ကုန်စျေးနှုန်း တစ္ဆေကို မွေးထုတ်ပေးလိုက်သော မန္တလေး - ကလေး ခရီး

 117

သုတကျော် (NP News) - အောက်တိုဘာ ၂၈

“ကုန်ဈေးနှုန်းတွေက ဆတိုးတက်နေတာ” ဟု ပြောပြီး အသံတိမ်ဝင်သွားသောကြောင့် ဖုန်း ဆက်သွယ်မေးမြန်းသော စာရေးသူပင် ဖုန်းလိုင်းပြတ် သွားပြီ အထင်ဖြင့် “ဟယ်လို၊ ဟယ်လို” ဟု နှစ်ကြိမ်ခန့် ပြောမိသေးသည်။ သို့သော် ဖုန်းလိုင်းပြတ်သွား ခြင်းကားမဟုတ်ပါ။ “ဟုတ်ကဲ့” ဟု တစ်ဖက် မှ ဖုန်း ပြန်ဖြေသည်။ ယင်းသို့ စိတ်ပျက်အားလျော့သည့် အသံဖြင့်ဆိုလာသူက ကလေးမြို့ခံ တစ်ဦးဖြစ် သည်။
မန္တလေး - ကလေး မိုင် (၂၀ဝ) ကျော်ခန့် ခရီးကို ကားဖြင့်သွားလျှင် လမ်းမကောင်းသော အချိန်များ၌ ရက်ပေါင်း (၂၀)ခန့် ကြာမြင့်နေပြီဖြစ်ရာ ယခင်က တစ်ရက်မပြည့်ဘဲ လိုရာရောက်သော လမ်းပန်းဆက်သွယ်ရေး အခြေအနေမှာ ဟုတ်ပင် ဟုတ်ပါ၏လောဟု သင်္ကာမကင်းပင်ဖြစ်ဖွယ်ရာ ရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းမှ မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ကလေးမြို့ကို ချိတ်ဆက် ထားရာလမ်းသည် လမ်းကြောင်းများအနက် ထင်ရှားပြီး ဖြောင့်ဖြူးသောလမ်းမကြီးတစ်ခုဖြစ်သည့် အပြင် အခြား မြို့များစွာကိုလည်း ဖြတ်သန်းခြင်း သို့မဟုတ် ချိတ်ဆက်သောကြောင့် ကုန်သွယ်ရေး လမ်းမကြီးတစ်ခုဖြစ်သည်။
မန္တလေး - စစ်ကိုင်း - မြင်းမူ - ချောင်းဦး - မုံရွာ - ကလေးဝ - ကလေးတို့ကို ဆက်သွယ်ထားပြီး ယင်း လမ်းမကြီး တစ်လျှောက်တွင်လည်း အခြားမြို့များနှင့် ချိတ်ဆက်ထားသော လမ်းများရှိလေရာ ပင်စည်နှင့် အကိုင်းအခက်များသဖွယ် ချိတ်ဆက် ယှက်သန်းနေကြသည်။
မန္တလေးမြို့ကား သိကြသည့်အတိုင်းပင် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး မြို့တော်များအနက် တစ်ခု ဖြစ်ကာ ကုန်သွယ်ရေး ဗဟိုဌာန တစ်ခုဖြစ်သည်။ ကလေးမြို့သည်ကား စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့ကြီးတစ်မြို့ဖြစ်သည့်အပြင် ချင်းပြည်နယ်နှင့် လည်း နီးစပ်နေသောကြောင့် ကုန်သွယ်ရေး မြို့ဖြစ်သည်။ စီးပွားရေးလည်း ကောင်းမွန်ခဲ့သည်။
ယင်းမြို့နှစ်မြို့ကြား ဆက်သွယ်ရေးအတွက် သာမက တစ်နိုင်ငံလုံး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် မြစ်ကိုတွေ့လျှင် တံတား ဆင်၊ ပြည်ခွင်သာဖို့ လမ်းခင်းစို့ ဆိုသော ဆောင်ပုဒ်ဖြင့် နိုင်ငံတော်အစိုးရအဆက်ဆက်က အားထည့်ဆောင်ရွက်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ခဲ့သည်။
