အမေရိကန်မှာ လူအုပ်အတွင်း သေနတ်နှင့်ပစ်ခတ်သည့် အမုန်းတရားအခြေခံ အသိမဲ့အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

 448

Htay Oung (NP News) - နိုဝင်ဘာ ၂၅

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ဝေါလ်မတ်စတိုးးဆိုင်မှာ နိုဝင်ဘာလ ၂၂ ရက်၊ အင်္ဂါနေ့ တိုက်ခိုက်သူ လက်ချက်နဲ့ လူခြောက်ဦး ထက်မနည်းကို ပစ်သတ်ခံခဲ့ရကြောင်း၊ တစ်ကိုယ်တော်သေနတ်သမားလို့ သံသယရှိသူ မှာလည်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပြတယ်လို့ AFP က ယမန်နေ့ ရေးသားပါတယ်။

ချက်ဆာပိခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ လူစုလူဝေးအတွင်း သေနတ်နဲ့ပစ်မှုဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ကျေးဇူး တော်နေ့ အားလပ်ရက်မတိုင်ခင်မှာ ဖြစ်ပြီး၊ လွန်ခဲ့တဲ့ ရုံးပိတ်ရက် ကော်လိုရာဒိုပြည်နယ် LGBTQ ကလပ်တစ်ခုမှာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူငါးဦး သေဆုံးခဲ့ရပါသေးတယ်။

ယမန်နေ့ည ဆမ်ဆာကယ်ဝေါလ်မတ်ဆိုင်မှာ သေနတ်သမားအပါအဝင် လူ ၇ ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုကြောင်း မြို့အုပ်ချုပ်ရေးမှူးရဲ့ရေးသားချက်ကို သူ့ရဲ့တွစ်တာ စာမျက်နှာမှာ တွေ့ရှိရပါတယ်။

ဝေါလ်မတ်မီဂါစတိုးဆိုင်မှာ အားလပ်ရက်ဈေးဝယ်သူများနဲ့ စည်ကားနေခိုက်ဖြစ်တဲ့အတွက် လူအများအပြား သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ချက်ဆာပိခ်ရဲစခန်းရဲ့အဆိုကို ဒေသခံမီဒီယာများက ဖော်ပြကြပါတယ်။ နိုဝင်ဘာလ ၂၂ ရက်၊ အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁ဝ နာရီကျော်ခန့် အရေးပေါ်ဖုန်းခေါ်ဆိုမှုများကြောင့် လျှပ်တပြက် တုံ့ပြန် ရေးတပ်ဖွဲ့နဲ့ နည်းဗျူဟာအဖွဲ့များက စတိုးဆိုင်ဖွင့်ထားဆဲ အခင်းဖြစ်ပွားရာနေရာကို ချက်ခြင်းရောက်ရှိသွား ကြောင်း သိရှိရပါတယ်။

ပစ်ခတ်မှု စတင်ဖြစ်ပွားတာဟာ ဆိုင်ရဲ့ နောက်ဘက်ခြမ်းမှာဖြစ်ပြီး ဆေးရုံပို့လိုက်ရသူ ငါးဦးထက်မနည်း ရှိလိမ့်မယ် လို့ မျက်မြင်တွေ့လိုက်ရသူများက ပြောပါတယ်။ သေနတ်သမားဖြစ်ကြောင်း သံသယရှိသူရဲ့ အမည်နာမ (သို့မဟုတ်) ကိုယ်ထိလက်ရောက်ပြုသူ သေဆုံးပုံနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို ရဲတပ်ဖွဲ့ရဲ့ ကနဦး ပြောဆိုချက်တွေမှာ ပါဝင်ခြင်း မရှိပါဘူး။

သေနတ်နဲ့ပစ်ခတ်သူဟာ တစ်ယောက်တည်းဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူလည်း သေဆုံးသွားတယ်ဆိုပေမယ့် ရဲတပ်ဖွဲ့ဝင်တွေ ပစ်သတ်လို့တော့ ဟုတ်မယ်မထင်ဘူးလို့ ချက်ဆာပိခ်စခန်းမှူးက ပြောပါတယ်။ ဝေါလ်မတ်မီဂါ စတိုးများဟာ အမေရိကန်မှာ အကြီးဆုံးနဲ့ အတွင်ကျယ်ဆုံး လက်လီအရောင်းဆိုင်များဖြစ်ကြပါတယ်။ မြို့တော် ဝါရှင်တန်ရဲ့အရှေ့တောင်ဖက် မိုင် ၁၅ဝ ခန့်အကွာမှာရှိနေတဲ့ ဝေါလ်မတ်စတိုးဆိုင်မှာ အခင်းဖြစ်ပွားပြီးနောက် နာရီ ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ စုဝေးရောက်ရှိနေပုံကို ရုပ်သံသတင်းဋ္ဌာနများက ဖော်ပြနေကြပါတယ်။

