အလုပ်သင်ပါမချန် I Phone 17 pro max ဝယ်ပေးလိုက်တဲ့ တရုတ်သူဋ္ဌေး အကောင်းဆုံးအလုပ်ရှင်အဖြစ် နာမည်ကြီးနေ

 496

ရောင်နီ (NP News) - စက်တင်ဘာ ၁၃
iPhone 17 စီးရီးဟာ ထွက်တာ ရက်ပိုင်းမျှသာ ရှိသေးပေမယ့် တရုတ် vlogging ကုမ္ပဏီ Mediastorm ကတော့ သူ့ဝန်ထမ်းတွေကို အလုပ်သင်ပါမချန် အားလုံးအတွက် iPhone 17 pro max ဝယ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ဒီအကြောင်းဆိုရှယ်မီဒီယာ လူမှုကွန်ရက် Xiaohongshu မှာ သုံးစွဲသူ Fyjdreaming အကောင့်က ဗုဒ္ဓဟူး နေ့ (စက်တင်ဘာ ၁ဝ ရက်) မှာ ပိုစ့်တင်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့သူဋ္ဌေးက "Apple serie အသစ်ထွက်ပြီ၊ ခါတိုင်းလိုပဲ ဝန်ထမ်းတိုင်း အလုပ်သင်ပါမချန် iPhone 17 pro max ကို ကြိုက်နှစ်သက်ရာ အရောင်ရွေးယူနိုင် တယ်" လို့ဆိုတဲ့ မက်ဆေ့ချ် တွေ့ရှိရပြီးနောက် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Apple ကွန်ဖရင့် ကိုတက်ရောက်ခဲ့ပြီး Steve Jobs Theatre မှာ iPhone promax serie တွေကို ကြည့်ရှု ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ အသစ်ထွက်တဲ့ iPhone 17 Pro Max ဟာ ဒေါ်လာ ၁,၈၉၉ ဝန်းကျင်တန်ဖိုးရှိပါတယ်။ ဝန်ထမ်းတွေ အနေနဲ့ ဖုန်းအသစ်ကို ကုမ္ပဏီမှာ အလုပ်လုပ်နေသရွေ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး vlogging လုပ်တဲ့ တရုတ်မီဒီယာကုမ္ပဏီ Mediastorm ဟာ ဆိုရှယ်မီဒီယာ Bilibili တစ်ခုတည်းမှာတင် Follower ၁၂ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
အလုပ္သင္ပါမခ်န္ I Phone 17 pro max ဝယ္ေပးလိုက္တဲ့ တ႐ုတ္သူေ႒း အေကာင္းဆုံးအလုပ္ရွင္အျဖစ္ နာမည္ ႀကီးေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၃
iPhone 17 စီးရီးဟာ ထြက္တာ ရက္ပိုင္းမွ်သာ ရွိေသးေပမယ့္ တ႐ုတ္ vlogging ကုမၸဏီ Mediastorm ကေတာ့ သူ႔ဝန္ထမ္းေတြကို အလုပ္သင္ပါမခ်န္ အားလုံးအတြက္ iPhone 17 pro max ဝယ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။
ဒီအေၾကာင္းဆိုရွယ္မီဒီယာ လူမႈကြန္ရက္ Xiaohongshu မွာ သုံးစြဲသူ Fyjdreaming အေကာင့္က ဗုဒၶဟူး ေန႔ (စက္တင္ဘာ ၁ဝ ရက္) မွာ ပိုစ့္တင္ခဲ့တာ ျဖစ္ပါတယ္။ သူမရဲ႕သူေ႒းက "Apple serie အသစ္ထြက္ၿပီ၊ ခါတိုင္းလိုပဲ ဝန္ထမ္းတိုင္း အလုပ္သင္ပါမခ်န္ iPhone 17 pro max ကို ႀကိဳက္ႏွစ္သက္ရာ အေရာင္ေ႐ြးယူႏိုင္ တယ္" လို႔ဆိုတဲ့ မက္ေဆ့ခ်္ ေတြ႕ရွိရၿပီးေနာက္ အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္ရွိ Apple ကြန္ဖရင့္ ကိုတက္ေရာက္ခဲ့ၿပီး Steve Jobs Theatre မွာ iPhone promax serie ေတြကို ၾကည့္ရႈ ဝယ္ယူခဲ့တယ္လို႔ ဆိုပါတယ္။ အသစ္ထြက္တဲ့ iPhone 17 Pro Max ဟာ ေဒၚလာ ၁,၈၉၉ ဝန္းက်င္တန္ဖိုးရွိပါတယ္။ ဝန္ထမ္းေတြ အေနနဲ႔ ဖုန္းအသစ္ကို ကုမၸဏီမွာ အလုပ္လုပ္ေနသေ႐ြ႕ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။
ထုတ္ကုန္ေတြနဲ႔ပတ္သက္ၿပီး vlogging လုပ္တဲ့ တ႐ုတ္မီဒီယာကုမၸဏီ Mediastorm ဟာ ဆိုရွယ္မီဒီယာ Bilibili တစ္ခုတည္းမွာတင္ Follower ၁၂ သန္းေက်ာ္ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.