ကင်ညာနိုင်ငံမှာ ဆင်ကို ဘီယာတိုက်ခဲ့တဲ့ခရီးသွားအမျိုးသား စုံစမ်းစစ်ဆေးခံရ

 148

ရောင်နီ (NP News) - စက်တင်ဘာ ၂
ကင်ညာနိုင်ငံမှာ ဆင်ရဲ့နှာမောင်းထဲ ဘီယာလောင်းချခဲ့တဲ့ စပိန်နိုင်ငံသား ခရီးသွား စုံစမ်းစစ်ဆေးခံနေရ တယ်လို့ သိရပါတယ်။
အဲဒီအဖြစ်အပျက်ဟာ လိုင်ကီပီးယားခရိုင်ရှိ ပုဂ္ဂလိကပိုင် Ol Jogi Conservancy တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ ဖြစ်ခဲ့တာဖြစ်တယ်လို့ BBC သတင်းဌာနက သြဂုတ် ၂၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။ အမျိုးသားဟာ ဆင်ကို ဘီယာတိုက်နေတဲ့ ဗီဒီယိုနဲ့ ဆင်နှစ်ကောင်ကို မုန်လာဥနီ ၂ လုံးကျွေးပြီး "ငါတို့ ဘီယာ သောက်ချိန်တန်ပြီ" လို့ ပြောနေတဲ့ ဗီဒီယိုဖိုင် ၂ ခုကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပေမယ့် အမုန်းပွားတဲ့ မှတ်ချက်တွေကြောင့် သိပ်မကြာခင် ဖျက်ချခဲ့ပါတယ်။ ဗီဒီယိုဖိုင်နှစ်ခုစလုံးဟာ ကင်ညာနိုင်ငံသားအချို့ရဲ့ ဒေါသတကြီးတုံ့ပြန်တဲ့ မှတ်ချက်တွေနဲ့ ပြည့်နက်နေခဲ့ပါတယ်။
ကင်ညာတောရိုင်းတိရစ္ဆာန်ဌာနက ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ကင်ညာ ဇီဝဗေဒ ပညာရှင်၊ ဆင်ထိန်းသိမ်းရေးပညာရှင် ဝင်နီကီရူကတော့ ဆင်ဟာ တောရိုင်းဆင်တွေဖြစ်တာကြောင့် အဆိုပါ အမျိုးသားရဲ့လုပ်ရပ်ဟာ ဆင်တွေရဲ့အသက်အန္တရာယ်ကိုသာမက သူ့ရဲ့အသက်ကိုပါ ခြိမ်းခြောက်နိုင်တယ်လို့ ဆိုပါတယ်။
Ol Jogi ဘေးမဲ့တောဟာ မြင်းကျား၊ ကြံ့ဖြူတွေနဲ့ ဆင် အကောင်ရေ ၅ဝဝ ခန့်ရဲ့နေအိမ်သဖွယ်ဖြစ်နေတဲ့ တောရိုင်းလေ့လာရေးနေရာတစ်ခုပဲဖြစ်ပါတယ်။

Zawgyi Version:
ကင္ညာႏိုင္ငံမွာ ဆင္ကို ဘီယာတိုက္ခဲ့တဲ့ခရီးသြားအမ်ိဳးသား စုံစမ္းစစ္ေဆးခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂
ကင္ညာႏိုင္ငံမွာ ဆင္ရဲ႕ႏွာေမာင္းထဲ ဘီယာေလာင္းခ်ခဲ့တဲ့ စပိန္ႏိုင္ငံသား ခရီးသြား စုံစမ္းစစ္ေဆးခံေနရ တယ္လို႔ သိရပါတယ္။
အဲဒီအျဖစ္အပ်က္ဟာ လိုင္ကီပီးယားခ႐ိုင္ရွိ ပုဂၢလိကပိုင္ Ol Jogi Conservancy ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာမွာ ျဖစ္ခဲ့တာျဖစ္တယ္လို႔ BBC သတင္းဌာနက ၾသဂုတ္ ၂၉ ရက္မွာ ေဖာ္ျပခဲ့ပါတယ္။ အမ်ိဳးသားဟာ ဆင္ကို ဘီယာတိုက္ေနတဲ့ ဗီဒီယိုနဲ႔ ဆင္ႏွစ္ေကာင္ကို မုန္လာဥနီ ၂ လုံးေကြၽးၿပီး "ငါတို႔ ဘီယာ ေသာက္ခ်ိန္တန္ၿပီ" လို႔ ေျပာေနတဲ့ ဗီဒီယိုဖိုင္ ၂ ခုကို သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ တင္ခဲ့ေပမယ့္ အမုန္းပြားတဲ့ မွတ္ခ်က္ေတြေၾကာင့္ သိပ္မၾကာခင္ ဖ်က္ခ်ခဲ့ပါတယ္။ ဗီဒီယိုဖိုင္ႏွစ္ခုစလုံးဟာ ကင္ညာႏိုင္ငံသားအခ်ိဳ႕ရဲ႕ ေဒါသတႀကီးတုံ႔ျပန္တဲ့ မွတ္ခ်က္ေတြနဲ႔ ျပည့္နက္ေနခဲ့ပါတယ္။
ကင္ညာေတာ႐ိုင္းတိရစာၦန္ဌာနက ဒီအျဖစ္အပ်က္ကို စုံစမ္းစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။ ကင္ညာ ဇီဝေဗဒ ပညာရွင္၊ ဆင္ထိန္းသိမ္းေရးပညာရွင္ ဝင္နီကီ႐ူကေတာ့ ဆင္ဟာ ေတာ႐ိုင္းဆင္ေတြျဖစ္တာေၾကာင့္ အဆိုပါ အမ်ိဳးသားရဲ႕လုပ္ရပ္ဟာ ဆင္ေတြရဲ႕အသက္အႏၲရာယ္ကိုသာမက သူ႔ရဲ႕အသက္ကိုပါ ၿခိမ္းေျခာက္ႏိုင္တယ္လို႔ ဆိုပါတယ္။
Ol Jogi ေဘးမဲ့ေတာဟာ ျမင္းက်ား၊ ႀကံ့ျဖဴေတြနဲ႔ ဆင္ အေကာင္ေရ ၅ဝဝ ခန႔္ရဲ႕ေနအိမ္သဖြယ္ျဖစ္ေနတဲ့ ေတာ႐ိုင္းေလ့လာေရးေနရာတစ္ခုပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.