အစိုးရ ၅ နှစ်တာကာလအတွင်း ကုန်သွယ်မှု ပိုငွေ ဒေါ်လာ ၂ ဘီလီယံကျော်ခန့်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြော

147

ပီယ (NP News) - စက်တင်ဘာ ၁၃
အစိုးရ ၅ နှစ်တာကာလအတွင်း ကုန်သွယ်မှု ပိုငွေ ဒေါ်လာ ၂ ဘီလီယံကျော်ခန့်ရှိကြောင်း ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁၂ ရက်တွင် ပြုလုပ်သော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
နိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်ပစ္စည်းများ ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍအား အချိန်ယူလေ့လာကြည့်ရာတွင် လမ်းစဉ် ပါတီခေတ်၌ လယ်ယာထွက်ကုန် ၅ဝ ရာခိုင်နှုန်းခန့်ရှိပြီး နဝတခေတ်တွင် လယ်ယာထွက်ကုန် ၃ဝ ရာခိုင်နှုန်း ကျော်ခန့်ရှိကြောင်း၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်နှင့်တွင်းထွက်ပစ္စည်းများ ပိုမိုများပြားသည်ကိုတွေ့ရကြောင်း၊ နယကခေတ်တွင် လယ်ယာထွက်ကုန်များကို ၂၀ ရာခိုင်နှုန်းပတ်ဝန်းကျင်ခန့်သာရှိကြောင်း၊ ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင်လည်း လယ်ယာထွက်ကုန်များကို ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့အစိုးရသက်တမ်းကာလတွင် လယ်ယာထွက်ကုန်များကို ၃၉ ရာခိုင်နှုန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်ကုန်ပစ္စည်းများထက် သယံဇာတပစ္စည်းများနှင့် CMP ထုတ်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်သည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်၍ လယ်ယာထွက်ကုန်ပစ္စည်းများကို ယခုထက်ပိုမိုတင်ပို့နိုင်ရန်လိုကြောင်းလည်း ပြောကြားသည်။
မိမိတို့အစိုးရ၏ ၅ နှစ်တာကာလအတွင်း ကုန်သွယ်မှု ပိုငွေ ဒေါ်လာ ၂ ဘီလီယံကျော်ခန့်ရှိသည်ကို တွေ့ရကြောင်း၊ သို့သော်ယခုထက်ပိုမို၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက ကုန်သွယ်မှုပိုငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံစီးပွားရေးအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြောသည်။
မိမိအနေဖြင့် ၂၀၂၂ ခုနှစ်မှ စတင်၍ နိုင်ငံအတွင်း စားသုံးဆီများလုံလောက်စွာ ထုတ်လုပ်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သော်လည်း ယခုအချိန်အထိ လုံလောက်မှုမရှိသေးကြောင်း၊ ထို့ကြောင့် စားသုံးဆီများကို ပြည်ပမှတင်သွင်းနေရပြီး နှစ်စဉ်နိုင်ငံခြားငွေများ ကုန်ကျလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ဆီထွက် သီးနှံများကို တစ်ဧကအထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်မည်၊ နေကြာစိုက်ပျိုးရေးကို တိုးချဲ့စိုက် ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီများ ဖူလုံမှုရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်းလည်း မှာကြားသည်။
ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားငွေများရရှိနိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းနေရသည့် ပြည်တွင်းထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်၍ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုအတွက် အားလုံးက အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ပြောကြားသည်။

