ဆန္ဒပြပွဲများဖြစ်ပွားနေသောနီပေါတွင် အမျိုးသမီးဝန်ကြီးချုပ်ကို နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်ခန့်အပ်

388

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၃
နီပေါ တရားရုံးချုပ်တရားသူကြီးဟောင်း ဆူရှီလာ ကာကီသည် နီပေါနိုင်ငံ၏ ယာယီဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရကြောင်း သိရသည်။
နီပေါနိုင်ငံတွင်ဝန်ကြီးချုပ် ရှာမာအိုလီဦးဆောင်သော နီပေါအစိုးရသည် ပြည်သူများ၏ ပြုပြင်ပြောင်းလဲမှုလိုလားသောမျှော်လင့်ချက်ကို လက်တွေ့အကောင်ထည်ဖော်ရန် ပျက်ကွက်ခဲ့ပြီးနောက် လူငယ်များ ဦးဆောင်ကာဆန္ဒပြပွဲများဖြစ်လာခဲ့ခြင်းဖြစ်ခဲ့ရာ ပြီးခဲ့သောရက်ပိုင်းတွင် ရှာမာအိုလီ ဦးဆောင်သော အစိုးရအဖွဲ့ဖြုတ်ချခံရကြောင်း သိရသည်။
ဆန္ဒပြအုပ်စုများသည် တရားသူကြီးချုပ်ဟောင်း ကာကီကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ရန် လိုလားခဲ့ပြီးနောက် လက်ရှိအချိန်တွင် ကာကီကို ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အသက် ၇၃နှစ်အရွယ်ရှိ ကာကီသည် နီပေါနိုင်ငံသမိုင်းတွင် ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ကြောင်းသိရသည်။ ဆန္ဒပြအုပ်စုများနှင့် ယာယီအစိုးရအဖွဲ့တာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဆူရှိလာ ကာကီကို ဝန်ကြီးချုပ်အသစ် ခန့်အပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
နီပေါနိုင်ငံတွင် အစိုးရဆန့်ကျင့်ရေးဆန္ဒပြပွဲများကြောင့် စက်တင်ဘာ ၁၂ ရက်တွင် လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး လာမည့်နှစ် မတ်လတွင် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ်အသစ်တာဝန်ယူမည့် ကာကီသည် လာမည့်ရက်ပိုင်းအတွင်း အစိုးရအဖွဲ့တာဝန်ရှိသူများကို ရွေးချယ်ခန့်အပ်ဖွယ်ရှိနေသည်။ နီပေါနိုင်ငံ သမ္မတ၏အကြံပေးဖြစ်သူက ကာကီကို ဝန်ကြီးချုပ်အသစ်အဖြစ်ခန့်အပ်ခဲ့ကြောင်း အတည်ပြုပြောဆိုထားသည်။ နီပေါနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် ဆန္ဒပြပွဲများအတွင်း လုံခြုံရေးအဖွဲ့များ နှင့် ဆန္ဒပြသူများထိပ်တိုက်တွေ့ဆုံမှုများကြောင့် အနည်းဆုံးလူပေါင်း ၅ဝ ကျော် သေဆုံးထားကြောင်း သိရသည်။
နီပေါနိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက အစိုးရဆန့်ကျင့်ရေး ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်နုတ်ထွက်ခဲ့ရသလို လွှတ်တော်ကိုလည်း မီးရှို့ရန် ကြိုးစားခြင်းများရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် နီပေါနိုင်ငံတွင် ဆန္ဒပြအုပ်စုများသည် အစိုးရရုံးဌာနများကို တိုက်ခိုက်ရန်ကြိုးစားခြင်းအပြင် ငွေကြေးချမ်းသာသူများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းခြင်းများရှိနေကြောင်း သိရသည်။
နီပေါနိုင်ငံတွင်ဖြစ်ပွားသောဆန္ဒပြပွဲများအတွင်း ပါဝင်သူအများစုက အသက် ၂ဝ အရွယ် လူငယ်များဖြစ်ပြီး အစိုးရလွှတ်တော် အဆောက်အဦးများ အပြင် ဇီမ်ခံဟိုတည်များကိုတိုက်ခိုက်ရန် ကြိုးပမ်းလာခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် နီပေါစစ်တပ်ကို ဖြန့်ကြတ်ချထားပြီး နီပေါစစ်တပ်က ကန့်သတ်ခြင်းများ လုပ်ဆောင်လျက်ရှိနေသည်။ နီပေါနိုင်ငံတွင် ၁၉၉၀ခုနှစ်တွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ဖူးသလို ၂၀၀၆ ခုနှစ်ကလည်းဆန္ဒပြပွဲများဖြစ်ခဲ့ဖူးကြောင်း သိရသည်။ နီပေါနိုင်ငံတွင် လူဦးရေအနည်းဆုံး သန်း ၃၀ နီးပါးရှိနေပြီး အပျက်ပျက်လာဘ်စားမှုမြင့်တက်ခြင်း၊ လူတန်းစား မညီမျှမှုများ ပိုမိုဖြစ်လာခြင်းများကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဆႏၵျပပြဲမ်ားျဖစ္ပြားေနေသာနီေပါတြင္ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ကို ႏိုင္ငံသမိုင္းတြင္ ပထမဆုံးအႀကိမ္ခန႔္အပ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၃
