ဆီးရီးယားနှင့် အီရတ်မြောက်ပိုင်းအပေါ် တူရကီ၏လေကြောင်းစစ်ဆင်ရေးက အစပိုင်းသာရှိသေးပြီး၊ မြေပြင်ထိုးစစ်အရှိန်မြှင့်မည်ဟု တူရကီသမ္မတအာဒိုဂန် ပြောဆို

 367

Pika (NP News) - နိုဝင်ဘာ ၂၄

ဆီးရီးယားနှင့်အီရတ်မြောက်ပိုင်းကို တူရကီ၏လေကြောင်းစစ်ဆင်ရေးများသည် အစပိုင်းသာရှိသေးပြီး မကြာမီ တွင် ကာ့ဒစ်ရှ်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသော ဆီးရီးယားရှိနယ်မြေများကို မြေပြင်ထိုးစစ်အရှိန်မြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း တူရကီသမ္မတအာဒိုဂန်က နိုဝင်ဘာ(၂၃)ရက်တွင် သတိပေးပြောဆိုခဲ့သည်။

တူရကီသမ္မတအာဒိုဂန်က "တူရကီအား တိုက်ခိုက်လာနိုင်ချေများကိုတားဆီးမယ့် လုံခြုံရေးအဖွဲ့တွေနဲ့အတူ ကျွန်တော်တို့ရဲ့တောင်ပိုင်းနယ်စပ်အားလုံးကို ပိတ်ထားဖို့ ဆုံးဖြတ်ထားပါတယ်" ဟု ပြောဆိုခဲ့သည်။

တူရကီစစ်တပ်၏ မြေပြင်ထိုးစစ်ဆင်ခြင်းများကို မကြာမီအချိန်အတွင်း စတင်မည်ဖြစ်ပြီး Tel Rifaat၊ Mambij နှင့် Kobani ဒေသများကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း တူရကီသမ္မတအာဒိုဂန်က ပြောဆိုခဲ့သည်။

တူရကီ၏စစ်ဆင်ရေးသည် အချုပ်အခြာအာဏာသို့မဟုတ် နယ်မြေစိုးမိုးရေးကို စိန်ခေါ်မည်မဟုတ်ကြောင်း စစ်ဆင်ရေး၏ရည်ရွယ်ချက်မှာ တူရကီနိုင်ငံ၏လုံခြုံရေးကို ကာကွယ်ရန်အတွက်သာဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က အလေးပေးပြောဆိုခဲ့သည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် နိုဝင်ဘာ(၁၃)ရက်က လူ(၆)ဦးသေဆုံးပြီး (၈၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ သည့် ဗုံးခွဲမှုနှင့်ပတ်သက်ပြီး တူရကီအစိုးရသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တူရကီနှင့် ဆီးရီးယားနယ်စပ်တစ် လျှောက်တွင် လက်တုံ့ပြန်တိုက်ခိုက်မှုများ အရှိန်မြင့်ခဲ့ကြောင်းလည်း သိရသည်။

တူရကီစစ်တပ်သည် ကာဒစ်စတန်အလုပ်သမားပါတီ (PKK) နှင့် YPG တို့နှင့်ဆက်စပ်နေသော ပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အမြောက်ဖြင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ရုရှားသည် ဒေသတွင်းတင်းမာမှုများ တိုးလာခြင်းကို ရှောင်ရှားရန်အတွက် ဆီးရီးယားနယ်မြေများတွင် စစ်အင်အား အလွန်အကျွံအသုံးမပြုရန် တူရကီအားတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ကာ့ဒစ်ရှ်လက်နက်ကိုင်အဖွဲ့နှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေသောပြဿနာကို အဖြေရှာဖွေရန် စိတ်ပါဝင်စားသည့် နိုင်ငံအားလုံးနှင့် ပူးပေါင်းလုပ်ဆောင်သွားရန်ဆန္ဒရှိကြောင်း ရုရှားအစိုးရက ပြောကြားခဲ့သည်။
တူရကီ၏လေကြောင်းစစ်ဆင်ရေးသည် ယခုသီတင်းပတ်ကုန်တွင် စတင်ခဲ့ပြီး ဆီးရီးယားနှင့် အီရတ်ရှိ စစ်သွေးကြွ (၂၅၄) ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း တူရကီအစိုးရက ပြောကြားခဲ့သည်။ ဆီးရီးယားနှင့် အီရတ်မြောက်ပိုင်းရှိ အကြမ်းဖက်ပစ်မှတ်(၄၇၁)ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ဆီးရီးယားႏွင့္ အီရတ္ေျမာက္ပိုင္းအေပၚ တူရကီ၏ေလေၾကာင္းစစ္ဆင္ေရးက အစပိုင္းသာရွိေသးၿပီး၊ ေျမျပင္ ထိုးစစ္အရွိန္ျမႇင့္မည္ဟု တူရကီသမၼတအာဒိုဂန္ ေျပာဆို
Pika (NP News) - ႏိုဝင္ဘာ ၂၄

