တူရကီက ကာ့ဒ်စစ်သွေးကြွတွေအပေါ် တန်ပြန်တိုက်ခိုက်မှုကို အရှိန်မြှင့်တော့မယ်လို့ အာဒိုဂန် ပြောဆို

 547

ရောင်နီ (NP News) - နိုဝင်ဘာ ၂၃

တူရကီတပ်ဖွဲ့များနဲ့ ကာ့ဒ်ပြည်သူ့စစ်များကြား ဆီးရီးယားနယ်စပ်တစ်လျှောက် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပြီးနောက် တူရကီက စစ်သွေးကြွများကို တင့်ကားများ၊ စစ်သားများ အင်အားပိုသုံးကာ တတ်နိုင်သမျှ အမြန်ဆုံးတိုက်ခိုက်သွားမှာဖြစ်ကြောင်း တူရကီသမ္မတ တေရစ်အာဒိုဂန်က နိုဝင်ဘာလ ၂၂ ရက်၊ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

"ကျွန်ုပ်တို့ရဲ့လေယာဉ်များ၊ အမြောက်များနဲ့ သေနတ်များ အသုံးပြုကာ အကြမ်းဖက်သမားများကို ရက်အနည်း ငယ်ကြာ နှိမ်နင်းခဲ့တယ်။ ဘုရားသခင် အလိုတော်ရှိတဲ့အတိုင်း ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ တင့်ကားများ၊ ကျွန်ုပ်တို့ စစ်သားများ ထပ်တိုးအသုံးပြုပြီး ၄င်းတို့အားလုံးကို အမြန်ဆုံးဖယ်ရှားပစ်မှာ ဖြစ်ပါတယ်" လို့ အာဒိုဂန်က ၄င်းရဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ၊ တဲလ်ရီဖက် နဲ့ ကိုဘာနီ မြို့များအနီးရှိ ကာ့ဒ်အခြေစိုက်စခန်းများနဲ့ အခြားပစ်မှတ်များကို တူရကီ အမြောက်တပ်များက ဗုံးကြဲတိုက်ခိုက်နေချိန်မှာ ၎င်းရဲ့မှတ်ချက်များ ထွက်ပေါ်လာခဲ့တာဖြစ်ကြောင်း ဆီးရီးယား စစ်ဘက်သတင်းရင်းမြစ်နှစ်ခုအရ သိရပါတယ်။

စစ်ဆင်ရေးများဟာ လေကြောင်းစစ်ဆင်ရေးတစ်ခုတည်းမဟုတ်ဘဲ မြေပြင်တပ်ဖွဲ့များ ပါဝင်လာနိုင်တယ်လို့ ၎င်းက ပြောကြားပါတယ်။ တူရကီဟာ မကြာသေးမီနှစ်များအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ် YPG ပြည်သူ့ စစ်နဲ့ အိုင်အက်စ်စစ်သွေးကြွများကိုတိုက်ခိုက်ဖို့အတွက် အဓိကစစ်ရေး စစ်ဆင်ရေးအများအပြားကိုလည်း ဆင်နွှဲခဲ့ ပါတယ်။

ကာ့ဒ်ပြည်သူ့စစ်များနဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ ဆီးရီးယားရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ ရုရှားတို့ကလည်း တင်းမာမှုများ လျှော့ချဖို့ နှစ်ဖက်စလုံးကို တောင်းဆိုခဲ့ကြပါတယ်။ သို့ပေမယ့်လည်း ယခုလအတွင်း အစ္စတန်ဘူလ် မှာ တူရကီရဲ့ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာလည်း တူရကီမောင်းသူမဲ့လေယာဉ်တစ်စင်းဟာ အမေရိကန်ညွန့်ပေါင်းအဖွဲ့နဲ့ SDF တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။ ဆီးရီးယားအစိုးရရဲ့ ထိပ်တန်းမဟာမိတ်ဖြစ်တဲ့ရုရှားနိုင်ငံဟာ ဆီးရီးယားမြောက်ပိုင်းမှာ တူရကီ တည်ရှိမှုကို ငြင်းပယ်တဲ့အပြင် အမေရိကန်ကလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။