Zawgyi Version:
အစိုးရ ၅ ႏွစ္တာကာလအတြင္း ကုန္သြယ္မႈ ပိုေငြ ေဒၚလာ ၂ ဘီလီယံေက်ာ္ခန႔္ရွိေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာသာယာေရးေကာ္မရွင္ဥကၠ႒ ေျပာ
ပီယ (NP News) - စက္တင္ဘာ ၁၃
အစိုးရ ၅ ႏွစ္တာကာလအတြင္း ကုန္သြယ္မႈ ပိုေငြ ေဒၚလာ ၂ ဘီလီယံေက်ာ္ခန႔္ရွိေၾကာင္း ယာယီသမၼတႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စက္တင္ဘာလ ၁၂ ရက္တြင္ ျပဳလုပ္ေသာ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕တို႔၏ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ေျပာသည္။
ႏိုင္ငံႏွင့္ ကုန္သြယ္မႈျမႇင့္တင္ႏိုင္ရန္အတြက္ စိုက္ပ်ိဳးေမြးျမဴေရးထြက္ကုန္ပစၥည္းမ်ား ပိုမိုတိုးတက္ေအာင္ ထုတ္လုပ္ႏိုင္ရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ျပည္ပပို႔ကုန္က႑အား အခ်ိန္ယူေလ့လာၾကည့္ရာတြင္ လမ္းစဥ္ ပါတီေခတ္၌ လယ္ယာထြက္ကုန္ ၅ဝ ရာခိုင္ႏႈန္းခန႔္ရွိၿပီး နဝတေခတ္တြင္ လယ္ယာထြက္ကုန္ ၃ဝ ရာခိုင္ႏႈန္း ေက်ာ္ခန႔္ရွိေၾကာင္း၊ သစ္ေတာထြက္ပစၥည္း၊ ေရထြက္ႏွင့္တြင္းထြက္ပစၥည္းမ်ား ပိုမိုမ်ားျပားသည္ကိုေတြ႕ရေၾကာင္း၊ နယကေခတ္တြင္ လယ္ယာထြက္ကုန္မ်ားကို ၂၀ ရာခိုင္ႏႈန္းပတ္ဝန္းက်င္ခန႔္သာရွိေၾကာင္း၊ ဒီမိုကေရစီအစိုးရသက္တမ္းႏွစ္ခုတြင္လည္း လယ္ယာထြက္ကုန္မ်ားကို ၂၀ ရာခိုင္ႏႈန္း ပတ္ဝန္းက်င္ခန႔္သာ တင္ပို႔ႏိုင္ခဲ့ေၾကာင္း၊ မိမိတို႔အစိုးရသက္တမ္းကာလတြင္ လယ္ယာထြက္ကုန္မ်ားကို ၃၉ ရာခိုင္ႏႈန္းခန႔္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ထုတ္ကုန္ပစၥည္းမ်ားထက္ သယံဇာတပစၥည္းမ်ားႏွင့္ CMP ထုတ္ကုန္ပစၥည္းမ်ား ပိုမိုတင္ပို႔ႏိုင္သည္ကိုေတြ႕ရေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေမြးျမဴေရးကိုအေျခခံသည့္ ႏိုင္ငံျဖစ္၍ လယ္ယာထြက္ကုန္ပစၥည္းမ်ားကို ယခုထက္ပိုမိုတင္ပို႔ႏိုင္ရန္လိုေၾကာင္းလည္း ေျပာၾကားသည္။
မိမိတို႔အစိုးရ၏ ၅ ႏွစ္တာကာလအတြင္း ကုန္သြယ္မႈ ပိုေငြ ေဒၚလာ ၂ ဘီလီယံေက်ာ္ခန႔္ရွိသည္ကို ေတြ႕ရေၾကာင္း၊ သို႔ေသာ္ယခုထက္ပိုမို၍ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားကို ထုတ္လုပ္တင္ပို႔ႏိုင္မည္ဆိုပါက ကုန္သြယ္မႈပိုေငြမ်ား ပိုမိုတိုးတက္လာမည္ျဖစ္ၿပီး ႏိုင္ငံစီးပြားေရးအတြက္မ်ားစြာအက်ိဳးျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာသာယာေရးေကာ္မရွင္ ဥကၠ႒က ေျပာသည္။
မိမိအေနျဖင့္ ၂၀၂၂ ခုႏွစ္မွ စတင္၍ ႏိုင္ငံအတြင္း စားသုံးဆီမ်ားလုံေလာက္စြာ ထုတ္လုပ္ႏိုင္ေရး တိုက္တြန္းေျပာၾကားခဲ့ေသာ္လည္း ယခုအခ်ိန္အထိ လုံေလာက္မႈမရွိေသးေၾကာင္း၊ ထို႔ေၾကာင့္ စားသုံးဆီမ်ားကို ျပည္ပမွတင္သြင္းေနရၿပီး ႏွစ္စဥ္ႏိုင္ငံျခားေငြမ်ား ကုန္က်လ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံမွထြက္ရွိသည့္ ဆီထြက္ သီးႏွံမ်ားကို တစ္ဧကအထြက္ႏႈန္းျပည့္မီေအာင္ စိုက္ပ်ိဳးႏိုင္မည္၊ ေနၾကာစိုက္ပ်ိဳးေရးကို တိုးခ်ဲ႕စိုက္ ပ်ိဳးႏိုင္မည္ဆိုပါက ျပည္တြင္းစားသုံးဆီမ်ား ဖူလုံမႈရွိလာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဆီထြက္သီးႏွံမ်ားစိုက္ပ်ိဳးသည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း မွာၾကားသည္။
ထုတ္ကုန္မ်ား ပိုမိုတိုးတက္ထုတ္လုပ္ၿပီး ျပည္ပသို႔တင္ပို႔ႏိုင္မည္ဆိုပါက ႏိုင္ငံအတြက္ ႏိုင္ငံျခားေငြမ်ားရရွိႏိုင္ၿပီး ျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ား မ်ားစြာတိုးတက္လာမည္ျဖစ္ေၾကာင္း၊ ျပည္ပမွတင္သြင္းေနရသည့္ ျပည္တြင္းထုတ္လုပ္ႏိုင္သည့္ ကုန္ပစၥည္းမ်ားကို ျပည္တြင္း၌ လုံေလာက္စြာထုတ္လုပ္၍ ျပည္ပသြင္းကုန္မ်ား အစားထိုးႏိုင္ရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံ့စီးပြားေရးျမႇင့္တင္မႈအတြက္ အားလုံးက အေလးထားေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းလည္း ေျပာၾကားသည္။