ဝန်ကြီးဌာနများ၏ အချက်အလက်များ၊ ဝန်ထမ်းများ၏ အချက်အလက်များ ကျိုးပေါက်ခြင်းအတွက် ထိထိရောက်ရောက်ကြပ်မတ်ရန် မှာကြား

 359

သုတကျော် (NP News) - စက်တင်ဘာ ၁၃
ဝန်ကြီးဌာနများ၏ အချက်အလက်များ၊ ဝန်ထမ်းများ ၏ အချက်အလက်များ ကျိုးပေါက်ခြင်းအတွက် ထိထိရောက်ရောက်ကြပ်မတ်ရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ထည့်သွင်း ပြောကြားသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်က ပြုလုပ်ရာ နိဂုံးချုပ်အမှာစကားတွင် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနများ၏ အချက်အလက်များ၊ ဝန်ထမ်းများ၏အချက်အလက်များသည် ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတဆင့် လုံခြုံရေးကျိုးပေါက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေးဆိုင်ရာအချက်အ လက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည် တိုက်ရိုက်ကျိုးပေါက်ခြင်း၊ သွယ်ဝိုက်၍ ကျိုးပေါက်ခြင်း များဖြင့် တစ်ဦးတစ်ယောက်ခြင်းထိခိုက်ခြင်း၊ ဌာနအလိုက်ထိခိုက်ခြင်း၊ ထိုမှတဆင့် နိုင်ငံတော်အဆင့် ထိခိုက်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးရန်နှင့် ထိထိရောက်ရောက်ကြပ်မတ်ခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ထိရောက်စွာ တားဆီးနှိမ်နင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍လည်း နယ်စပ်ဂိတ်များ တရားဝင်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တိုက်တွန်းပြောဆိုလျက်ရှိကြောင်း၊ နယ်စပ်ဂိတ်များတရားဝင်ဖွင့်လှစ်နိုင်မှုမရှိဘဲ တရားမဝင်ကုန်သွယ်မှုများဖြစ်ပေါ်နေခြင်းသည် ကျားသေကိုအသက်သွင်းခြင်း၊ သူခိုးဓားရိုးကမ်းခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည် ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ များနှင့်ထိစပ်နေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် တရားမဝင် ကုန်သွယ်မှုများနှင့်ပတ်သက်၍ ထိထိရောက်ရောက်ကိုင်တွယ်ကြပ်မတ်သွားရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများရှိနေသရွေ့ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး ခက်ခဲနေမည်ဖြစ်သဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း မှာကြားသည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်လည်း ဖော်ထုတ်ဖမ်းဆီးရမိမှုများ များပြားနေဆဲဖြစ်ပြီး ထုတ်လုပ်မှုရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမရှိစေရေး ဖော်ထုတ်တားဆီးနှိမ်နင်းသွားကြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုမလုပ်ဆောင်နိုင်မှသာလျှင် ဖြန့်ဖြူးမှုနှင့်ရောင်းဝယ်မှုများသည်လည်း လျော့ကျသွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်၍ အွန်လိုင်းလိမ်လည်မှုများကိုလည်း တားဆီးနှိမ်နင်းသွားကြရန်လိုကြောင်းလည်း ပြောကြားသည်။

