ဘီလာရုစ်နဲ့ထိစပ်နေတဲ့နယ်စပ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ပိုလန်ကို ရုရှား တိုက်တွန်း

144

Pika (NP News) - စက်တင်ဘာ ၁၃
ရုရှားနိုင်ငံရဲ့အနီးကပ်ဆုံးမိတ်ဖက်နိုင်ငံဖြစ်တဲ့ဘီလာရုစ်နိုင်ငံနဲ့ထိစပ်နေတဲ့နယ်စပ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ပိုလန် နိုင်ငံကို ရုရှားအစိုးရက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ပိုလန်နိုင်ငံရဲ့နယ်စပ်တွေကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ချက် ဟာ အပျက်သဘောဆောင်တဲ့ရလဒ်တွေကိုဖြစ်ပေါ်လာစေနိုင်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာနိုင် တယ်လို့ ရုရှားအစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ”ဒီလိုအဖျက်လုပ်ရပ်ရဲ့အကျိုးဆက်တွေကို ပြန်လည်စဉ်းစားပြီး ဆုံးဖြတ်ချက်တွေကို အမြန်ဆုံး ပြန်လည်သုံးသပ်ဖို့ ပိုလန်အစိုးရကို ကျွန်မတို့တိုက်တွန်းပါတယ်” လို့ ပြောခဲ့ပါတယ်။
ရုရှားနဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကြောင့် ဘီလာရုစ်နိုင်ငံနဲ့ထိစပ်နေတဲ့နယ်စပ်ကို ပိတ်ပစ်ဖို့ ပိုလန်အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ရုရှားအစိုးရရဲ့ သတိပေးပြောဆိုမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ရုရှားက ပစ်လွှတ်လိုက်တဲ့ဒရုန်းတွေ ပိုလန်လေပိုင်နက်ကို ဝင်ရောက်လာတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားနဲ့ ပိုလန်ကြားတင်းမာမှုတွေ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှား-ယူကရိန်း ပဋိပက္ခဟာ ၎င်းတို့ရဲ့နိုင်ငံနယ်နမိတ်တွေကိုကျော်လွန်ပြီး အခြားနိုင်ငံတွေဆီကို ပျံ့နှံ့သွားနိုင်တဲ့ အန္တရာယ်တွေ ရှိတယ်လို့လည်း ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဘီလာ႐ုစ္နဲ႔ထိစပ္ေနတဲ့နယ္စပ္ကို ျပန္လည္ဖြင့္လွစ္ဖို႔ ပိုလန္ကို ႐ုရွား တိုက္တြန္း
Pika (NP News) - စက္တင္ဘာ ၁၃
႐ုရွားႏိုင္ငံရဲ႕အနီးကပ္ဆုံးမိတ္ဖက္ႏိုင္ငံျဖစ္တဲ့ဘီလာ႐ုစ္ႏိုင္ငံနဲ႔ထိစပ္ေနတဲ့နယ္စပ္ကို ျပန္လည္ဖြင့္လွစ္ဖို႔ ပိုလန္ ႏိုင္ငံကို ႐ုရွားအစိုးရက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ ပိုလန္ႏိုင္ငံရဲ႕နယ္စပ္ေတြကို ပိတ္ပစ္ဖို႔ ဆုံးျဖတ္ခ်က္ ဟာ အပ်က္သေဘာေဆာင္တဲ့ရလဒ္ေတြကိုျဖစ္ေပၚလာေစႏိုင္ၿပီး ေနာက္ဆက္တြဲအက်ိဳးဆက္ေတြ ရွိလာႏိုင္ တယ္လို႔ ႐ုရွားအစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ”ဒီလိုအဖ်က္လုပ္ရပ္ရဲ႕အက်ိဳးဆက္ေတြကို ျပန္လည္စဥ္းစားၿပီး ဆုံးျဖတ္ခ်က္ေတြကို အျမန္ဆုံး ျပန္လည္သုံးသပ္ဖို႔ ပိုလန္အစိုးရကို ကြၽန္မတို႔တိုက္တြန္းပါတယ္” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားနဲ႔ပူးတြဲစစ္ေရးေလ့က်င့္မႈေတြေၾကာင့္ ဘီလာ႐ုစ္ႏိုင္ငံနဲ႔ထိစပ္ေနတဲ့နယ္စပ္ကို ပိတ္ပစ္ဖို႔ ပိုလန္အစိုးရက ဆုံးျဖတ္ခဲ့ၿပီးေနာက္ ႐ုရွားအစိုးရရဲ႕ သတိေပးေျပာဆိုမႈေတြထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ႐ုရွားက ပစ္လႊတ္လိုက္တဲ့ဒ႐ုန္းေတြ ပိုလန္ေလပိုင္နက္ကို ဝင္ေရာက္လာတာနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားနဲ႔ ပိုလန္ၾကားတင္းမာမႈေတြ ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ႐ုရွား-ယူကရိန္း ပဋိပကၡဟာ ၎တို႔ရဲ႕ႏိုင္ငံနယ္နမိတ္ေတြကိုေက်ာ္လြန္ၿပီး အျခားႏိုင္ငံေတြဆီကို ပ်ံ႕ႏွံ႔သြားႏိုင္တဲ့ အႏၲရာယ္ေတြ ရွိတယ္လို႔လည္း ကုလသမဂၢအႀကီးအကဲ အန္တိုနီယိုဂူတာရက္စ္က သတိေပးေျပာဆိုခဲ့ပါတယ္။