ်မူးျပည္နယ္ အေရးကိစၥနဲ႔ပတ္သက္ၿပီး ၾကားဝင္ေစ့စပ္ေပးတာမ်ိဳးကို ဘယ္ေတာ့မွ လက္မခံဘူးဆိုတာကို ေျပာခဲ့တယ္။ အိႏၵိယ ႏိုင္ငံဟာ ႏိုင္ငံေရးအရ အျပည့္အဝညီၫႊတ္မႈရွိတယ္'' ဟု ေျပာသည္။
အိႏၵိယ ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သည္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ၿပီး ကက္ရွ္မီးယားျပည္နယ္၊ ဂ်မူးျပည္နယ္ရွိ ပိုင္နက္မ်ားႏွင့္ပတ္သက္ၿပီး အျငင္းပြားေနခဲ့ရာ ေမလအတြင္း အျပန္အလွန္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ အိႏၵိယ ႏွင့္ ပါကစၥတန္ႏိုင္ငံၾကား အျပန္အလွန္တိုက္ခိုက္မႈမ်ား ရပ္တန႔္ရန္ အေမရိကန္သမၼတက ၾကားဝင္ေဆြးေႏြးေပးခဲ့ ေၾကာင္း သိရသည္။
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီကေဒၚနယ္ထရမ့္ႏွင့္ ဖုန္းဆက္ေဆြးေႏြးခ်ိန္အတြင္း အိႏၵိယ-အေမရိကန္ ကုန္သြယ္ေရး စာခ်ဳပ္သည္ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ေရးႏွင့္ပတ္သက္ၿပီး အဓိကအခန္းက႑မွပါဝင္မည္ျဖစ္ေၾကာင္း ေျပာသည္။ ကက္ရွ္မီးယားႏွင့္ ဂ်မူးျပည္နယ္ႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ားသည္အိႏၵိယႏွင့္ပါကစၥတန္ႏိုင္ငံၾကား လက္ရွိအခ်ိန္အထိ အျငင္းပြားေနေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံသည္ အိႏၵိယ ႏွင့္ ပါကစၥတန္ႏိုင္ငံၾကား ျဖစ္ပြားေနသည့္ အျငင္းပြားမႈမ်ားကိုေျဖရွင္းႏိုင္ရန္ ၾကားဝင္ေစ့စပ္ေပးရန္အတြက္ လိုလားေနေၾကာင္း သတင္းမ်ား လည္း ထြက္ေပၚေနသည္။