နီေပါ တရား႐ုံးခ်ဳပ္တရားသူႀကီးေဟာင္း ဆူရွီလာ ကာကီသည္ နီေပါႏိုင္ငံ၏ ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးခ်ယ္ခံရေၾကာင္း သိရသည္။
နီေပါႏိုင္ငံတြင္ဝန္ႀကီးခ်ဳပ္ ရွာမာအိုလီဦးေဆာင္ေသာ နီေပါအစိုးရသည္ ျပည္သူမ်ား၏ ျပဳျပင္ေျပာင္းလဲမႈလိုလားေသာေမွ်ာ္လင့္ခ်က္ကို လက္ေတြ႕အေကာင္ထည္ေဖာ္ရန္ ပ်က္ကြက္ခဲ့ၿပီးေနာက္ လူငယ္မ်ား ဦးေဆာင္ကာဆႏၵျပပြဲမ်ားျဖစ္လာခဲ့ျခင္းျဖစ္ခဲ့ရာ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ရွာမာအိုလီ ဦးေဆာင္ေသာ အစိုးရအဖြဲ႕ျဖဳတ္ခ်ခံရေၾကာင္း သိရသည္။
ဆႏၵျပအုပ္စုမ်ားသည္ တရားသူႀကီးခ်ဳပ္ေဟာင္း ကာကီကို ဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးခ်ယ္ရန္ လိုလားခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္တြင္ ကာကီကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။ အသက္ ၇၃ႏွစ္အ႐ြယ္ရွိ ကာကီသည္ နီေပါႏိုင္ငံသမိုင္းတြင္ ပထမဆုံးအမ်ိဳးသမီး ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ေၾကာင္းသိရသည္။ ဆႏၵျပအုပ္စုမ်ားႏွင့္ ယာယီအစိုးရအဖြဲ႕တာဝန္ရွိသူမ်ားၾကား ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ဆူရွိလာ ကာကီကို ဝန္ႀကီးခ်ဳပ္အသစ္ ခန႔္အပ္ရန္ သေဘာတူညီခဲ့ေၾကာင္း သိရသည္။
နီေပါႏိုင္ငံတြင္ အစိုးရဆန႔္က်င့္ေရးဆႏၵျပပြဲမ်ားေၾကာင့္ စက္တင္ဘာ ၁၂ ရက္တြင္ လႊတ္ေတာ္ကို ဖ်က္သိမ္းခဲ့ၿပီး လာမည့္ႏွစ္ မတ္လတြင္ ေ႐ြးေကာက္ပြဲကို ျပန္လည္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ဝန္ႀကီးခ်ဳပ္အသစ္တာဝန္ယူမည့္ ကာကီသည္ လာမည့္ရက္ပိုင္းအတြင္း အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားကို ေ႐ြးခ်ယ္ခန႔္အပ္ဖြယ္ရွိေနသည္။ နီေပါႏိုင္ငံ သမၼတ၏အႀကံေပးျဖစ္သူက ကာကီကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ခန႔္အပ္ခဲ့ေၾကာင္း အတည္ျပဳေျပာဆိုထားသည္။ နီေပါႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရွိေနသည့္ ဆႏၵျပပြဲမ်ားအတြင္း လုံၿခဳံေရးအဖြဲ႕မ်ား ႏွင့္ ဆႏၵျပသူမ်ားထိပ္တိုက္ေတြ႕ဆုံမႈမ်ားေၾကာင့္ အနည္းဆုံးလူေပါင္း ၅ဝ ေက်ာ္ ေသဆုံးထားေၾကာင္း သိရသည္။
နီေပါႏိုင္ငံတြင္ ၿပီးခဲ့ေသာရက္ပိုင္းက အစိုးရဆန႔္က်င့္ေရး ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ႏုတ္ထြက္ခဲ့ရသလို လႊတ္ေတာ္ကိုလည္း မီးရႈိ႕ရန္ ႀကိဳးစားျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ နီေပါႏိုင္ငံတြင္ ဆႏၵျပအုပ္စုမ်ားသည္ အစိုးရ႐ုံးဌာနမ်ားကို တိုက္ခိုက္ရန္ႀကိဳးစားျခင္းအျပင္ ေငြေၾကးခ်မ္းသာသူမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ရန္ ႀကိဳးပမ္းျခင္းမ်ားရွိေနေၾကာင္း သိရသည္။
နီေပါႏိုင္ငံတြင္ျဖစ္ပြားေသာဆႏၵျပပြဲမ်ားအတြင္း ပါဝင္သူအမ်ားစုက အသက္ ၂ဝ အ႐ြယ္ လူငယ္မ်ားျဖစ္ၿပီး အစိုးရလႊတ္ေတာ္ အေဆာက္အဦးမ်ား အျပင္ ဇီမ္ခံဟိုတည္မ်ားကိုတိုက္ခိုက္ရန္ ႀကိဳးပမ္းလာခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ နီေပါစစ္တပ္ကို ျဖန႔္ၾကတ္ခ်ထားၿပီး နီေပါစစ္တပ္က ကန႔္သတ္ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေနသည္။ နီေပါႏိုင္ငံတြင္ ၁၉၉၀ခုႏွစ္တြင္ ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့ဖူးသလို ၂၀၀၆ ခုႏွစ္ကလည္းဆႏၵျပပြဲမ်ားျဖစ္ခဲ့ဖူးေၾကာင္း သိရသည္။ နီေပါႏိုင္ငံတြင္ လူဦးေရအနည္းဆုံး သန္း ၃၀ နီးပါးရွိေနၿပီး အပ်က္ပ်က္လာဘ္စားမႈျမင့္တက္ျခင္း၊ လူတန္းစား မညီမွ်မႈမ်ား ပိုမိုျဖစ္လာျခင္းမ်ားေၾကာင့္ ဆႏၵျပပြဲမ်ား ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း သိရသည္။