အိန္ဒိယနိုင်ငံရဲ့အကြီးဆုံး လေကြောင်းလိုင်းဖြစ်တဲ့ IndiGo က မြန်မာနိုင်ငံနဲ့ ကုန်စည်လေကြောင်းပျံသန်းပြေးဆွဲမှုတွေ ပြန်လည်ပြုလုပ်

 916

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့အနောက် အုပ်စုဟာ မြန်မာနိုင်ငံကို ပိတ်ဆို့မှုများချမှတ်ခဲ့သလို အိန္ဒိယနိုင်ငံကိုလည်း နစကကို ပိတ်ဆို့မှုချမှတ်ဖို့ အဆက်အဆံမလုပ်ဖို့ ဖိအားပေးခဲ့ပေမယ့် အိန္ဒိယဟာ အနောက်အုပ်စုရဲ့ဖိအားတွေကိုလက်မခံဘဲ မြန်မာနိုင်ငံနဲ့ ပုံမှန်အတိုင်း ဆက်ဆံမှုတွေလုပ်ဆောင်ခဲ့ပြီး၊ နိုဝင်ဘာ ၂၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ IndiGo ရဲ့ ကုန်စည်လေကြောင်းခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ လေကြောင်းပျံသန်းမှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်းလိုင်းရဲ့ကုန်စည်လေကြောင်းခရီးစဉ်ဟာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ကာလကတ္တားကနေ ရန်ကုန်မြို့ကို တိုက်ရိုက်ပျံသန်းခဲ့ခြင်းဖြစ်ပြီး A321P2F လေယာဉ်နဲ့ ကုန်စည် ၁၉ဝဝဝ ကီလိုဂရမ် တင်ဆောင်ပျံသန်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

IndiGo လေကြောင်းလိုင်းရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မာဟီမာလစ်က "ကာလကတ္တားမြို့နဲ့ ရန်ကုန်မြို့ကို နိုင်ငံတကာ လေကြောင်းပျံသန်းမှုတွေ တိုးချဲ့လုပ်ကိုင်နေတယ်" လို့ပြောပါတယ်။

IndiGo လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံနဲ့ လေကြောင်းပျံသန်းပြေးဆွဲမှုများလုပ်ဆောင်ခဲ့ဖူးပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂ဝ၂ဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံနဲ့ လေကြောင်းပျံသန်းမှုတွေကို ဆိုင်းငံ့ခဲ့ကာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ လေကြောင်းပျံသန်းမှုတွေ ပြန်လည်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

IndiGo လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံနဲ့ ၂ဝ၂၃ ခုနှစ် မတ်လမှာ ခရီးသည်တင်လေကြောင်းလိုင်းဝန်ဆောင်မှုများ တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ IndiGo ဟာ မြန်မာနိုင်ငံနဲ့ ကုန်စည်ဝန်ဆောင်မှုအတွက် ကုန်စည်တင်လေကြောင်းခရီးစဉ်များ စတင်ပျံသန်းလျက်ရှိနေကြောင်း အိန္ဒိယသတင်းတွေက ဖော်ပြထားပါတယ်။

Zawgyi Version;







Related news

© 2021. All rights reserved.