တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးဖို့ အမေရိကန်ကိုတောင်းဆိုထားတယ်လို့ ယူကရိန်းသမ္မတ ပြော

82

Pika (NP News) - စက်တင်ဘာ ၁၃
အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ ရုရှားဘက်က ငြင်းဆိုခဲ့မယ်ဆိုရင် ယူကရိန်းကို တာဝေးပစ်စစ်လက်နက် ပစ္စည်းတွေထောက်ပံ့ပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို တောင်းဆိုထားတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးဟာ ဖင်လန်သမ္မတအလက်ဇန်းဒါးစတက်ဘ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ယခုလို ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရုရှားသမ္မတပူတင်ရဲ့နယ်ချဲ့အစီအစဉ်ဟာ ယူကရိန်းကို သိမ်းပိုက်မှုနဲ့အတူ အဆုံးသတ်သွားမှာ မဟုတ်ကြောင်းနဲ့ ယူကရိန်းကိုသိမ်းပိုက်မှုဟာ အစသာရှိသေးတယ်လို့ ဂျာမန်အဓိပတိဖရက်ဒရစ်မာ့ဇ်က သတိပေးပြောဆိုခဲ့ပြီးနောက် ဇီလန်စကီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။
ဒါ့ပြင် (၂၀၂၆)ခုနှစ် နဲ့ (၂၀၂၇)ခုနှစ်အတွင်း ယူကရိန်းအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၈ ဒသမ ၆) ဘီလျံကို ဆွီဒင်အစိုးရက ထုတ်ပြန်ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့ သဘောတူညီချက်တွေကို ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း အကျဉ်းသားအပြန်အလှန်လဲလှယ်ရေးနဲ့ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ ပြန်လည်ပေးအပ်ဖို့ သဘောတူညီချက်တွေကိုသာ ရယူနိုင်ခဲ့တယ် လို့လည်း သိရပါတယ်။

Zawgyi Version:
တာေဝးပစ္လက္နက္ေတြ ေထာက္ပံ့ေပးဖို႔ အေမရိကန္ကိုေတာင္းဆိုထားတယ္လို႔ ယူကရိန္းသမၼတ ေျပာ
Pika (NP News) - စက္တင္ဘာ ၁၃
အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ဖို႔ ႐ုရွားဘက္က ျငင္းဆိုခဲ့မယ္ဆိုရင္ ယူကရိန္းကို တာေဝးပစ္စစ္လက္နက္ ပစၥည္းေတြေထာက္ပံ့ေပးဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို ေတာင္းဆိုထားတယ္လို႔ ယူကရိန္းသမၼတ ဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးဟာ ဖင္လန္သမၼတအလက္ဇန္းဒါးစတက္ဘ္နဲ႔ ပူးတြဲသတင္းစာရွင္းလင္းပြဲတစ္ခုအတြင္း ယခုလို ထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ႐ုရွားသမၼတပူတင္ရဲ႕နယ္ခ်ဲ႕အစီအစဥ္ဟာ ယူကရိန္းကို သိမ္းပိုက္မႈနဲ႔အတူ အဆုံးသတ္သြားမွာ မဟုတ္ေၾကာင္းနဲ႔ ယူကရိန္းကိုသိမ္းပိုက္မႈဟာ အစသာရွိေသးတယ္လို႔ ဂ်ာမန္အဓိပတိဖရက္ဒရစ္မာ့ဇ္က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ ဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာ တာျဖစ္ပါတယ္။
ဒါ့ျပင္ (၂၀၂၆)ခုႏွစ္ နဲ႔ (၂၀၂၇)ခုႏွစ္အတြင္း ယူကရိန္းအတြက္ စစ္ေရးအကူအညီ အေမရိကန္ေဒၚလာ(၈ ဒသမ ၆) ဘီလ်ံကို ဆြီဒင္အစိုးရက ထုတ္ျပန္ေၾကညာခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စလုံးက သိသာထင္ရွားတဲ့ သေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း အက်ဥ္းသားအျပန္အလွန္လဲလွယ္ေရးနဲ႔ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ ျပန္လည္ေပးအပ္ဖို႔ သေဘာတူညီခ်က္ေတြကိုသာ ရယူႏိုင္ခဲ့တယ္ လို႔လည္း သိရပါတယ္။