အစ္စရေးနှင့်အီရန်တို့ရှိ ဂျပန်နိုင်ငံသားများကို ကယ်ထုတ်ရန်အတွက် လေယာဉ်များကို အသင့်ပြင်ထားရန် ဂျပန်အစိုးရ အမိန့်ပေး

291

Pika (NP News) - ဇွန် ၂ဝ
အစ္စရေးနှင့် အီရန်နိုင်ငံတို့တွင်ရှိသော ဂျပန်နိုင်ငံသားများကို ကယ်ထုတ်ရန်အတွက် စစ်ဘက်ဆိုင်ရာလေယာဉ်များ ကို အသင့်အနေအထားဖြင့် ပြင်ဆင်ထားရန် ဂျပန်အစိုးရက အမိန့်ထုတ်ခဲ့ကြောင်း ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာဟာယာရှီက ပြောကြားခဲ့သည်။
ယိုရှိမာဆာဟာယာရှီက “အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေတိုးမြင့်လာမှုနဲ့အတူ ကျွန်တော်တို့ရဲ့ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့လေယာဉ်တွေကို Djibouti နိုင်ငံကိုရွှေ့ထားဖို့ ဆုံးဖြတ်လိုက်ပါပြီ” ဟု ပြောသည်။
အစ္စရေးနိုင်ငံတွင် ဂျပန်နိုင်ငံသား(၁၀၀၀)ဝန်းကျင်ခန့် နှင့် အီရန်နိုင်ငံတွင် ဂျပန်နိုင်ငံသား(၂၈၀)ခန့်နေထိုင် ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး Gen Nakatani ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့ပြင် အီရန် နှင့် အစ္စရေးတို့ရှိ ဂျပန်သံရုံးများသည် ၎င်းတို့၏ နိုင်ငံသားများကို အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းရန်အတွက် ဘတ်စ်ကားများကို အသုံးပြုရန် ပြင်ဆင်နေကြောင်း ယိုရှီမာဆာဟာယာရှီက ပြောကြားခဲ့သည်။
အစ္စရေး နှင့် အီရန်တို့ကြားဖြစ်ပွားလျက်ရှိသော စစ်ပွဲမှာ (၇)ရက်မြောက်နေ့သို့ ရောက်ရှိလာသည့်အချိန်တွင် ဂျပန်အစိုးရ၏ အမိန့်ထုတ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ထို့ပြင် C-2 သယ်ယူပို့ဆောင်ရေးလေယာဉ်များသည် ဂျပန်နိုင်ငံသားများကို သယ်ယူပို့ဆောင်ရန်အတွက် လိုအပ်လာမည်ဆိုပါက ချက်ချင်းတုံ့ပြန်မှုများ လုပ်ဆောင်နိုင် ရန် အသင့်အနေအထားတွင်ရှိလိမ့်မည်ဖြစ်ကြောင်း ယိုရှီမာဆာဟာယာရှီက ပြောကြားခဲ့သည်။

Zawgyi Version:
အစၥေရးႏွင့္အီရန္တို႔ရွိ ဂ်ပန္ႏိုင္ငံသားမ်ားကို ကယ္ထုတ္ရန္အတြက္ ေလယာဥ္မ်ားကို အသင့္ျပင္ထားရန္ ဂ်ပန္ အစိုးရ အမိန႔္ေပး
Pika (NP News) - ဇြန္ ၂ဝ
အစၥေရးႏွင့္ အီရန္ႏိုင္ငံတို႔တြင္ရွိေသာ ဂ်ပန္ႏိုင္ငံသားမ်ားကို ကယ္ထုတ္ရန္အတြက္ စစ္ဘက္ဆိုင္ရာေလယာဥ္မ်ား ကို အသင့္အေနအထားျဖင့္ ျပင္ဆင္ထားရန္ ဂ်ပန္အစိုးရက အမိန႔္ထုတ္ခဲ့ေၾကာင္း ဂ်ပန္အစိုးရေျပာေရးဆိုခြင့္ရွိသူ ယိုရွီမာဆာဟာယာရွီက ေျပာၾကားခဲ့သည္။
ယိုရွိမာဆာဟာယာရွီက “အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြတိုးျမင့္လာမႈနဲ႔အတူ ကြၽန္ေတာ္တို႔ရဲ႕ကိုယ္ပိုင္ ကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ေလယာဥ္ေတြကို Djibouti ႏိုင္ငံကိုေ႐ႊ႕ထားဖို႔ ဆုံးျဖတ္လိုက္ပါၿပီ” ဟု ေျပာသည္။
အစၥေရးႏိုင္ငံတြင္ ဂ်ပန္ႏိုင္ငံသား(၁၀၀၀)ဝန္းက်င္ခန႔္ ႏွင့္ အီရန္ႏိုင္ငံတြင္ ဂ်ပန္ႏိုင္ငံသား(၂၈၀)ခန႔္ေနထိုင္ ေၾကာင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီး Gen Nakatani ထုတ္ျပန္ေျပာၾကားခဲ့သည္။ ထို႔ျပင္ အီရန္ ႏွင့္ အစၥေရးတို႔ရွိ ဂ်ပန္သံ႐ုံးမ်ားသည္ ၎တို႔၏ ႏိုင္ငံသားမ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ ေ႐ႊ႕ေျပာင္းရန္အတြက္ ဘတ္စ္ကားမ်ားကို အသုံးျပဳရန္ ျပင္ဆင္ေနေၾကာင္း ယိုရွီမာဆာဟာယာရွီက ေျပာၾကားခဲ့သည္။
အစၥေရး ႏွင့္ အီရန္တို႔ၾကားျဖစ္ပြားလ်က္ရွိေသာ စစ္ပြဲမွာ (၇)ရက္ေျမာက္ေန႔သို႔ ေရာက္ရွိလာသည့္အခ်ိန္တြင္ ဂ်ပန္အစိုးရ၏ အမိန႔္ထုတ္မႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ထို႔ျပင္ C-2 သယ္ယူပို႔ေဆာင္ေရးေလယာဥ္မ်ားသည္ ဂ်ပန္ႏိုင္ငံသားမ်ားကို သယ္ယူပို႔ေဆာင္ရန္အတြက္ လိုအပ္လာမည္ဆိုပါက ခ်က္ခ်င္းတုံ႔ျပန္မႈမ်ား လုပ္ေဆာင္ႏိုင္ ရန္ အသင့္အေနအထားတြင္ရွိလိမ့္မည္ျဖစ္ေၾကာင္း ယိုရွီမာဆာဟာယာရွီက ေျပာၾကားခဲ့သည္။