Zawgyi Version:
ဝန္ႀကီးဌာနမ်ား၏ အခ်က္အလက္မ်ား၊ ဝန္ထမ္းမ်ား၏ အခ်က္အလက္မ်ား က်ိဳးေပါက္ျခင္းအတြက္ ထိထိေရာက္ေရာက္ၾကပ္မတ္ရန္ မွာၾကား
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၃
ဝန္ႀကီးဌာနမ်ား၏ အခ်က္အလက္မ်ား၊ ဝန္ထမ္းမ်ား ၏ အခ်က္အလက္မ်ား က်ိဳးေပါက္ျခင္းအတြက္ ထိထိေရာက္ေရာက္ၾကပ္မတ္ရန္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ က ထည့္သြင္း ေျပာၾကားသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕တို႔၏ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို စက္တင္ဘာလ ၁၂ ရက္က ျပဳလုပ္ရာ နိဂုံးခ်ဳပ္အမွာစကားတြင္ အထက္ပါ အတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဝန္ႀကီးဌာနမ်ား၏ အခ်က္အလက္မ်ား၊ ဝန္ထမ္းမ်ား၏အခ်က္အလက္မ်ားသည္ ဆိုရွယ္မီဒီယာမ်ား အသုံးျပဳမႈမွတဆင့္ လုံၿခဳံေရးက်ိဳးေပါက္လ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ လုံၿခဳံေရးဆိုင္ရာအခ်က္အ လက္မ်ား၊ ပုဂၢိဳလ္ေရးဆိုင္ရာ အခ်က္အလက္မ်ားသည္ တိုက္႐ိုက္က်ိဳးေပါက္ျခင္း၊ သြယ္ဝိုက္၍ က်ိဳးေပါက္ျခင္း မ်ားျဖင့္ တစ္ဦးတစ္ေယာက္ျခင္းထိခိုက္ျခင္း၊ ဌာနအလိုက္ထိခိုက္ျခင္း၊ ထိုမွတဆင့္ ႏိုင္ငံေတာ္အဆင့္ ထိခိုက္ျခင္းမ်ားျဖစ္ေပၚေစႏိုင္ေၾကာင္း၊ သို႔ျဖစ္၍ လုံၿခဳံေရးပိုင္းဆိုင္ရာအရ အသိပညာေပးရန္ႏွင့္ ထိထိေရာက္ေရာက္ၾကပ္မတ္ျခင္းမ်ား ေဆာင္႐ြက္သြားရန္လိုေၾကာင္း ေျပာၾကားသည္။
တရားမဝင္ကုန္သြယ္မႈႏွင့္ပတ္သက္၍လည္း မိမိတို႔အေနျဖင့္ ထိေရာက္စြာ တားဆီးႏွိမ္နင္းသြားရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ နယ္စပ္ကုန္သြယ္ေရးႏွင့္ပတ္သက္၍လည္း နယ္စပ္ဂိတ္မ်ား တရားဝင္ဖြင့္လွစ္ႏိုင္ေရး သက္ဆိုင္ရာႏိုင္ငံမ်ားႏွင့္ တိုက္တြန္းေျပာဆိုလ်က္ရွိေၾကာင္း၊ နယ္စပ္ဂိတ္မ်ားတရားဝင္ဖြင့္လွစ္ႏိုင္မႈမရွိဘဲ တရားမဝင္ကုန္သြယ္မႈမ်ားျဖစ္ေပၚေနျခင္းသည္ က်ားေသကိုအသက္သြင္းျခင္း၊ သူခိုးဓား႐ိုးကမ္းျခင္းပင္ျဖစ္ေၾကာင္း ေျပာၾကားသည္။
တရားမဝင္ကုန္သြယ္မႈမ်ားကို တိုက္ဖ်က္တားဆီးျခင္းျဖင့္ တရားဥပေဒစိုးမိုးေရးကို ျဖစ္ေပၚေစႏိုင္မည္ ျဖစ္သကဲ့သို႔ လက္နက္ကိုင္အၾကမ္းဖက္မႈမ်ားကိုလည္း ေလ်ာ့က်လာေစႏိုင္မည္ျဖစ္ေၾကာင္း၊ နယ္စပ္ေဒသ မ်ားႏွင့္ထိစပ္ေနသည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားအေနျဖင့္ တရားမဝင္ ကုန္သြယ္မႈမ်ားႏွင့္ပတ္သက္၍ ထိထိေရာက္ေရာက္ကိုင္တြယ္ၾကပ္မတ္သြားရန္လိုေၾကာင္း၊ တရားမဝင္ကုန္သြယ္မႈမ်ားရွိေနသေ႐ြ႕ ျပည္တြင္းၿငိမ္းခ်မ္းမႈရရွိေရး ခက္ခဲေနမည္ျဖစ္သျဖင့္ ပါဝင္ပတ္သက္ေနသူမ်ားအားလုံးကို ထိထိေရာက္ေရာက္အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္သျဖင့္ အေလးထားေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ေျပာၾကားသည္။
တရားမဝင္ကုန္သြယ္မႈမ်ားကို ေဖာ္ထုတ္တားဆီးရန္ တာဝန္ရွိသူမ်ားအေနျဖင့္လည္း စနစ္တက်ၾကပ္မတ္ေဆာင္႐ြက္သြားရန္ လိုအပ္မည္ျဖစ္ၿပီး ႏိုင္ငံေတာ္အေပၚသစၥာရွိစြာျဖင့္ တာဝန္ကိုေက်ပြန္ေအာင္ ထမ္းေဆာင္ၾကရန္လိုေၾကာင္း မွာၾကားသည္။
မူးယစ္ေဆးဝါးႏွင့္ပတ္သက္လည္း ေဖာ္ထုတ္ဖမ္းဆီးရမိမႈမ်ား မ်ားျပားေနဆဲျဖစ္ၿပီး ထုတ္လုပ္မႈရွိေနျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မူးယစ္ေဆးဝါးထုတ္လုပ္မႈမရွိေစေရး ေဖာ္ထုတ္တားဆီးႏွိမ္နင္းသြားၾကရမည္ျဖစ္ေၾကာင္း၊ ထုတ္လုပ္မႈမလုပ္ေဆာင္ႏိုင္မွသာလွ်င္ ျဖန႔္ျဖဴးမႈႏွင့္ေရာင္းဝယ္မႈမ်ားသည္လည္း ေလ်ာ့က်သြားမည္ျဖစ္ေၾကာင္း၊ မူးယစ္ေဆးဝါးႏွင့္ဆက္စပ္၍ အြန္လိုင္းလိမ္လည္မႈမ်ားကိုလည္း တားဆီးႏွိမ္နင္းသြားၾကရန္လိုေၾကာင္းလည္း ေျပာၾကားသည္။

Related news

© 2021. All rights reserved.