ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကို ရာထူးမှဖြုတ်ချနိုင်သည့်နေ့ကို နိုင်ငံတော်အားလပ်ရက်အဖြစ် ဘင်္ဂလားဒေရှ့်အစိုးရ သတ်မှတ်

89

ဂျန်ဇက် (NP News) - ဇွန် ၂၁
ဘင်္ဂလားဒေရှ့်အစိုးရသည် ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကို ရာထူးမှ ဖြုတ်ချနိုင်ခဲ့သည့်နေ့ကို နိုင်ငံတော် အားလပ်ရက် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၄ ရက်မှ သြဂုတ်လ ၅ ရက်အထိ ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကို ဦးဆောင်သော အစိုးရအဖွဲ့ကို ဖြုတ်ချရန် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့်ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။
လက်ရှိအချိန် တွင် ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့က ရှိတ်ဟာစီနာကို ရာထူးမှဖြုတ်ချနိုင်ခဲ့သည့် သြဂုတ် ၅ ရက်ကို နိုင်ငံတော်အားလပ်ရက်အဖြစ် ကြေညာလိုက်ကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဝန်ကြီးချုပ် ဟောင်းရှိတ်ဟာစီနာ ဦးဆောင်သောအစိုးရအဖွဲ့ ဖြုတ်ချခံရလိုက်ရပြီးနောက် အိမ်စောင့်အစိုးရအဖွဲ့ ဖွဲ့စည်းထား သော်လည်း ယူနွတ်ဦးဆောင်သော ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့သည် ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာ
ဦးဆောင်သော အေဝါမီလိဂ်ပါတီကို ဖိနှီပ်မှုများလုပ်ဆောင်ခဲ့ကြောင်း ဝေဖန်မှုများမြင့်တက်ခဲသည်။ ဘင်္ဂလားဒေရှ့် အိမ်စောင့်အစိုးရအဖွ့ဲသည် အေဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲဝင်ရောက်မည့်ပါတီများစာရင်းတွင် မှတ်ပုံတင်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ယူနွတ်ဦးဆောင်သောအိမ်စောင့်အစိုးရအဖွဲ့က ရွေးကောက်ပွဲကျင်းပမည့်အချိန်ကို အတိအကျ ထုတ်ပြန်မှုမရှိခြင်းနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ မကြာသေးမီ က ဖြစ်ပွားခဲ့သော်လည်း လာမည့်နှစ် ရာမာဒန် ကာလမတိုင်ခင် ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့သည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံနေသော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ကို လူသားအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများဖြင့်စွဲချက်တင်ထားပြီး ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပြန်လာကာ တရားရင်ဆိုင်ရန် ဆင့်ခေါ်ထားသော်လည်းရှိတ်ဟာစီနာက ပြန်လာခြင်းမရှိကြောင်း သိရသည်။

Zawgyi Version:
ဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာစီနာကို ရာထူးမွျဖဳတ္ခ်ႏိုင္သည့္ေန႔ကို ႏိုင္ငံေတာ္အားလပ္ရက္အျဖစ္ ဘဂၤလားေဒရွ႕္ အစိုးရ သတ္မွတ္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၁
ဘဂၤလားေဒရွ႕္အစိုးရသည္ ဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာစီနာကို ရာထူးမွ ျဖဳတ္ခ်ႏိုင္ခဲ့သည့္ေန႔ကို ႏိုင္ငံေတာ္ အားလပ္ရက္ အစိုးရ႐ုံးပိတ္ရက္အျဖစ္ သတ္မွတ္လိုက္ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ၂၀၂၄ ခုႏွစ္ ဇူလိုင္ ၁၄ ရက္မွ ၾသဂုတ္လ ၅ ရက္အထိ ဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာစီနာကို ဦးေဆာင္ေသာ အစိုးရအဖြဲ႕ကို ျဖဳတ္ခ်ရန္ တကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္သည့္ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့သည္။
လက္ရွိအခ်ိန္ တြင္ ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕က ရွိတ္ဟာစီနာကို ရာထူးမွျဖဳတ္ခ်ႏိုင္ခဲ့သည့္ ၾသဂုတ္ ၅ ရက္ကို ႏိုင္ငံေတာ္အားလပ္ရက္အျဖစ္ ေၾကညာလိုက္ေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ဝန္ႀကီးခ်ဳပ္ ေဟာင္းရွိတ္ဟာစီနာ ဦးေဆာင္ေသာအစိုးရအဖြဲ႕ ျဖဳတ္ခ်ခံရလိုက္ရၿပီးေနာက္ အိမ္ေစာင့္အစိုးရအဖြဲ႕ ဖြဲ႕စည္းထား ေသာ္လည္း ယူႏြတ္ဦးေဆာင္ေသာ ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕သည္ ဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာစီနာ
ဦးေဆာင္ေသာ ေအဝါမီလိဂ္ပါတီကို ဖိႏွီပ္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း ေဝဖန္မႈမ်ားျမင့္တက္ခဲသည္။ ဘဂၤလားေဒရွ႕္ အိမ္ေစာင့္အစိုးရအဖြ႕ဲသည္ ေအဝါမီလိဂ္ပါတီကို ေ႐ြးေကာက္ပြဲဝင္ေရာက္မည့္ပါတီမ်ားစာရင္းတြင္ မွတ္ပုံတင္ခြင့္ ပိတ္ပင္ခဲ့ေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ ယူႏြတ္ဦးေဆာင္ေသာအိမ္ေစာင့္အစိုးရအဖြဲ႕က ေ႐ြးေကာက္ပြဲက်င္းပမည့္အခ်ိန္ကို အတိအက် ထုတ္ျပန္မႈမရွိျခင္းႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ား မၾကာေသးမီ က ျဖစ္ပြားခဲ့ေသာ္လည္း လာမည့္ႏွစ္ ရာမာဒန္ ကာလမတိုင္ခင္ ေ႐ြးေကာက္ပြဲ ျပန္က်င္းပႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။
ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕သည္ အိႏၵိယႏိုင္ငံသို႔ ထြက္ေျပးခိုလႈံေနေသာ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာ ကို လူသားအေပၚ က်ဴးလြန္သည့္ရာဇဝတ္မႈမ်ားျဖင့္စြဲခ်က္တင္ထားၿပီး ဘဂၤလားေဒရွ႕္ႏိုင္ငံသို႔ ျပန္လာကာ တရားရင္ဆိုင္ရန္ ဆင့္ေခၚထားေသာ္လည္းရွိတ္ဟာစီနာက ျပန္လာျခင္းမရွိေၾကာင္း သိရသည္။