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် အစိုးရ အာဏာ ဖြန့်ကြက်မှု ပိုမိုအားကောင်းစေ သည် မှာ မှန်သော်လည်း ယင်းထက် ပို၍ အကျိုးရှိသည်က ပြည်သူများအတွက် ဖြစ်သည်။ လူမှုစီးပွား ဘဝများ အဆင်ပြေလာသည်။ စိတ်အေးလက်အေးဖြင့် အချိန်တိုအတွင်း လိုရာခရီးကို သွားနိုင်သည်။ ယခင်က လမ်းပန်းဆက်သွယ်ရေး မကောင်းစဉ် သွားလိုက်၊ နားလိုက် အဖြစ်မျိုးမဟုတ်ဘဲ တစ်ဆက် တည်း သွားနိုင်ကြသည်။
ကလေးမြို့သို့ ဆိုလျှင် ယခင်က ကုန်းတစ်တန်၊ ရေတစ်တန် သွားရသောအဖြစ်မှ တစ်ဆက် တည်း သွားရောက်နိုင်ပြီဖြစ်သည်။ သို့သော် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြည့်စုံသော အချိန် သည် သူပုန်တို့ရောက်လာသောအခါ တပတ်လည် သွားခဲ့ သည်။ မန္တလေး - ကလေး ဆက်သွယ်ရာ လမ်း တွင် သူပုန်တို့ ဝင်လာသောအခါ မြို့နှစ်မြို့ ဆက်သွယ်ရေး ခက်ခဲလာ၏။
ကလေးမြို့တွင်ဆိုလျှင် တက္ကသိုလ်အထိ သူပုန်တို့ ရောက်ခဲ့ဖူးကာ ဆရာ၊ ဆရာမများကို ဖမ်း ဆီးသွားသောဖြစ်စဉ်ပင် ရှိခဲ့ဖူးသည်။ သို့သော် လက်ရှိတွင် ゞင်းတို့မြို့ပေါ် အင်တိုက်အားတိုက် မဝင်နိုင် တော့ပေ။ တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းထိုး ရှင်းလင်းနေသော်လည်း သူပုန်တို့က မြို့တွင်း သို့ မကောင်းသူထိပ်၊ ကောင်းသူထိပ် သဘောဖြင့် ပစ်ခတ်ခြင်းများ ရှိနေသည်။
ပြီးခဲ့သည့် အောက်တိုဘာလ၊ (၁၉) ရက်တွင် သူပုန်တို့က စစ်ရေးပစ်မှတ်မဟုတ်သော ကလေး မြို့အတွင်းသို့ အသေခံဒရုန်းလွှတ်တင်တိုက်ခိုက်သော ကြောင့် အရပ်သား (၂) ဦး သေဆုံးခဲ့ရသော ဖြစ် စဉ် ဖြစ်ပွားခဲ့သည်။ မြို့ကို ထိန်းချုပ်မရသော်လည်း သူပုန်တို့သည် ကလေးမြို့နယ်ဘက်တွင် ဆက်ရှိ နေပြီး လမ်းပန်းဆက်သွယ်ရေးကို နှောင့်ယှက်ခြင်းများ ရှိနေ၏။ ခံရသူမှာ လက်နက်မဲ့ ပြည်သူသာ ဖြစ် သည်။
ကလေးမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက သူပုန်တို့သည် ၎င်းတို့ ရှိရာနေရာများတွင် ကူးသန်း သွားလာရေးကို အမြတ်ထုတ်ရန် စဉ်းစားမိလာကြခြင်းမှာ ပြည်သူတို့အတွက် အခက်အခဲကို လက်ယပ်ခေါ်သကဲ့သို့ ဖြစ်လာသည်။