“တင်းမာမှုတွေ တိုးမြှင့်လာတာကိုရှောင်ရှားဖို့၊ ဆီးရီးယားပိုင်နက်မှာ အင်အားအလွန်အကျွံ သုံးတာကို ရှောင်ကြဉ်ဖို့ အတွက် တူရကီကို စည်းရုံးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဆီးရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် အလက်ဇန်းဒါးလာဗ်ရမ်တေး က ကာဇက်စတန်နိုင်ငံ၊ အက်စတာနာ မှာ ပြုလုပ်တဲ့ အစည်း အဝေးမှာ ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်၊ တနင်္လာနေ့ ညနေပိုင်းကလည်း တိုက်ခိုက်မှု အရှိန်လျော့ချ ကာ ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ကိုဆန့်ကျင်တဲ့ အားထုတ်မှုများကို ပြန်လည်အာရုံစိုက်လုပ်ဆောင်ကြဖို့ အမေရိကန်က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်က တိုက်ခိုက်မှုများမှာ အီရတ်မြောက်ပိုင်း၊ ကီလိုမီတာ ၁၄ဝ အကွာသို့ ထိုးဖောက် ဝင်ရောက်ပြီး ဆီးရီးယားမြောက်ပိုင်းသို့ “လေယာဉ်နဲ့ ဒရုန်းအစင်း ၇ဝ” အသုံးပြုခဲ့ကြောင်း အာဒိုဂန်က ပြောကြား ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်၊ တနင်္လာနေ့က ကာ့ဒ်အဖွဲ့များက ဒုံးကျည်များနဲ့ ပစ်ခတ်မှုကြောင့် တူရကီနယ်စပ်မြို့ ကာကက်မစ် ရှိ၊ အရပ်ဘက် အဆောက်အအုံများကို ထိမှန်ခဲ့ပြီး ကလေး ၁ ဦး အပါအဝင် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ အမေရိကန်ဟာ ကာ့ဒ်အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နေတယ်လို့ တူရကီက စွပ်စွဲထားပါတယ်။

Zawgyi Version;
တူရကီက ကာ့ဒ္စစ္ေသြးႂကြေတြအေပၚ တန္ျပန္တိုက္ခိုက္မႈကို အရွိန္ျမႇင့္ေတာ့မယ္လို႔ အာဒိုဂန္ ေျပာဆို
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၃

တူရကီတပ္ဖြဲ႕မ်ားနဲ႔ ကာ့ဒ္ျပည္သူ႔စစ္မ်ားၾကား ဆီးရီးယားနယ္စပ္တစ္ေလွ်ာက္ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို အရွိန္ျမႇင့္ၿပီးေနာက္ တူရကီက စစ္ေသြးႂကြမ်ားကို တင့္ကားမ်ား၊ စစ္သားမ်ား အင္အားပိုသုံးကာ တတ္ႏိုင္သမွ် အျမန္ဆုံးတိုက္ခိုက္သြားမွာျဖစ္ေၾကာင္း တူရကီသမၼတ ေတရစ္အာဒိုဂန္က ႏိုဝင္ဘာလ ၂၂ ရက္၊ အဂၤါေန႔မွာ ေျပာၾကားခဲ့ပါတယ္။

"ကြၽႏ္ုပ္တို႔ရဲ႕ေလယာဥ္မ်ား၊ အေျမာက္မ်ားနဲ႔ ေသနတ္မ်ား အသုံးျပဳကာ အၾကမ္းဖက္သမားမ်ားကို ရက္အနည္း ငယ္ၾကာ ႏွိမ္နင္းခဲ့တယ္။ ဘုရားသခင္ အလိုေတာ္ရွိတဲ့အတိုင္း ကြၽႏ္ုပ္တို႔ဟာ ကြၽႏ္ုပ္တို႔ တင့္ကားမ်ား၊ ကြၽႏ္ုပ္တို႔ စစ္သားမ်ား ထပ္တိုးအသုံးျပဳၿပီး ၄င္းတို႔အားလုံးကို အျမန္ဆုံးဖယ္ရွားပစ္မွာ ျဖစ္ပါတယ္" လို႔ အာဒိုဂန္က ၄င္းရဲ႕ မိန္႔ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။

ဆီးရီးယားႏိုင္ငံ၊ တဲလ္ရီဖက္ နဲ႔ ကိုဘာနီ ၿမိဳ႕မ်ားအနီးရွိ ကာ့ဒ္အေျခစိုက္စခန္းမ်ားနဲ႔ အျခားပစ္မွတ္မ်ားကို တူရကီ အေျမာက္တပ္မ်ားက ဗုံးႀကဲတိုက္ခိုက္ေနခ်ိန္မွာ ၎ရဲ႕မွတ္ခ်က္မ်ား ထြက္ေပၚလာခဲ့တာျဖစ္ေၾကာင္း ဆီးရီးယား စစ္ဘက္သတင္းရင္းျမစ္ႏွစ္ခုအရ သိရပါတယ္။

စစ္ဆင္ေရးမ်ားဟာ ေလေၾကာင္းစစ္ဆင္ေရးတစ္ခုတည္းမဟုတ္ဘဲ ေျမျပင္တပ္ဖြဲ႕မ်ား ပါဝင္လာႏိုင္တယ္လို႔ ၎က ေျပာၾကားပါတယ္။ တူရကီဟာ မၾကာေသးမီႏွစ္မ်ားအတြင္း ဆီးရီးယားေျမာက္ပိုင္းရွိ ကာ့ဒ္ YPG ျပည္သူ႔ စစ္နဲ႔ အိုင္အက္စ္စစ္ေသြးႂကြမ်ားကိုတိုက္ခိုက္ဖို႔အတြက္ အဓိကစစ္ေရး စစ္ဆင္ေရးအမ်ားအျပားကိုလည္း ဆင္ႏႊဲခဲ့ ပါတယ္။