သေနတ်သမားဟာ အသက် ၃၁ နှစ်အရွယ် မန်နေဂျာ အင်ဒရီဘင်းဆိုသူဖြစ်ကြောင်း၊ ဝေါလ်မတ်ဆိုင်ရဲ့ ညလုံး ပေါက် အရောင်းခေါင်းဆောင်အဖြစ် ၂ဝ၁ဝ ခုနှစ်ကတည်းက အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ သေနတ်နဲ့ ပစ်သတ်ခံရသူတွေက သူနဲ့အတူ ဈေးရောင်းနေတဲ့ဆိုင်ဝန်ထမ်းများနဲ့ မိတ်ဆွေများဖြစ်ကြောင်း၊ သူကိုယ်တိုင် လည်း သူ့ကိုယ်သူ ပစ်ခတ်ခဲ့ပုံရတဲ့ သေနတ်ဒဏ်ရာနဲ့ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့ကြောင်း ABC သတင်း အေဂျင်စီက နိုဝင်ဘာလ ၂၄ ရက်မှာ ရေးသားပါတယ်။

အမေရိကန်နိုင်ငံမှာ လူစုလူဝေးအတွင်း သေနတ်နဲ့ပစ်တဲ့ အသိမဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ဆိုသလို မကြာခဏဖြစ်ပွားနေပါတယ်။
နိုင်ငံ့အနောက်ပိုင်း ရော့ကီတောင်တန်းဒေသ ကော်လိုရာဒိုပြည်နယ် ကော်လိုရာဒိုစပရင်းမြို့ LGBTQ နိုက်ကလပ် မှာ သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်တဲ့အတွက် လူငါးဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ရပါ တယ်။ အမုန်းတရား အခြေခံရာဇဝတ်မှုဖြစ်ဖွယ်ရှိတဲ့ အဲဒီဖြစ်ရပ်နဲ့ အခုဗာဂျီးနီးယားပြည်နယ် ဝေါလ်မတ် သေနတ် ပစ်ခတ်မှုဟာ သုံးရက်သာ ကွာခြားပါတယ်။

အန်ဒါဆင် လီးအဲလ်ဒ်ရစ် အမည်ရှိ အသက် ၂၂ နှစ်အရွယ် သံသယရှိသူဟာ “လိင်အင်္ဂါပြောင်းလဲထားသူများ အမှတ်တရနေ့” မှာ ပြောင်းရှည် ရိုင်ဖယ်သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပါတယ်။ LGBTQ နိုက်ကလပ် ပါတီ ကျင်းပနေစဉ် လိင်အင်္ဂါပြောင်းလဲထားသူများကိုပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အာဏာ ပိုင်တွေက ပြောပါတယ်။

၂ဝ၂၂ ခုနှစ်အထိ လူစုလူဝေးအတွင်း သေနတ်နဲ့ပစ်ခတ်မှုပေါင်း အကြိမ် ၆ဝဝ ကျော်ဖြစ်ပွားခဲ့တဲ့ အမေရိကန် နိုင်ငံ ဟာ သေနတ်ကိုင်အကြမ်းဖက်မှုတွေဟာ စိုးရိမ်ဖွယ်ရာနှုန်းနဲ့ မြင့်တက်လာနေကြောင်း “သေနတ်ကိုင် အကြမ်းဖက် မှုမှတ်တမ်း” ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
#အမေရိကန်ဗာဂျီးနီးယားဝေါလ်မတ်အစုအပုံလိုက်သေနတ်ပစ်ခံရမှု
(AFP.,23 November 2022,” Six killed in US Walmart shooting” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အေမရိကန္မွာ လူအုပ္အတြင္း ေသနတ္ႏွင့္ပစ္ခတ္သည့္ အမုန္းတရားအေျခခံ အသိမဲ့အၾကမ္းဖက္မႈမ်ား ဆက္တိုက္ျဖစ္ပြားေန
Htay Oung (NP News) - ႏိုဝင္ဘာ ၂၅

အေမရိကန္ႏိုင္ငံ ဗာဂ်ီးနီးယားျပည္နယ္ ေဝါလ္မတ္စတိုးးဆိုင္မွာ ႏိုဝင္ဘာလ ၂၂ ရက္၊ အဂၤါေန႔ တိုက္ခိုက္သူ လက္ခ်က္နဲ႔ လူေျခာက္ဦး ထက္မနည္းကို ပစ္သတ္ခံခဲ့ရေၾကာင္း၊ တစ္ကိုယ္ေတာ္ေသနတ္သမားလို႔ သံသယရွိသူ မွာလည္း ေသဆုံးသြားေၾကာင္း ရဲတပ္ဖြဲ႕က ေျပာျပတယ္လို႔ AFP က ယမန္ေန႔ ေရးသားပါတယ္။