သူပုန်တို့က လမ်းပန်းဆက်သွယ်ရေးအတွက် သွားရိုးသွားစဉ်လမ်းပိုင်းကို ခွင့်မပြုတော့ဘဲ ၎င်း တို့ဘာသာ ကွင်းလမ်းများကို ဖြတ်သန်းရန် စေခိုင်းလာခဲ့ သောအခါ ဒေသခံတို့အတွက် အခက်အခဲများ ဖြစ်လာခဲ့သည်။ သူပုန်တို့က ၎င်းတို့ဘာသာလုပ်ပြီး သတ်မှတ်ထားသော ရှောင်ကွင်းလမ်းအသုံးပြုရန် စေခိုင်းလာသောအခါ လမ်းတွင် ကြန့်ကြာခြင်းများ ရှိနေ၏။
“ရွာတွေမှာ ဝင်နားတယ်။ အိမ်တွေမှာ တည်းပြီး စားသောက်ကြတာပေါ့။ အဲဒီလို အဆင်ပြေ သလို သွားကြတယ်။ တချို့ကျတော့လည်း ရင်းနှီးတဲ့ အိမ်တွေမှာ နားတာပေါ့။ ပြီးရင် ထမင်းဖိုးပေးခဲ့တာ ရှိတယ်။ စရိတ်တွေကတော့ ထောင်းတာပေါ့”ဟု ယင်းလမ်းကို အသုံးပြုဖူးသူတစ်ဦးက လမ်းပိုင်းတွင် အဆင်ပြေစေရန် ခရီးသည်များနှင့် ယာဉ်မောင်းများ ဆောင်ရွက်ကြရပုံ ရှင်းပြသည်။
ရာသီဥတုကောင်းစဉ်တွင် မချောမွေ့သော လမ်းသည် ရာသီဥတုမကောင်းပါက အဘယ်တွင် ဆိုဖွယ်ရာ ရှိပါတော့မည်နည်း။
“ရှေ့မှာ ပိတ်ပြီဆို ကားတွေက တန်းစီ စောင့်ရတာပဲ။ အဲဒါနဲ့ လမ်းက မကြာသင့်ဘဲ ကြာကုန် တာ။ ကားနစ်ရင် ထွန်စက်နဲ့ဆွဲရတယ်။ ဆွဲပေးတဲ့ ထွန်စက်ကလည်း PDF တွေရဲ့ အမာခံပေါ့။ အဲဒီ တော့ ကွင်းလမ်းလုပ်ပြီး PDF တွေကပဲ ပိုက်ဆံ ပြန်တောင်းတဲ့သဘောပဲ” ဟု ယင်းလမ်းကို သွား လာခဲ့ဖူးသူ တစ်ဦးကဆိုသည်။
ထို့အတွက် ပေးရသော အချိန်က ယခင်ကဲ့သို့ နာရီပိုင်းမျှမဟုတ်တော့ဘဲ ရက်နှင့်ချီသွားခဲ့သည်။ ရက်ပေါင်း (၂၀)ကျော်ကြာမြင့်သော ခရီးရှည် တစ်ခု ဖြစ်လာခဲ့၏။
“မန္တလေးကနေလာရင် အကုန်ကွင်းလာရတာ။ မုံရွာတွေ ကွင်းအကုန်ကွင်းလာရတော့ PDF ဂိတ် တွေက များလွန်းနေတာ။ များလွန်းတော့ ဂိတ်ကြေးပေးရတာလည်းများတယ်။ တစ်ရွာနဲ့တစ်ရွာကြား သူတို့ဂိတ်တွေရှိသလို လမ်းပျက်ရင်လည်း ပြင်မရဘူး။ သူတို့ ထွန်စက်နဲ့ သူတို့ ဆွဲတယ်။ နောက်တစ်ခု က ကားမရှိရင် လမ်းပျက်အောင် ထွန်စက်နဲ့ ပတ်မောင်းတယ်။ လမ်းကို ဖျက်တယ်။ အဲဒီတော့ ကား သမားတွေက တော်တော်စိတ်ညစ်နေကြတာ” ဟု ကလေးမြို့ခံ တစ်ဦးက ဆိုသည်။
ယင်းသို့ လမ်းမကောင်းခြင်း၏ နောက်ဆက်တွဲ လိုက်လာသည်က ကုန်ဈေးနှုန်းဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာခြင်းနှင့် ကုန်သယ်ရ ခက်ခြင်း၊ လမ်းတွင် ဆက်ကြေးပေးရခြင်းတို့က ကလေးမြို့တွင် ကုန်ဈေးနှုန်းတက်ရန်အတွက် မီးစာ ထိုးပေးသကဲ့သို့ ဖြစ်နေသည်။