ကာ့ဒ္ျပည္သူ႔စစ္မ်ားနဲ႔ မဟာမိတ္ျဖစ္တဲ့ အေမရိကန္နဲ႔ ဆီးရီးယားရဲ႕အဓိကမဟာမိတ္ျဖစ္တဲ့ ႐ုရွားတို႔ကလည္း တင္းမာမႈမ်ား ေလွ်ာ့ခ်ဖို႔ ႏွစ္ဖက္စလုံးကို ေတာင္းဆိုခဲ့ၾကပါတယ္။ သို႔ေပမယ့္လည္း ယခုလအတြင္း အစၥတန္ဘူလ္ မွာ တူရကီရဲ႕ ဗုံးခြဲတိုက္ခိုက္မႈမ်ားေၾကာင့္ လူဒါဇင္နဲ႔ခ်ီ ေသဆုံးခဲ့ပါတယ္။

ႏိုဝင္ဘာလ ၂၃ ရက္၊ ဗုဒၶဟူးေန႔မွာလည္း တူရကီေမာင္းသူမဲ့ေလယာဥ္တစ္စင္းဟာ အေမရိကန္ၫြန႔္ေပါင္းအဖြဲ႕နဲ႔ SDF တို႔ ပူးေပါင္းလုပ္ေဆာင္တဲ့ ဆီးရီးယားအေရွ႕ေျမာက္ပိုင္းရွိ အေျခစိုက္စခန္းတစ္ခုကို တိုက္ခိုက္ခဲ့ပါတယ္။ ဆီးရီးယားအစိုးရရဲ႕ ထိပ္တန္းမဟာမိတ္ျဖစ္တဲ့႐ုရွားႏိုင္ငံဟာ ဆီးရီးယားေျမာက္ပိုင္းမွာ တူရကီ တည္ရွိမႈကို ျငင္းပယ္တဲ့အျပင္ အေမရိကန္ကလည္း ထိန္းထိန္းသိမ္းသိမ္းလုပ္ေဆာင္ဖို႔ ေတာင္းဆိုထားပါတယ္။

“တင္းမာမႈေတြ တိုးျမႇင့္လာတာကိုေရွာင္ရွားဖို႔၊ ဆီးရီးယားပိုင္နက္မွာ အင္အားအလြန္အကြၽံ သုံးတာကို ေရွာင္ၾကဥ္ဖို႔ အတြက္ တူရကီကို စည္း႐ုံးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ႐ုရွားသမၼတ ဗလာဒီမာပူတင္ရဲ႕ ဆီးရီးယားဆိုင္ရာ အထူးကိုယ္စားလွယ္ အလက္ဇန္းဒါးလာဗ္ရမ္ေတး က ကာဇက္စတန္ႏိုင္ငံ၊ အက္စတာနာ မွာ ျပဳလုပ္တဲ့ အစည္း အေဝးမွာ ေျပာၾကားခဲ့ပါတယ္။ ႏိုဝင္ဘာလ ၂၁ ရက္၊ တနလၤာေန႔ ညေနပိုင္းကလည္း တိုက္ခိုက္မႈ အရွိန္ေလ်ာ့ခ် ကာ ဆီးရီးယားရွိ အိုင္အက္စ္အဖြဲ႕ကိုဆန႔္က်င္တဲ့ အားထုတ္မႈမ်ားကို ျပန္လည္အာ႐ုံစိုက္လုပ္ေဆာင္ၾကဖို႔ အေမရိကန္က ေတာင္းဆိုထားပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ကုန္က တိုက္ခိုက္မႈမ်ားမွာ အီရတ္ေျမာက္ပိုင္း၊ ကီလိုမီတာ ၁၄ဝ အကြာသို႔ ထိုးေဖာက္ ဝင္ေရာက္ၿပီး ဆီးရီးယားေျမာက္ပိုင္းသို႔ “ေလယာဥ္နဲ႔ ဒ႐ုန္းအစင္း ၇ဝ” အသုံးျပဳခဲ့ေၾကာင္း အာဒိုဂန္က ေျပာၾကား ပါတယ္။ ႏိုဝင္ဘာလ ၂၁ ရက္၊ တနလၤာေန႔က ကာ့ဒ္အဖြဲ႕မ်ားက ဒုံးက်ည္မ်ားနဲ႔ ပစ္ခတ္မႈေၾကာင့္ တူရကီနယ္စပ္ၿမိဳ႕ ကာကက္မစ္ ရွိ၊ အရပ္ဘက္ အေဆာက္အအုံမ်ားကို ထိမွန္ခဲ့ၿပီး ကေလး ၁ ဦး အပါအဝင္ လူ ၃ ဦး ေသဆုံးခဲ့ပါတယ္။ အေမရိကန္ဟာ ကာ့ဒ္အၾကမ္းဖက္အဖြဲ႕မ်ားကို ေထာက္ပံ့ေနတယ္လို႔ တူရကီက စြပ္စြဲထားပါတယ္။

Related news

© 2021. All rights reserved.