ခ်က္ဆာပိခ္ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ အဲဒီ လူစုလူေဝးအတြင္း ေသနတ္နဲ႔ပစ္မႈဟာ အေမရိကန္ႏိုင္ငံသားေတြရဲ႕ ေက်းဇူး ေတာ္ေန႔ အားလပ္ရက္မတိုင္ခင္မွာ ျဖစ္ၿပီး၊ လြန္ခဲ့တဲ့ ႐ုံးပိတ္ရက္ ေကာ္လိုရာဒိုျပည္နယ္ LGBTQ ကလပ္တစ္ခုမွာ ေသနတ္နဲ႔ပစ္ခတ္မႈေၾကာင့္ လူငါးဦး ေသဆုံးခဲ့ရပါေသးတယ္။

ယမန္ေန႔ည ဆမ္ဆာကယ္ေဝါလ္မတ္ဆိုင္မွာ ေသနတ္သမားအပါအဝင္ လူ ၇ ဦးေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က အတည္ျပဳေၾကာင္း ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးရဲ႕ေရးသားခ်က္ကို သူ႔ရဲ႕တြစ္တာ စာမ်က္ႏွာမွာ ေတြ႕ရွိရပါတယ္။

ေဝါလ္မတ္မီဂါစတိုးဆိုင္မွာ အားလပ္ရက္ေဈးဝယ္သူမ်ားနဲ႔ စည္ကားေနခိုက္ျဖစ္တဲ့အတြက္ လူအမ်ားအျပား ေသဆုံးခဲ့ရျခင္းျဖစ္တယ္လို႔ ခ်က္ဆာပိခ္ရဲစခန္းရဲ႕အဆိုကို ေဒသခံမီဒီယာမ်ားက ေဖာ္ျပၾကပါတယ္။ ႏိုဝင္ဘာလ ၂၂ ရက္၊ အဂၤါေန႔ ေဒသစံေတာ္ခ်ိန္ ည ၁ဝ နာရီေက်ာ္ခန႔္ အေရးေပၚဖုန္းေခၚဆိုမႈမ်ားေၾကာင့္ လွ်ပ္တျပက္ တုံ႔ျပန္ ေရးတပ္ဖြဲ႕နဲ႔ နည္းဗ်ဴဟာအဖြဲ႕မ်ားက စတိုးဆိုင္ဖြင့္ထားဆဲ အခင္းျဖစ္ပြားရာေနရာကို ခ်က္ျခင္းေရာက္ရွိသြား ေၾကာင္း သိရွိရပါတယ္။

ပစ္ခတ္မႈ စတင္ျဖစ္ပြားတာဟာ ဆိုင္ရဲ႕ ေနာက္ဘက္ျခမ္းမွာျဖစ္ၿပီး ေဆး႐ုံပို႔လိုက္ရသူ ငါးဦးထက္မနည္း ရွိလိမ့္မယ္ လို႔ မ်က္ျမင္ေတြ႕လိုက္ရသူမ်ားက ေျပာပါတယ္။ ေသနတ္သမားျဖစ္ေၾကာင္း သံသယရွိသူရဲ႕ အမည္နာမ (သို႔မဟုတ္) ကိုယ္ထိလက္ေရာက္ျပဳသူ ေသဆုံးပုံနဲ႔ပတ္သက္တဲ့အေသးစိတ္အခ်က္အလက္ေတြကို ရဲတပ္ဖြဲ႕ရဲ႕ ကနဦး ေျပာဆိုခ်က္ေတြမွာ ပါဝင္ျခင္း မရွိပါဘူး။

ေသနတ္နဲ႔ပစ္ခတ္သူဟာ တစ္ေယာက္တည္းျဖစ္ၿပီး တစ္ခ်ိန္တည္းမွာပဲ သူလည္း ေသဆုံးသြားတယ္ဆိုေပမယ့္ ရဲတပ္ဖြဲ႕ဝင္ေတြ ပစ္သတ္လို႔ေတာ့ ဟုတ္မယ္မထင္ဘူးလို႔ ခ်က္ဆာပိခ္စခန္းမႉးက ေျပာပါတယ္။ ေဝါလ္မတ္မီဂါ စတိုးမ်ားဟာ အေမရိကန္မွာ အႀကီးဆုံးနဲ႔ အတြင္က်ယ္ဆုံး လက္လီအေရာင္းဆိုင္မ်ားျဖစ္ၾကပါတယ္။ ၿမိဳ႕ေတာ္ ဝါရွင္တန္ရဲ႕အေရွ႕ေတာင္ဖက္ မိုင္ ၁၅ဝ ခန႔္အကြာမွာရွိေနတဲ့ ေဝါလ္မတ္စတိုးဆိုင္မွာ အခင္းျဖစ္ပြားၿပီးေနာက္ နာရီ ပိုင္းအတြင္း ရဲတပ္ဖြဲ႕ဝင္မ်ား စုေဝးေရာက္ရွိေနပုံကို ႐ုပ္သံသတင္း႒ာနမ်ားက ေဖာ္ျပေနၾကပါတယ္။