“ကုန်ဈေးနှုန်းတွေက နှစ်ဆ သုံးဆတက်တယ်။ ဥပမာ တိုက်ဂါးတစ်ပုလင်း ဆိုရင် ရှစ်ထောင့် ငါးရာ၊ ကိုးရာ။ ကုန်သည်တွေက မဟာမြိုင်တောထဲကနေမှ ကွင်းလာရတာ။ အဓိက တန်ဆာခက (၁၂) ဘီး ကားတွေမှာ အပွဆိုရင် တစ်ပိဿာကို ကျပ် (၂၂၀ဝ) အနည်းဆုံး ယူတယ်။ အကျစ်ဆိုရင် (၁၇၀ဝ)၊ (၁၈၀ဝ) အနည်းဆုံး ယူတယ်။ ဒါ တန်ဆာခနော်။ မုန့်ထုပ်ပုံးတွေဆိုရင် တစ်ပိဿာကို (၂၅၀ဝ) လောက်ယူတယ်။ သူက ဝန်ကျယ်တာကိုး။ ဆပ်ပြာခဲတို့ အကျစ်ဆိုရင် တစ်ပိဿာကို (၁၈၀ဝ)၊ (၁၉၀ဝ) လောက်ယူတယ်။ စားသုံးသူတွေက ဈေးကြီးတာပေါ့” ဟု Tင်းက ဆိုသည်။
ထို့ပြင် အစိုးရနှင့်ဆက်နွှယ်သည်ဆိုသော ပစ္စည်းများကို သယ်ယူမိပါက သူပုန်တို့က လမ်းတွင် သိမ်းကာ ဖျက်စီးခြင်းမပြုဘဲ ဈေးတင်ရောင်းချခြင်း မျိုးလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။ ယင်း အခက်အခဲများအပြင် ကလေးသို့ ကုန်ရောက်အောင် သယ်ရန် အတွက်ပင် အခက်အခဲများ ရှိနေကြ သည်။
“ဒီပဲယင်းတို့၊ ရေဦးတို့ကို ကွင်းပြီးတော့ တောခြေဆိုတဲ့ ရွာကနေ မဟာမြိုင်ထဲကို တက်တာ။ အဲဒါမှာ လမ်းတွေကလည်း ဆိုးတယ်။ မိုးကလည်း ရွာတယ်။ တစ်ခါတလေမှာ ဆယ်ဘီးကားတွေလည်း မှောက်တယ်ဗျ။ မဟာမြိုင်က ကွင်းလမ်းကနေ သွားတာက ကုန်မပါဘဲ ကလေးကနေ မန္တလေး သွားရင် တောင် (၂၂) ရက် ကြာတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသောအခါ ပြည်သူလူထုအနေဖြင့် သွားလာရန် အဓိ က အားပြုသောအရာက လေကြောင်းခရီး ဖြစ်လာခဲ့သည်။ သို့သော် လေကြောင်းခရီးကလည်း လွယ် လွယ်ကူကူ အဆင်ပြေခြင်း မဟုတ်ပါ။ ကလေးမြို့မှ အခြား လေဆိပ်ရှိရာ မြို့ကြီးများသို့ သွားရန် ငွေ ကြေးတတ်နိုင်ခြင်း၊ မတတ်နိုင်ခြင်းအပေါ်တွင် များစွာ မူတည်နေပြန်သည်။
“လေယာဉ် ဈေးတွေကလည်း ခုန်ခုန်တက်တာ။ သွားတဲ့အချိန် လေယာဉ် လက်မှတ်ဖြတ်မယ်ဆို အနည်းဆုံး ရှစ်သိန်းပဲ။ ကလေး - ရန်ကုန်က ငါးသိန်း ကိုးသောင်းငါးထောင် ပေါက်တာ။ ဒါပေမဲ့ ဒီ တစ်ရက် နှစ်ရက်အတွင်း သွားချင်လို့ ခင်ဗျားက ဖြတ်မယ်ဆို ရှစ်သိန်း ဖြစ်ရင်ဖြစ်တယ်။ ဆယ်သိန်း ဖြစ်ရင် ဖြစ်တယ်။ လေကြောင်းလမ်းကိုပဲ ပြည်သူက အားပြုပြီး သွားနေတာ” ဟု အခြားကလေးမြို့ခံ တစ်ဦးက ဆိုသည်။
ယင်းသို့ လေယာဉ်လက်မှတ် အကုန်အကျ မခံဘဲ ကုန်းလမ်းမှသွားပါကလည်း သူပုန်များကို ဆက်ကြေးပေးရခြင်း၊ လမ်းတွင် ဝယ်ခြမ်းစား သောက်ရခြင်းပင် များစွာကျသင့်နေသောကြောင့် ကုန်ကျ ငွေ အတူတူခန့်ပင်ရှိနေကြောင်း ဒေသခံတစ်ဦးကဆိုသည်။ အစစ ကုန်ဈေးနှုန်းတက်နေသော ကလေး မြို့တွင် ဈေးတက်သော်လည်း လိုသလောက် ဝယ်မရသော အခြေအနေလည်း ရှိနေ၏။