ဆီးရီးယားႏွင့္အီရတ္ေျမာက္ပိုင္းကို တူရကီ၏ေလေၾကာင္းစစ္ဆင္ေရးမ်ားသည္ အစပိုင္းသာရွိေသးၿပီး မၾကာမီ တြင္ ကာ့ဒစ္ရွ္လက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္ထားေသာ ဆီးရီးယားရွိနယ္ေျမမ်ားကို ေျမျပင္ထိုးစစ္အရွိန္ျမင့္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း တူရကီသမၼတအာဒိုဂန္က ႏိုဝင္ဘာ(၂၃)ရက္တြင္ သတိေပးေျပာဆိုခဲ့သည္။

တူရကီသမၼတအာဒိုဂန္က "တူရကီအား တိုက္ခိုက္လာႏိုင္ေခ်မ်ားကိုတားဆီးမယ့္ လုံၿခဳံေရးအဖြဲ႕ေတြနဲ႔အတူ ကြၽန္ေတာ္တို႔ရဲ႕ေတာင္ပိုင္းနယ္စပ္အားလုံးကို ပိတ္ထားဖို႔ ဆုံးျဖတ္ထားပါတယ္" ဟု ေျပာဆိုခဲ့သည္။

တူရကီစစ္တပ္၏ ေျမျပင္ထိုးစစ္ဆင္ျခင္းမ်ားကို မၾကာမီအခ်ိန္အတြင္း စတင္မည္ျဖစ္ၿပီး Tel Rifaat၊ Mambij ႏွင့္ Kobani ေဒသမ်ားကို ပစ္မွတ္ထားမည္ျဖစ္ေၾကာင္း တူရကီသမၼတအာဒိုဂန္က ေျပာဆိုခဲ့သည္။

တူရကီ၏စစ္ဆင္ေရးသည္ အခ်ဳပ္အျခာအာဏာသို႔မဟုတ္ နယ္ေျမစိုးမိုးေရးကို စိန္ေခၚမည္မဟုတ္ေၾကာင္း စစ္ဆင္ေရး၏ရည္႐ြယ္ခ်က္မွာ တူရကီႏိုင္ငံ၏လုံၿခဳံေရးကို ကာကြယ္ရန္အတြက္သာျဖစ္ေၾကာင္း တူရကီသမၼတ အာဒိုဂန္က အေလးေပးေျပာဆိုခဲ့သည္။

တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕တြင္ ႏိုဝင္ဘာ(၁၃)ရက္က လူ(၆)ဦးေသဆုံးၿပီး (၈၁)ေယာက္ ထိခိုက္ဒဏ္ရာရရွိခဲ့ သည့္ ဗုံးခြဲမႈႏွင့္ပတ္သက္ၿပီး တူရကီအစိုးရသည္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း တူရကီႏွင့္ ဆီးရီးယားနယ္စပ္တစ္ ေလွ်ာက္တြင္ လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ား အရွိန္ျမင့္ခဲ့ေၾကာင္းလည္း သိရသည္။

တူရကီစစ္တပ္သည္ ကာဒစ္စတန္အလုပ္သမားပါတီ (PKK) ႏွင့္ YPG တို႔ႏွင့္ဆက္စပ္ေနေသာ ပစ္မွတ္မ်ားကို ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ျခင္းႏွင့္ အေျမာက္ျဖင့္ တိုက္ခိုက္ျခင္းမ်ားကို ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။

႐ုရွားသည္ ေဒသတြင္းတင္းမာမႈမ်ား တိုးလာျခင္းကို ေရွာင္ရွားရန္အတြက္ ဆီးရီးယားနယ္ေျမမ်ားတြင္ စစ္အင္အား အလြန္အကြၽံအသုံးမျပဳရန္ တူရကီအားေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။
ကာ့ဒစ္ရွ္လက္နက္ကိုင္အဖြဲ႕ႏွင့္ပတ္သက္ၿပီး ျဖစ္ေပၚေနေသာျပႆနာကို အေျဖရွာေဖြရန္ စိတ္ပါဝင္စားသည့္ ႏိုင္ငံအားလုံးႏွင့္ ပူးေပါင္းလုပ္ေဆာင္သြားရန္ဆႏၵရွိေၾကာင္း ႐ုရွားအစိုးရက ေျပာၾကားခဲ့သည္။
တူရကီ၏ေလေၾကာင္းစစ္ဆင္ေရးသည္ ယခုသီတင္းပတ္ကုန္တြင္ စတင္ခဲ့ၿပီး ဆီးရီးယားႏွင့္ အီရတ္ရွိ စစ္ေသြးႂကြ (၂၅၄) ဦးကို ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း တူရကီအစိုးရက ေျပာၾကားခဲ့သည္။ ဆီးရီးယားႏွင့္ အီရတ္ေျမာက္ပိုင္းရွိ အၾကမ္းဖက္ပစ္မွတ္(၄၇၁)ခုကို ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.