မြန်မာနယ်စပ်နှင့်ချိတ်ဆက်ဆောင်ရွက်ဖို့ အလားအလာရှိသည့် Bairabi-Sairang မီးရထားလမ်းကို အိန္ဒိယ ဖွင့်လှစ်

266

ALynn (NP News) - စက်တင်ဘာ ၁၃
အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီသည် ရူပီး (၈,၀၇၁) ကုဋေ ကုန်ကျသည့် (၅၁ ဒသမ ၃၈) ကီလိုမီတာ ရှည်လျားသော Bairabi-Sairang မီးရထားလမ်းကို ယနေ့ (စက်တင်ဘာလ ၁၃ ရက်) တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၎င်းမီးရထားလမ်းပိုင်းသည် အိန္ဒိယအရှေ့မြောက်ပိုင်း နယ်စပ်မီးရထား (NFR) အတွက် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ၎င်းသည် Bairabi ဘူတာနှင့် မီဇိုရမ်မြို့တော် အိုက်ဇောလ် မှ (၂၀) ကီလိုမီတာအကွာတွင် တည်ရှိသည့် Sairang ဘူတာအသစ်တို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် Bairabi-Sairang မီးရထားလမ်းသည် မီဇိုရမ်ပြည်နယ်အား အိန္ဒိယနိုင်ငံ၏ ကျန်ရှိနေသော ဒေသများနှင့် ချိတ်ဆက်ပေးမည်ဖြစ်သည်။
ထို့ပြင် ၎င်းသည် မြန်မာနယ်စပ်အထိ မီးရထားလမ်းဆက်သွယ်မှု တိုးချဲ့ရန်ရည်ရွယ်သည့် အိန္ဒိယအစိုးရ၏ ပိုမိုကျယ်ပြန့်သော အစီအစဉ်အတွက်လည်း ရည်ညွှန်းနေသည်။
အိန္ဒိယ၏ အဆုံးစွန်သော ဗျူဟာမြောက် စီးပွားရေးရည်မှန်းချက်မှာ ၎င်းတည်ဆောက်ထားသည့် မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းကိုအသုံးပြု၍ အရှေ့မြောက်ပိုင်းပြည်နယ်များကို ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ကိုလ်ကတ္တားဆိပ်ကမ်းနှင့် ချိတ်ဆက်ရန်ဖြစ်သည်။
အိုက်ဇောလ်သို့ မီးရထားလမ်းအသစ်သည် မြို့တော်ဆက်သွယ်ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း အိန္ဒိယမီးရထားကွန်ရက်တွင် လက်ရှိနောက်ဆုံးဘူတာဖြစ်သည့် Sairang မှ မြန်မာနယ်စပ်အနီးရှိ Hbichhuah မြို့အထိ (၂၂၃) ကီလိုမီတာ တိုးချဲ့ရန်အတွက် နောက်ဆုံးစစ်တမ်းကို ပြုလုပ်နေသည်။