“စက်သုံးဆီလည်း ဈေးမြင့်တာပဲ။ ဒါပေမဲ့ ထည့်နေရတာ။ ဈေးမြင့်ပေမယ့်လည်း (၉၂၊ ၉၅) ရှား တယ်” ဟု ၎င်းက ဆိုသည်။
ကုန်ဈေးနှုန်းနှင့်အတူ ပြည်သူများအတွက် စိတ်အေးချမ်းသာစွာ မနေရသောအခြေအနေက လည်း အစဉ်အမြဲ ခြောက်လှန့်နေသည်။ တပ်မတော် က စစ်ကြောင်းထိုးခြင်းများ ရှိနေပြီး ပြည်သူများ က လည်း အေးချမ်းမှုကို လိုလားနေကြ၏။
“တပ်မတော်ကလည်း စစ်ကြောင်း ထိုးထား တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း စိုးရိမ်မှုတွေ ရှိတာပေါ့။ PDF တွေကလည်း မြို့နယ်မှာ ရှိနေတော့ ပြည်သူတွေကအတွက်က စိတ်အပြည့်အဝ မအေး နိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။
အဆင်မပြေမှုများနောက်တွင် ယခင်က စီးပွားရေးကောင်းခဲ့သော မြို့သည် တစ်ဝက်နီးပါး ခန့် ကျ ဆင်းသွားခဲ့ကြောင်းသိရသည်။ ကလေးမြို့သည် အိန္ဒိယ သွင်းကုန်ပစ္စည်းများ၊ မန္တလေးဘက်မှ တင်ပို့ သော ပစ္စည်းများဖြင့် ကုန်ပစ္စည်း အချက်အချာ နေရာတစ်ခုဖြစ်ခဲ့သော်လည်း ယင်းအခြေအနေကို ပြန် မရောက်သေးပေ။
“ခင်ဗျာလည်းဈေးတစ်ရာတင်၊ ကျွန်တော်လည်း တစ်ရာတင် မကြိုက်ရင် မဝယ်နဲ့ ဆိုပေမယ့် သာမန် ပြည်သူတွေမှာ ဒုက္ခရောက်တာ” ဟု ၎င်းက ဆိုသည်။
ကလေးမြို့၏အခြေအနေမှာ တမူးမြို့သို့ သွားလျှင်ပင် သိန်းချီပေးရသော အခြေအနေဖြစ်နေ ကြောင်း အခြား ကလေးမြို့ခံတစ်ဦးက ဆိုသည်။
“ဘေးတွဲကိုပဲ ကလေးမြို့က အားပြုပြီး အလုပ် လုပ်ကြတာ။ ဘေးတွဲတောင်မှ ကလေးမြို့ကနေ တမူးကို ဘေးတွဲခ ခုနစ်သိန်းတဲ့။ ဒါတောင်မှ ဘေးတွဲတိုင်း မလိုက်ဘူး” ဟု ၎င်းက ဆိုသည်။
တစ်ချိန်က ကူးသန်းရောင်းဝယ်ရေး မြို့တော် တစ်ခုသည် ယခုအခါ အခက်အခဲများ ကြုံနေရပြီ ဖြစ်သည်။ ယင်းအခက်အခဲများအတွက် အဖြေမှာ ငြိမ်းချမ်းရေးပင် ဖြစ်သော်လည်း ယင်းစကားလုံးသည် အတ္တရှေ့တန်းတင်ပြီး အကျိုးစီးပွားကို ကိုးကွယ်စ ပြုနေသော သူပုန်တို့အတွက် နားခါးဖွယ် ဖြစ်နေ သည်ကို ဒေသခံများ အသိဆုံး ဖြစ်ပေလိမ့်မည်။

Zawgyi Version:
ကုန္ေစ်းႏႈန္း တေစၦကို ေမြးထုတ္ေပးလိုက္ေသာ မႏၲေလး - ကေလး ခရီး
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၈
“ကုန္ေဈးႏႈန္းေတြက ဆတိုးတက္ေနတာ” ဟု ေျပာၿပီး အသံတိမ္ဝင္သြားေသာေၾကာင့္ ဖုန္း ဆက္သြယ္ေမးျမန္းေသာ စာေရးသူပင္ ဖုန္းလိုင္းျပတ္ သြားၿပီ အထင္ျဖင့္ “ဟယ္လို၊ ဟယ္လို” ဟု ႏွစ္ႀကိမ္ခန႔္ ေျပာမိေသးသည္။ သို႔ေသာ္ ဖုန္းလိုင္းျပတ္သြား ျခင္းကားမဟုတ္ပါ။ “ဟုတ္ကဲ့” ဟု တစ္ဖက္ မွ ဖုန္း ျပန္ေျဖသည္။ ယင္းသို႔ စိတ္ပ်က္အားေလ်ာ့သည့္ အသံျဖင့္ဆိုလာသူက ကေလးၿမိဳ႕ခံ တစ္ဦးျဖစ္ သည္။