ေသနတ္သမားဟာ အသက္ ၃၁ ႏွစ္အ႐ြယ္ မန္ေနဂ်ာ အင္ဒရီဘင္းဆိုသူျဖစ္ေၾကာင္း၊ ေဝါလ္မတ္ဆိုင္ရဲ႕ ညလုံး ေပါက္ အေရာင္းေခါင္းေဆာင္အျဖစ္ ၂ဝ၁ဝ ခုႏွစ္ကတည္းက အလုပ္လုပ္ကိုင္ေနသူျဖစ္ေၾကာင္း၊ ေသနတ္နဲ႔ ပစ္သတ္ခံရသူေတြက သူနဲ႔အတူ ေဈးေရာင္းေနတဲ့ဆိုင္ဝန္ထမ္းမ်ားနဲ႔ မိတ္ေဆြမ်ားျဖစ္ေၾကာင္း၊ သူကိုယ္တိုင္ လည္း သူ႔ကိုယ္သူ ပစ္ခတ္ခဲ့ပုံရတဲ့ ေသနတ္ဒဏ္ရာနဲ႔ အခင္းျဖစ္ပြားရာေနရာမွာ ေသဆုံးခဲ့ေၾကာင္း ABC သတင္း ေအဂ်င္စီက ႏိုဝင္ဘာလ ၂၄ ရက္မွာ ေရးသားပါတယ္။

အေမရိကန္ႏိုင္ငံမွာ လူစုလူေဝးအတြင္း ေသနတ္နဲ႔ပစ္တဲ့ အသိမဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ထိခိုက္ေသဆုံးမႈေတြ ဆက္တိုက္ဆိုသလို မၾကာခဏျဖစ္ပြားေနပါတယ္။
ႏိုင္ငံ့အေနာက္ပိုင္း ေရာ့ကီေတာင္တန္းေဒသ ေကာ္လိုရာဒိုျပည္နယ္ ေကာ္လိုရာဒိုစပရင္းၿမိဳ႕ LGBTQ ႏိုက္ကလပ္ မွာ ေသနတ္သမားတစ္ဦးက ဝင္ေရာက္ပစ္ခတ္တဲ့အတြက္ လူငါးဦး ေသဆုံးၿပီး ၁၈ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့ရပါ တယ္။ အမုန္းတရား အေျခခံရာဇဝတ္မႈျဖစ္ဖြယ္ရွိတဲ့ အဲဒီျဖစ္ရပ္နဲ႔ အခုဗာဂ်ီးနီးယားျပည္နယ္ ေဝါလ္မတ္ ေသနတ္ ပစ္ခတ္မႈဟာ သုံးရက္သာ ကြာျခားပါတယ္။

အန္ဒါဆင္ လီးအဲလ္ဒ္ရစ္ အမည္ရွိ အသက္ ၂၂ ႏွစ္အ႐ြယ္ သံသယရွိသူဟာ “လိင္အဂၤါေျပာင္းလဲထားသူမ်ား အမွတ္တရေန႔” မွာ ေျပာင္းရွည္ ႐ိုင္ဖယ္ေသနတ္နဲ႔ ဝင္ေရာက္ပစ္ခတ္ျခင္းျဖစ္ပါတယ္။ LGBTQ ႏိုက္ကလပ္ ပါတီ က်င္းပေနစဥ္ လိင္အဂၤါေျပာင္းလဲထားသူမ်ားကိုပစ္မွတ္ထားၿပီး အၾကမ္းဖက္တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း အာဏာ ပိုင္ေတြက ေျပာပါတယ္။

၂ဝ၂၂ ခုႏွစ္အထိ လူစုလူေဝးအတြင္း ေသနတ္နဲ႔ပစ္ခတ္မႈေပါင္း အႀကိမ္ ၆ဝဝ ေက်ာ္ျဖစ္ပြားခဲ့တဲ့ အေမရိကန္ ႏိုင္ငံ ဟာ ေသနတ္ကိုင္အၾကမ္းဖက္မႈေတြဟာ စိုးရိမ္ဖြယ္ရာႏႈန္းနဲ႔ ျမင့္တက္လာေနေၾကာင္း “ေသနတ္ကိုင္ အၾကမ္းဖက္ မႈမွတ္တမ္း” ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။
#အေမရိကန္ဗာဂ်ီးနီးယားေဝါလ္မတ္အစုအပုံလိုက္ေသနတ္ပစ္ခံရမႈ
(AFP.,23 November 2022,” Six killed in US Walmart shooting” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.