ဒေါက်တာအေးမောင်ကို အရေးယူထားခြင်းအား UEC မှ ပယ်ဖျက်ပေး

 193

ချယ်ရီ (NP News) - စက်တင်ဘာ ၁၃
ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ အရေးယူထားခြင်းအား UEC မှ ထပ်မံ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယမန်နေ့ စက်တင်ဘာလ (၁၂) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
UEC ၏ (၁၈ . ၅ . ၂၀၂၀) ရက်စွဲပါ ကြေညာချက်အမှတ် ( ၉၆/၂၀၂၀) ဖြင့် (၂၀၁၇) ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော ဒေါက်တာအေးမောင်ကို စစ်တွေခရိုင် တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ်၊ (၉/၂၀၁၈)၊ ရာဇသတ်ကြီးပုဒ်မ (၅၀၅) ပုဒ်မခွဲ(ခ)နှင့် ရာဇဝတ်ကြီးအမှု အမှတ်၊ (၃/၂၀၁၈)၊ ရာဇသတ်ကြီးပုဒ်မ (၁၂၂) ပုဒ်မခွဲ(၁) တို့အရ ပြစ်မှုထင်ရှား စီရင်ခဲ့ပြီး ပြစ်ဒဏ်ကျခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၁၁) ပုဒ်မခွဲ (ဃ)ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ၎င်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသူအဖြစ်မှ ပယ်ဖျက်လိုက်ပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ (၈၈) ပုဒ်မခွဲ(က)အရ နောင်တွင် ပြုလုပ်သည့်ရွေးကောက်ပွဲများတွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် ၎င်းအပေါ်ပြစ်မှုထင်ရှားစီရင်ထားသည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့‌ေကြာင်း သိရသည်။
သို့ဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှလည်း ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ (၈၈) ပုဒ်မခွဲ (က) အရ နောင်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေညာထားခြင်းအား ပယ်ဖျက်လိုက်ကြောင်း သိရသည်။

Zawgyi Version:
ေဒါက္တာေအးေမာင္ကို အေရးယူထားျခင္းအား UEC မွ ပယ္ဖ်က္ေပး
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၃
ေဒါက္တာေအးေမာင္ကို ျပည္သူ႔လႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒအရ အေရးယူထားျခင္းအား UEC မွ ထပ္မံ ပယ္ဖ်က္လိုက္ေၾကာင္း ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ယမန္ေန႔ စက္တင္ဘာလ (၁၂) ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
UEC ၏ (၁၈ . ၅ . ၂၀၂၀) ရက္စြဲပါ ေၾကညာခ်က္အမွတ္ ( ၉၆/၂၀၂၀) ျဖင့္ (၂၀၁၇) ခုႏွစ္၊ ဧၿပီလ (၁) ရက္ေန႔တြင္ က်င္းပခဲ့ေသာ ၾကားျဖတ္ေ႐ြးေကာက္ပြဲ၌ ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံရေသာ ေဒါက္တာေအးေမာင္ကို စစ္ေတြခ႐ိုင္ တရား႐ုံးက ရာဇဝတ္ႀကီးအမႈအမွတ္၊ (၉/၂၀၁၈)၊ ရာဇသတ္ႀကီးပုဒ္မ (၅၀၅) ပုဒ္မခြဲ(ခ)ႏွင့္ ရာဇဝတ္ႀကီးအမႈ အမွတ္၊ (၃/၂၀၁၈)၊ ရာဇသတ္ႀကီးပုဒ္မ (၁၂၂) ပုဒ္မခြဲ(၁) တို႔အရ ျပစ္မႈထင္ရွား စီရင္ခဲ့ၿပီး ျပစ္ဒဏ္က်ခံခဲ့ရေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္သူ႔လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒပုဒ္မ (၁၁) ပုဒ္မခြဲ (ဃ)ပါ ျပ႒ာန္းခ်က္ႏွင့္ၿငိစြန္းသျဖင့္ ၎ကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ တင္ေျမႇာက္ခံရသူအျဖစ္မွ ပယ္ဖ်က္လိုက္ၿပီး ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ (၈၈) ပုဒ္မခြဲ(က)အရ ေနာင္တြင္ ျပဳလုပ္သည့္ေ႐ြးေကာက္ပြဲမ်ားတြင္ ျပည္သူ႔ လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ခြင့္မရွိေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။
ထို႔ေၾကာင့္ ၎အေပၚျပစ္မႈထင္ရွားစီရင္ထားသည့္ ျပစ္မႈႏွင့္ျပစ္ဒဏ္မ်ားအား အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ၏ ေထာက္ခံခ်က္ျဖင့္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့‌ေၾကာင္း သိရသည္။
သို႔ျဖစ္၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွလည္း ေဒါက္တာေအးေမာင္ကို ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ (၈၈) ပုဒ္မခြဲ (က) အရ ေနာင္တြင္ျပဳလုပ္သည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ခြင့္မရွိေၾကာင္း ေၾကညာထားျခင္းအား ပယ္ဖ်က္လိုက္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.