မႏၲေလး - ကေလး မိုင္ (၂၀ဝ) ေက်ာ္ခန႔္ ခရီးကို ကားျဖင့္သြားလွ်င္ လမ္းမေကာင္းေသာ အခ်ိန္မ်ား၌ ရက္ေပါင္း (၂၀)ခန႔္ ၾကာျမင့္ေနၿပီျဖစ္ရာ ယခင္က တစ္ရက္မျပည့္ဘဲ လိုရာေရာက္ေသာ လမ္းပန္းဆက္သြယ္ေရး အေျခအေနမွာ ဟုတ္ပင္ ဟုတ္ပါ၏ေလာဟု သကၤာမကင္းပင္ျဖစ္ဖြယ္ရာ ရွိေနၿပီျဖစ္သည္။
ျမန္မာႏိုင္ငံအလယ္ပိုင္းမွ မႏၲေလးၿမိဳ႕ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးမွ ကေလးၿမိဳ႕ကို ခ်ိတ္ဆက္ ထားရာလမ္းသည္ လမ္းေၾကာင္းမ်ားအနက္ ထင္ရွားၿပီး ေျဖာင့္ျဖဴးေသာလမ္းမႀကီးတစ္ခုျဖစ္သည့္ အျပင္ အျခား ၿမိဳ႕မ်ားစြာကိုလည္း ျဖတ္သန္းျခင္း သို႔မဟုတ္ ခ်ိတ္ဆက္ေသာေၾကာင့္ ကုန္သြယ္ေရး လမ္းမႀကီးတစ္ခုျဖစ္သည္။
မႏၲေလး - စစ္ကိုင္း - ျမင္းမူ - ေခ်ာင္းဦး - မုံ႐ြာ - ကေလးဝ - ကေလးတို႔ကို ဆက္သြယ္ထားၿပီး ယင္း လမ္းမႀကီး တစ္ေလွ်ာက္တြင္လည္း အျခားၿမိဳ႕မ်ားႏွင့္ ခ်ိတ္ဆက္ထားေသာ လမ္းမ်ားရွိေလရာ ပင္စည္ႏွင့္ အကိုင္းအခက္မ်ားသဖြယ္ ခ်ိတ္ဆက္ ယွက္သန္းေနၾကသည္။
မႏၲေလးၿမိဳ႕ကား သိၾကသည့္အတိုင္းပင္ ျမန္မာႏိုင္ငံ၏ အထင္ရွားဆုံး ၿမိဳ႕ေတာ္မ်ားအနက္ တစ္ခု ျဖစ္ကာ ကုန္သြယ္ေရး ဗဟိုဌာန တစ္ခုျဖစ္သည္။ ကေလးၿမိဳ႕သည္ကား စစ္ကိုင္းတိုင္းေဒသႀကီးမွ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္သည့္အျပင္ ခ်င္းျပည္နယ္ႏွင့္ လည္း နီးစပ္ေနေသာေၾကာင့္ ကုန္သြယ္ေရး ၿမိဳ႕ျဖစ္သည္။ စီးပြားေရးလည္း ေကာင္းမြန္ခဲ့သည္။
ယင္းၿမိဳ႕ႏွစ္ၿမိဳ႕ၾကား ဆက္သြယ္ေရးအတြက္ သာမက တစ္ႏိုင္ငံလုံး လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ေစရန္အတြက္ ျမစ္ကိုေတြ႕လွ်င္ တံတား ဆင္၊ ျပည္ခြင္သာဖို႔ လမ္းခင္းစို႔ ဆိုေသာ ေဆာင္ပုဒ္ျဖင့္ ႏိုင္ငံေတာ္အစိုးရအဆက္ဆက္က အားထည့္ေဆာင္႐ြက္ခဲ့ရာ လမ္းပန္းဆက္သြယ္ေရး ေကာင္း မြန္ခဲ့သည္။
လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ျခင္းသည္ အစိုးရ အာဏာ ျဖန႔္ၾကက္မႈ ပိုမိုအားေကာင္းေစ သည္ မွာ မွန္ေသာ္လည္း ယင္းထက္ ပို၍ အက်ိဳးရွိသည္က ျပည္သူမ်ားအတြက္ ျဖစ္သည္။ လူမႈစီးပြား ဘဝမ်ား အဆင္ေျပလာသည္။ စိတ္ေအးလက္ေအးျဖင့္ အခ်ိန္တိုအတြင္း လိုရာခရီးကို သြားႏိုင္သည္။ ယခင္က လမ္းပန္းဆက္သြယ္ေရး မေကာင္းစဥ္ သြားလိုက္၊ နားလိုက္ အျဖစ္မ်ိဳးမဟုတ္ဘဲ တစ္ဆက္ တည္း သြားႏိုင္ၾကသည္။
