အာရှဒေသမှာ ယူကရိန်းစစ်ပွဲလိုမျိုး စစ်ပွဲဖြစ်လာအောင် ဖန်တီးမှုတွေကို ကာကွယ်သွားမယ်လို့ တရုတ်စစ်ဘက်ဆို

 711

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄

အာရှဒေသမှာ ယူကရိန်းစစ်ပွဲလိုမျိုး စစ်ပွဲဖြစ်လာစေဖို့ ဖန်တီးမှုတွေ ကြိုးပမ်းမှုတွေကို ခုခံနိုင်ဖို့ တရုတ်နိုင်ငံက ဝိုင်းဝန်းကြိုးပမ်းလျက်ရှိနေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဟာ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးက ကမ္ဘာ့နိုင်ငံတွေကို ဗိုလ်ကျသြဇာလွှမ်းမိုးဖို့ နဲ့ ခွဲခြားပိုင်ခြားမယ့်အစား တရားမျှတမှုတွေနဲ့ စုစည်းညီညွှတ်မှုတွေဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

တရုတ်စစ်တပ်အနေနဲ့ အင်အားတောင့်တင်းအောင်လုပ်ဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို အမြဲတမ်းကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့အခြေခံမူများအတိုင်း ဆက်ရှိမှာဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးက တရုတ်စစ်တပ်ဟာ ကျူးကျော်သူတွေကို အနိုင်ရယူနိုင်စွမ်းရှိပြီး ယုံကြည်မှုအပြည့်ရှိနေကြောင်း၊ ဆိုပါတယ်။ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဟာ အာရှဒေသမှာ ယူကရိန်းလိုမျိုး စစ်ပွဲတွေဖြစ်လာအောင်ဖန်တီးဖို့ ကြိုးပမ်းခြင်းများကို တားဆီးနိုင်အောင်ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

တရုတ်နိုင်ငံပိုင်သတင်းဌာန ဂလိုဘယ်လ်တိုင်းမ်က အမေရိကန် နဲ့ အခြားနိုင်ငံတွေဟာ ထိုင်ဝမ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းတာမျိုးတွေရှိနေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး အဆိုပါအစည်းအဝေးကို အာဆီယံရဲ့မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ အမေရိကန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်ပြီး ဒေသအတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးက "ကမ္ဘာကြီးဟာ စုစည်းညီညွှတ်မှုရှိဖို့ လိုအပ်တယ်။ ခွဲခြားမှုမရှိဘဲ အနိုင်ကျင့် ဗိုလ်ကျမှုမရှိ၊ မနာလိုမှုမရှိဘဲ ပွင့်လင်းမြင်စွာမှု နဲ့ တရားမျှတမှုတွေရှိဖို့ လိုအပ်တယ်" လို့ပြောပါတယ်။

Zawgyi Version;
အာရွေဒသမွာ ယူကရိန္းစစ္ပြဲလိုမ်ိဳး စစ္ပြဲျဖစ္လာေအာင္ ဖန္တီးမႈေတြကို ကာကြယ္သြားမယ္လို႔ တ႐ုတ္စစ္ဘက္ဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄

အာရွေဒသမွာ ယူကရိန္းစစ္ပြဲလိုမ်ိဳး စစ္ပြဲျဖစ္လာေစဖို႔ ဖန္တီးမႈေတြ ႀကိဳးပမ္းမႈေတြကို ခုခံႏိုင္ဖို႔ တ႐ုတ္ႏိုင္ငံက ဝိုင္းဝန္းႀကိဳးပမ္းလ်က္ရွိေနေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး Wei Fenghe က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဟာ အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက ကမာၻ႔ႏိုင္ငံေတြကို ဗိုလ္က်ၾသဇာလႊမ္းမိုးဖို႔ နဲ႔ ခြဲျခားပိုင္ျခားမယ့္အစား တရားမွ်တမႈေတြနဲ႔ စုစည္းညီၫႊတ္မႈေတြျဖစ္ေအာင္ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း တိုက္တြန္းေတာင္းဆိုခဲ့ပါတယ္။

တ႐ုတ္စစ္တပ္အေနနဲ႔ အင္အားေတာင့္တင္းေအာင္လုပ္ေဆာင္ၿပီး ကမာၻ႔ၿငိမ္းခ်မ္းေရးကို အၿမဲတမ္းကူညီေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္း၊ ထိုင္ဝမ္အေရးကိစၥနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕အေျခခံမူမ်ားအတိုင္း ဆက္ရွိမွာျဖစ္ေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးကေျပာပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက တ႐ုတ္စစ္တပ္ဟာ က်ဴးေက်ာ္သူေတြကို အႏိုင္ရယူႏိုင္စြမ္းရွိၿပီး ယုံၾကည္မႈအျပည့္ရွိေနေၾကာင္း၊ ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားဟာ အာရွေဒသမွာ ယူကရိန္းလိုမ်ိဳး စစ္ပြဲေတြျဖစ္လာေအာင္ဖန္တီးဖို႔ ႀကိဳးပမ္းျခင္းမ်ားကို တားဆီးႏိုင္ေအာင္ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း၊ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံပိုင္သတင္းဌာန ဂလိုဘယ္လ္တိုင္းမ္က အေမရိကန္ နဲ႔ အျခားႏိုင္ငံေတြဟာ ထိုင္ဝမ္အေရးကိစၥနဲ႔ ပတ္သက္ၿပီး ၾကားဝင္စြက္ဖက္ဖို႔ ႀကိဳးပမ္းတာမ်ိဳးေတြရွိေနေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
ကေမာၻဒီးယားႏိုင္ငံဟာ အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနၿပီး အဆိုပါအစည္းအေဝးကို အာဆီယံရဲ႕မိတ္ဖက္ႏိုင္ငံေတြျဖစ္တဲ့ ၾသစေၾတးလ်၊ အေမရိကန္၊ ေတာင္ကိုရီးယား၊ ႐ုရွား၊ အေမရိကန္၊ အိႏၵိယ၊ တ႐ုတ္၊ ဂ်ပန္၊ နယူးဇီလန္ႏိုင္ငံတို႔က ကာကြယ္ေရးဝန္ႀကီးမ်ားလည္း တက္ေရာက္ၿပီး ေဒသအတြင္းနဲ႔ ကမာၻ႔လုံၿခဳံေရးကိစၥမ်ားကို အဓိကထား ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက "ကမာၻႀကီးဟာ စုစည္းညီၫႊတ္မႈရွိဖို႔ လိုအပ္တယ္။ ခြဲျခားမႈမရွိဘဲ အႏိုင္က်င့္ ဗိုလ္က်မႈမရွိ၊ မနာလိုမႈမရွိဘဲ ပြင့္လင္းျမင္စြာမႈ နဲ႔ တရားမွ်တမႈေတြရွိဖို႔ လိုအပ္တယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.