Bairabi-Sairang မီးရထားလမ်းသည် မီဇိုရမ်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးပါသောလမ်းပိုင်းဖြစ်လာမည်ဖြစ်သည်။ မော်တော်ကားလမ်းနှင့် လေကြောင်းပို့ဆောင်ရေးပေါ်တွင် မှီခိုနေရသော မီဇိုရမ်ပြည်နယ်အား မီးရထားလမ်းဆက်သွယ်မှု ရရှိစေမည်ဖြစ်ပြီး အာရှဖြတ်ကျော် မီးရထားကွန်ရက်နှင့် ကုလားတန် ဘက်စုံသုံး ကူးသန်းရောင်းဝယ်ရေး ပို့ဆောင်ရေးစီမံကိန်းတို့၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မီဇိုရမ်ပြည်နယ်ကို ကျန်ရှိသည့် အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့နှင့် ပေါင်းစည်းပေးမည်ဖြစ်သည်။ ၎င်းအပြင် ရှုခင်းသာယာလှပမှု၊ ကြွယ်ဝသောယဉ်ကျေးမှုနှင့် ဇီဝမျိုးကွဲများကြောင့် လူသိများသော မီဇိုရမ်၏ ခရီးသွားလုပ်ငန်း အလားအလာကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။
အိုက်ဇောလ်သည် ဗဟိုမီးရထားကွန်ရက်နှင့် ချိတ်ဆက်နိုင်မည့် စတုတ္ထမြောက် အရှေ့မြောက်မြို့တော် ဖြစ်လာမည်ဖြစ်ပြီး ၎င်းမတိုင်မီက ဒီ့စ်ပူရ် (ဂူဝါဟာတီ)၊ အာရူနာချယ်ပရာဒေ့ရှ်၏ အီတာနာဂါရ် (နာဟာရ်လာဂွန်) နှင့် ထရီပူရာပြည်နယ်၏ အာဂါတာလာတို့ကို ချိတ်ဆက်ပြီးဖြစ်သည်။
အိန္ဒိယမီးရထားလုပ်ငန်းသည် ၎င်း၏ အရှေ့မျှော်မူဝါဒတွင် အကျုံးဝင်နေသည်။

Zawgyi Version:
ျမန္မာနယ္စပ္ႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္ဖို႔ အလားအလာရွိသည့္ Bairabi-Sairang မီးရထားလမ္းကို အိႏၵိယ ဖြင့္လွစ္
ALynn (NP News) - စက္တင္ဘာ ၁၃
အိႏၵိယဝန္ႀကီးခ်ဳပ္ နရင္ျဒာမိုဒီသည္ ႐ူပီး (၈,၀၇၁) ကုေဋ ကုန္က်သည့္ (၅၁ ဒသမ ၃၈) ကီလိုမီတာ ရွည္လ်ားေသာ Bairabi-Sairang မီးရထားလမ္းကို ယေန႔ (စက္တင္ဘာလ ၁၃ ရက္) တြင္ စတင္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
၎မီးရထားလမ္းပိုင္းသည္ အိႏၵိယအေရွ႕ေျမာက္ပိုင္း နယ္စပ္မီးရထား (NFR) အတြက္ အေရးႀကီးေသာ မွတ္တိုင္တစ္ခု ျဖစ္လာမည္ျဖစ္ၿပီး ၎သည္ Bairabi ဘူတာႏွင့္ မီဇိုရမ္ၿမိဳ႕ေတာ္ အိုက္ေဇာလ္ မွ (၂၀) ကီလိုမီတာအကြာတြင္ တည္ရွိသည့္ Sairang ဘူတာအသစ္တို႔ကို ဆက္သြယ္ေပးမည္ျဖစ္သည္။ ထို႔ေၾကာင့္ Bairabi-Sairang မီးရထားလမ္းသည္ မီဇိုရမ္ျပည္နယ္အား အိႏၵိယႏိုင္ငံ၏ က်န္ရွိေနေသာ ေဒသမ်ားႏွင့္ ခ်ိတ္ဆက္ေပးမည္ျဖစ္သည္။