ကေလးၿမိဳ႕သို႔ ဆိုလွ်င္ ယခင္က ကုန္းတစ္တန္၊ ေရတစ္တန္ သြားရေသာအျဖစ္မွ တစ္ဆက္ တည္း သြားေရာက္ႏိုင္ၿပီျဖစ္သည္။ သို႔ေသာ္ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ျပည့္စုံေသာ အခ်ိန္ သည္ သူပုန္တို႔ေရာက္လာေသာအခါ တပတ္လည္ သြားခဲ့ သည္။ မႏၲေလး - ကေလး ဆက္သြယ္ရာ လမ္း တြင္ သူပုန္တို႔ ဝင္လာေသာအခါ ၿမိဳ႕ႏွစ္ၿမိဳ႕ ဆက္သြယ္ေရး ခက္ခဲလာ၏။
ကေလးၿမိဳ႕တြင္ဆိုလွ်င္ တကၠသိုလ္အထိ သူပုန္တို႔ ေရာက္ခဲ့ဖူးကာ ဆရာ၊ ဆရာမမ်ားကို ဖမ္း ဆီးသြားေသာျဖစ္စဥ္ပင္ ရွိခဲ့ဖူးသည္။ သို႔ေသာ္ လက္ရွိတြင္ ゞင္းတို႔ၿမိဳ႕ေပၚ အင္တိုက္အားတိုက္ မဝင္ႏိုင္ ေတာ့ေပ။ တပ္မေတာ္စစ္ေၾကာင္းမ်ားက စစ္ေၾကာင္းထိုး ရွင္းလင္းေနေသာ္လည္း သူပုန္တို႔က ၿမိဳ႕တြင္း သို႔ မေကာင္းသူထိပ္၊ ေကာင္းသူထိပ္ သေဘာျဖင့္ ပစ္ခတ္ျခင္းမ်ား ရွိေနသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ၊ (၁၉) ရက္တြင္ သူပုန္တို႔က စစ္ေရးပစ္မွတ္မဟုတ္ေသာ ကေလး ၿမိဳ႕အတြင္းသို႔ အေသခံဒ႐ုန္းလႊတ္တင္တိုက္ခိုက္ေသာ ေၾကာင့္ အရပ္သား (၂) ဦး ေသဆုံးခဲ့ရေသာ ျဖစ္ စဥ္ ျဖစ္ပြားခဲ့သည္။ ၿမိဳ႕ကို ထိန္းခ်ဳပ္မရေသာ္လည္း သူပုန္တို႔သည္ ကေလးၿမိဳ႕နယ္ဘက္တြင္ ဆက္ရွိ ေနၿပီး လမ္းပန္းဆက္သြယ္ေရးကို ေႏွာင့္ယွက္ျခင္းမ်ား ရွိေန၏။ ခံရသူမွာ လက္နက္မဲ့ ျပည္သူသာ ျဖစ္ သည္။
ကေလးၿမိဳ႕နယ္ အပါအဝင္ စစ္ကိုင္းတိုင္းအတြင္းက သူပုန္တို႔သည္ ၎တို႔ ရွိရာေနရာမ်ားတြင္ ကူးသန္း သြားလာေရးကို အျမတ္ထုတ္ရန္ စဥ္းစားမိလာၾကျခင္းမွာ ျပည္သူတို႔အတြက္ အခက္အခဲကို လက္ယပ္ေခၚသကဲ့သို႔ ျဖစ္လာသည္။
သူပုန္တို႔က လမ္းပန္းဆက္သြယ္ေရးအတြက္ သြား႐ိုးသြားစဥ္လမ္းပိုင္းကို ခြင့္မျပဳေတာ့ဘဲ ၎ တို႔ဘာသာ ကြင္းလမ္းမ်ားကို ျဖတ္သန္းရန္ ေစခိုင္းလာခဲ့ ေသာအခါ ေဒသခံတို႔အတြက္ အခက္အခဲမ်ား ျဖစ္လာခဲ့သည္။ သူပုန္တို႔က ၎တို႔ဘာသာလုပ္ၿပီး သတ္မွတ္ထားေသာ ေရွာင္ကြင္းလမ္းအသုံးျပဳရန္ ေစခိုင္းလာေသာအခါ လမ္းတြင္ ၾကန႔္ၾကာျခင္းမ်ား ရွိေန၏။
