Zaporozhye ဒေသအတွင်းဖြစ်ပွားလျက်ရှိနေတဲ့တိုက်ပွဲတွေမှာ နိုင်ငံပေါင်း ၄ဝ ကျော်က ကြေးစားစစ်သားများ ပါဝင်တိုက်ခိုက်နေကြောင်း ရုရှားဆို
 879
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၃
နိုင်ငံပေါင်း ၄ဝ ကျော်က ကြေးစားစစ်သားတွေဟာ ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ Zaporozhye မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ယူကရိန်းဘက်က ပါဝင်တိုက်ခိုက်ပေးလျက်ရှိနေကြောင်း We Stand With Russia movement အဖွဲ့ခေါင်းဆောင် ဗလာဒီမာ ရိုဂေါ့ဗ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းဟာ လက်ရှိအချိန်မှာ ရုရှားတို့ထိန်းချုပ်ထားတဲ့ပိုင်နက်များကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်မြင့်တိုက်ခိုက်လျက်ရှိနေကြောင်းသိရပါတယ်။ ၄င်းက "လက်ရှိအချိန်မှာ ကြေးစားစစ်သားအရေအတွက် ပိုမိုများပြားလာခဲ့တယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကျော် ယူကရိန်းစစ်ပွဲမှာ နိုင်ငံပေါင်း ၃၄ နိုင်ငံကျော်က ကြေးစားစစ်သားတွေ ပါဝင်တိုက်ခိုက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နိုင်ငံပေါင်း ၄ဝ ကျော်က ကြေးစားစစ်သားတွေ ပါဝင်တိုက်ခိုက်နေတယ်။ ကြေးစစ်သားအများဆုံးပါဝင်နေတဲ့နိုင်ငံက ပိုလန်နိုင်ငံဖြစ်တယ်။ ပိုလန်နိုင်ငံက ကြေးစားစစ်သားပေါင်း ၅ဝဝဝ ကျော် ပါဝင်နေတယ်။
ဒါ့အပြင် ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ် နဲ့ စပိန် စကားပြောနိုင်ငံတွေက ကြေးစစ်သားတွေလည်း စစ်ပွဲမှာ ယူကရိန်းဘက်က ပူးပေါင်းပါဝင်နေတယ်" လို့ပြောပါတယ်။
Zaporozhye မြို့တိုက်ပွဲများအတွင်း ကြေးစားစစ်သား ထောင်ချီသေဆုံးခဲ့ကြောင်း၊ ရိုဂေါဗ့်ကပြောပါတယ်။ ယူကရိန်းစစ်တပ်ဟာ လက်ရှိအချိန်မှာ Zaporozhye မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အာရုံစိုက်နေကြောင်း၊ ရုရှားတပ်ဖွဲ့တွေဟာ ပြီး့တဲ့ရက်ပိုင်းမှာ ခါဆွန်ဒေသရှိ Dnieper မြစ်ရဲ့ညာဖက်ကမ်း ကဆုတ်ခွာခဲ့ပြီးနောက် ယူကရိန်းတပ်ဖွဲ့တွေက Zaporozhye မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ပစ်မှတ်ထားနေကြောင်း ရိုဂေါဗ့်က ပြောပါတယ်။
ယူကရိန်းဟာ လက်ရှိအချိန်မှာ Zaporozhye မြို့ရှိ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကိုသိမ်းပိုက်ဖို့ စီစဉ်နေပြီး Zaporozhye မြို့ဒေသအတွင်းရှိ ယူကရိန်းထိန်းချုပ်ထားတဲ့နေရာဘက်ခြမ်းမှာ ယူကရိန်းတပ်ဖွဲ့တွေကို ဖြန့်ကြတ်ချထားပြီး အထူးတပ်ဖွဲ့တွေကိုလေ့ကျင့်သင့်ကြားပေးလျက်ရှိနေကြောင်း ဗလာဒီမာ ရိုဂေါ့ဗ်က ပြောပါတယ်။
Zawgyi Version;
Related news
© 2021. All rights reserved.