ထို႔ျပင္ ၎သည္ ျမန္မာနယ္စပ္အထိ မီးရထားလမ္းဆက္သြယ္မႈ တိုးခ်ဲ႕ရန္ရည္႐ြယ္သည့္ အိႏၵိယအစိုးရ၏ ပိုမိုက်ယ္ျပန႔္ေသာ အစီအစဥ္အတြက္လည္း ရည္ၫႊန္းေနသည္။
အိႏၵိယ၏ အဆုံးစြန္ေသာ ဗ်ဴဟာေျမာက္ စီးပြားေရးရည္မွန္းခ်က္မွာ ၎တည္ေဆာက္ထားသည့္ ျမန္မာႏိုင္ငံရွိ စစ္ေတြဆိပ္ကမ္းကိုအသုံးျပဳ၍ အေရွ႕ေျမာက္ပိုင္းျပည္နယ္မ်ားကို ဘဂၤလားပင္လယ္ေအာ္မွတစ္ဆင့္ ကိုလ္ကတၱားဆိပ္ကမ္းႏွင့္ ခ်ိတ္ဆက္ရန္ျဖစ္သည္။
အိုက္ေဇာလ္သို႔ မီးရထားလမ္းအသစ္သည္ ၿမိဳ႕ေတာ္ဆက္သြယ္ေရးစီမံကိန္း၏ တစ္စိတ္တစ္ပိုင္းျဖစ္ေသာ္လည္း အိႏၵိယမီးရထားကြန္ရက္တြင္ လက္ရွိေနာက္ဆုံးဘူတာျဖစ္သည့္ Sairang မွ ျမန္မာနယ္စပ္အနီးရွိ Hbichhuah ၿမိဳ႕အထိ (၂၂၃) ကီလိုမီတာ တိုးခ်ဲ႕ရန္အတြက္ ေနာက္ဆုံးစစ္တမ္းကို ျပဳလုပ္ေနသည္။
Bairabi-Sairang မီးရထားလမ္းသည္ မီဇိုရမ္ျပည္နယ္ႏွင့္ အိႏၵိယႏိုင္ငံအတြက္ မဟာဗ်ဴဟာေျမာက္ အေရးပါေသာလမ္းပိုင္းျဖစ္လာမည္ျဖစ္သည္။ ေမာ္ေတာ္ကားလမ္းႏွင့္ ေလေၾကာင္းပို႔ေဆာင္ေရးေပၚတြင္ မွီခိုေနရေသာ မီဇိုရမ္ျပည္နယ္အား မီးရထားလမ္းဆက္သြယ္မႈ ရရွိေစမည္ျဖစ္ၿပီး အာရွျဖတ္ေက်ာ္ မီးရထားကြန္ရက္ႏွင့္ ကုလားတန္ ဘက္စုံသုံး ကူးသန္းေရာင္းဝယ္ေရး ပို႔ေဆာင္ေရးစီမံကိန္းတို႔၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ မီဇိုရမ္ျပည္နယ္ကို က်န္ရွိသည့္ အိႏၵိယႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ေသာ ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္တို႔ႏွင့္ ေပါင္းစည္းေပးမည္ျဖစ္သည္။ ၎အျပင္ ရႈခင္းသာယာလွပမႈ၊ ႂကြယ္ဝေသာယဥ္ေက်းမႈႏွင့္ ဇီဝမ်ိဳးကြဲမ်ားေၾကာင့္ လူသိမ်ားေသာ မီဇိုရမ္၏ ခရီးသြားလုပ္ငန္း အလားအလာကိုလည္း ျမႇင့္တင္ေပးမည္ျဖစ္သည္။
အိုက္ေဇာလ္သည္ ဗဟိုမီးရထားကြန္ရက္ႏွင့္ ခ်ိတ္ဆက္ႏိုင္မည့္ စတုတၳေျမာက္ အေရွ႕ေျမာက္ၿမိဳ႕ေတာ္ ျဖစ္လာမည္ျဖစ္ၿပီး ၎မတိုင္မီက ဒီ့စ္ပူရ္ (ဂူဝါဟာတီ)၊ အာ႐ူနာခ်ယ္ပရာေဒ့ရွ္၏ အီတာနာဂါရ္ (နာဟာရ္လာဂြန္) ႏွင့္ ထရီပူရာျပည္နယ္၏ အာဂါတာလာတို႔ကို ခ်ိတ္ဆက္ၿပီးျဖစ္သည္။
အိႏၵိယမီးရထားလုပ္ငန္းသည္ ၎၏ အေရွ႕ေမွ်ာ္မူဝါဒတြင္ အက်ဳံးဝင္ေနသည္။