အစ္စရေးနိုင်ငံအတွင်းရှိ အိန္ဒိယနိုင်ငံသားအားလုံးကို ပြန်လည်ကယ်ထုတ်မည်ဟု အိန္ဒိယအစိုးရပြော

65

ဂျန်ဇက် (NP News) - ဇွန် ၂၁
အိန္ဒိယနိုင်ငံသည် အစ္စရေးနိုင်ငံအတွင်းရှိ အိန္ဒိယနိုင်ငံသားအားလုံးကို ပြန်လည်ကယ်ထုတ်ရန် ဆုံးဖြတ်လိုက် ကြောင်း သိရသည်။ အစ္စရေးသည် ဇွန်လ ၁၃ ရက်တွင် အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အဦးများ၊ စစ်ဘက် အဆောက်အဦးများကို ပစ်မှတ်ထားကာတိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံဘက်မှလည်း ပဲ့ထိန်းဒုံးကျည်များဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ''အိန္ဒိယနိုင်ငံကို ပြန်လိုတဲ့သူအားလုံးဟာ အစ္စရေးနိုင်ငံတဲအဲဗစ်ရှိ သံရုံးမှာ အမည်စာရင်းပေးရမှာဖြစ်တယ်။ အိန္ဒိယအစိုးရဟာအစ္စရေးနိုင်ငံကနေ အိန္ဒိယနိုင်ငံကို ပြန်လိုသူအားလုံးကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ထားတယ်'' ဟုပြောသည်။
အစ္စရေးနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အစ္စရေးနိုင်ငံသို့ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသားများသည် သံရုံး၏ သတိပေးလမ်းညွှန်ချက်များအတိုင်း လိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သတိပေးထားသည်။ အစ္စရေးနိုင်ငံ တွင် အိန္ဒိယနိုင်ငံသား ၁၈၀၀၀ ကျော် ရှိနေကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယအစိုးရသည် အီရန်နိုင်ငံသို့ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသားများကို ပြန်လည်ခေါ်ယူခဲ့ပြီး တီဟီရန် မြို့တွင် ကျောင်းတက်နေသည့် အိန္ဒိယနိုင်ငံသား ၁၁ဝ ဦးကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံသည် လက်ရှိအချိန်တွင် စစ်ပွဲဖြစ်နေသည့် အီရန်နှင့်အစ္စရေးနိုင်ငံများရှိ အိန္ဒိယနိုင်ငံသားများကို ပြန်လည် ခေါ်ယူရန် စီစဉ်နေသလို အခြားနိုင်ငံများကလည်း ၎င်းတို့နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် ဆောင်ရွက်နေ ကြောင်း သိရသည်။ အီရန် နှင့် အစ္စရေးနိုင်ငံတို့သည် ဇွန်လ ၁၃ ရက်မှစတင်ပြီး ဇွန်လ ၂ဝ ရက်အထိ အပြန်အလှန်တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိနေရာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိဘဲ စစ်ပွဲအချိန် ပိုမို ကြာမြင့်လာဖွယ်ရှိနေကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။

Zawgyi Version:
အစၥေရးႏိုင္ငံအတြင္းရွိ အိႏၵိယႏိုင္ငံသားအားလုံးကို ျပန္လည္ကယ္ထုတ္မည္ဟု အိႏၵိယအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၁
အိႏၵိယႏိုင္ငံသည္ အစၥေရးႏိုင္ငံအတြင္းရွိ အိႏၵိယႏိုင္ငံသားအားလုံးကို ျပန္လည္ကယ္ထုတ္ရန္ ဆုံးျဖတ္လိုက္ ေၾကာင္း သိရသည္။ အစၥေရးသည္ ဇြန္လ ၁၃ ရက္တြင္ အီရန္ႏိုင္ငံ၏ န်ဴကလီးယားအေဆာက္အဦးမ်ား၊ စစ္ဘက္ အေဆာက္အဦးမ်ားကို ပစ္မွတ္ထားကာတိုက္ခိုက္ခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံဘက္မွလည္း ပဲ့ထိန္းဒုံးက်ည္မ်ားျဖင့္ တုံ႔ျပန္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက ''အိႏၵိယႏိုင္ငံကို ျပန္လိုတဲ့သူအားလုံးဟာ အစၥေရးႏိုင္ငံတဲအဲဗစ္ရွိ သံ႐ုံးမွာ အမည္စာရင္းေပးရမွာျဖစ္တယ္။ အိႏၵိယအစိုးရဟာအစၥေရးႏိုင္ငံကေန အိႏၵိယႏိုင္ငံကို ျပန္လိုသူအားလုံးကို ျပန္ေခၚဖို႔ ဆုံးျဖတ္ထားတယ္'' ဟုေျပာသည္။
အစၥေရးႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးက အစၥေရးႏိုင္ငံသို႔ေရာက္ရွိေနသည့္ အိႏၵိယႏိုင္ငံသားမ်ားသည္ သံ႐ုံး၏ သတိေပးလမ္းၫႊန္ခ်က္မ်ားအတိုင္း လိုက္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း သတိေပးထားသည္။ အစၥေရးႏိုင္ငံ တြင္ အိႏၵိယႏိုင္ငံသား ၁၈၀၀၀ ေက်ာ္ ရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ အိႏၵိယအစိုးရသည္ အီရန္ႏိုင္ငံသို႔ေရာက္ရွိေနသည့္ အိႏၵိယႏိုင္ငံသားမ်ားကို ျပန္လည္ေခၚယူခဲ့ၿပီး တီဟီရန္ ၿမိဳ႕တြင္ ေက်ာင္းတက္ေနသည့္ အိႏၵိယႏိုင္ငံသား ၁၁ဝ ဦးကို ျပန္လည္ေခၚယူခဲ့ေၾကာင္း သိရသည္။ အိႏၵိယ ႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ စစ္ပြဲျဖစ္ေနသည့္ အီရန္ႏွင့္အစၥေရးႏိုင္ငံမ်ားရွိ အိႏၵိယႏိုင္ငံသားမ်ားကို ျပန္လည္ ေခၚယူရန္ စီစဥ္ေနသလို အျခားႏိုင္ငံမ်ားကလည္း ၎တို႔ႏိုင္ငံသားမ်ားကို ျပန္လည္ေခၚယူရန္ ေဆာင္႐ြက္ေန ေၾကာင္း သိရသည္။ အီရန္ ႏွင့္ အစၥေရးႏိုင္ငံတို႔သည္ ဇြန္လ ၁၃ ရက္မွစတင္ၿပီး ဇြန္လ ၂ဝ ရက္အထိ အျပန္အလွန္တိုက္ခိုက္မႈမ်ားလုပ္ေဆာင္လ်က္ရွိေနရာ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိဘဲ စစ္ပြဲအခ်ိန္ ပိုမို ၾကာျမင့္လာဖြယ္ရွိေနေၾကာင္း သုံးသပ္မႈမ်ားလည္း ထြက္ေပၚေနသည္။