“႐ြာေတြမွာ ဝင္နားတယ္။ အိမ္ေတြမွာ တည္းၿပီး စားေသာက္ၾကတာေပါ့။ အဲဒီလို အဆင္ေျပ သလို သြားၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း ရင္းႏွီးတဲ့ အိမ္ေတြမွာ နားတာေပါ့။ ၿပီးရင္ ထမင္းဖိုးေပးခဲ့တာ ရွိတယ္။ စရိတ္ေတြကေတာ့ ေထာင္းတာေပါ့”ဟု ယင္းလမ္းကို အသုံးျပဳဖူးသူတစ္ဦးက လမ္းပိုင္းတြင္ အဆင္ေျပေစရန္ ခရီးသည္မ်ားႏွင့္ ယာဥ္ေမာင္းမ်ား ေဆာင္႐ြက္ၾကရပုံ ရွင္းျပသည္။
ရာသီဥတုေကာင္းစဥ္တြင္ မေခ်ာေမြ႕ေသာ လမ္းသည္ ရာသီဥတုမေကာင္းပါက အဘယ္တြင္ ဆိုဖြယ္ရာ ရွိပါေတာ့မည္နည္း။
“ေရွ႕မွာ ပိတ္ၿပီဆို ကားေတြက တန္းစီ ေစာင့္ရတာပဲ။ အဲဒါနဲ႔ လမ္းက မၾကာသင့္ဘဲ ၾကာကုန္ တာ။ ကားနစ္ရင္ ထြန္စက္နဲ႔ဆြဲရတယ္။ ဆြဲေပးတဲ့ ထြန္စက္ကလည္း PDF ေတြရဲ႕ အမာခံေပါ့။ အဲဒီ ေတာ့ ကြင္းလမ္းလုပ္ၿပီး PDF ေတြကပဲ ပိုက္ဆံ ျပန္ေတာင္းတဲ့သေဘာပဲ” ဟု ယင္းလမ္းကို သြား လာခဲ့ဖူးသူ တစ္ဦးကဆိုသည္။
ထို႔အတြက္ ေပးရေသာ အခ်ိန္က ယခင္ကဲ့သို႔ နာရီပိုင္းမွ်မဟုတ္ေတာ့ဘဲ ရက္ႏွင့္ခ်ီသြားခဲ့သည္။ ရက္ေပါင္း (၂၀)ေက်ာ္ၾကာျမင့္ေသာ ခရီးရွည္ တစ္ခု ျဖစ္လာခဲ့၏။
“မႏၲေလးကေနလာရင္ အကုန္ကြင္းလာရတာ။ မုံ႐ြာေတြ ကြင္းအကုန္ကြင္းလာရေတာ့ PDF ဂိတ္ ေတြက မ်ားလြန္းေနတာ။ မ်ားလြန္းေတာ့ ဂိတ္ေၾကးေပးရတာလည္းမ်ားတယ္။ တစ္႐ြာနဲ႔တစ္႐ြာၾကား သူတို႔ဂိတ္ေတြရွိသလို လမ္းပ်က္ရင္လည္း ျပင္မရဘူး။ သူတို႔ ထြန္စက္နဲ႔ သူတို႔ ဆြဲတယ္။ ေနာက္တစ္ခု က ကားမရွိရင္ လမ္းပ်က္ေအာင္ ထြန္စက္နဲ႔ ပတ္ေမာင္းတယ္။ လမ္းကို ဖ်က္တယ္။ အဲဒီေတာ့ ကား သမားေတြက ေတာ္ေတာ္စိတ္ညစ္ေနၾကတာ” ဟု ကေလးၿမိဳ႕ခံ တစ္ဦးက ဆိုသည္။
ယင္းသို႔ လမ္းမေကာင္းျခင္း၏ ေနာက္ဆက္တြဲ လိုက္လာသည္က ကုန္ေဈးႏႈန္းျဖစ္သည္။ လမ္းပန္းဆက္သြယ္ေရး ၾကန႔္ၾကာျခင္းႏွင့္ ကုန္သယ္ရ ခက္ျခင္း၊ လမ္းတြင္ ဆက္ေၾကးေပးရျခင္းတို႔က ကေလးၿမိဳ႕တြင္ ကုန္ေဈးႏႈန္းတက္ရန္အတြက္ မီးစာ ထိုးေပးသကဲ့သို႔ ျဖစ္ေနသည္။
“ကုန္ေဈးႏႈန္းေတြက ႏွစ္ဆ သုံးဆတက္တယ္။ ဥပမာ တိုက္ဂါးတစ္ပုလင္း ဆိုရင္ ရွစ္ေထာင့္ ငါးရာ၊ ကိုးရာ။ ကုန္သည္ေတြက မဟာၿမိဳင္ေတာထဲကေနမွ ကြင္းလာရတာ။ အဓိက တန္ဆာခက (၁၂) ဘီး ကားေတြမွာ အပြဆိုရင္ တစ္ပိႆာကို က်ပ္ (၂၂၀ဝ) အနည္းဆုံး ယူတယ္။ အက်စ္ဆိုရင္ (၁၇၀ဝ)၊ (၁၈၀ဝ) အနည္းဆုံး ယူတယ္။ ဒါ တန္ဆာခေနာ္။ မုန႔္ထုပ္ပုံးေတြဆိုရင္ တစ္ပိႆာကို (၂၅၀ဝ) ေလာက္ယူတယ္။ သူက ဝန္က်ယ္တာကိုး။ ဆပ္ျပာခဲတို႔ အက်စ္ဆိုရင္ တစ္ပိႆာကို (၁၈၀ဝ)၊ (၁၉၀ဝ) ေလာက္ယူတယ္။ စားသုံးသူေတြက ေဈးႀကီးတာေပါ့” ဟု Tင္းက ဆိုသည္။
ထို႔ျပင္ အစိုးရႏွင့္ဆက္ႏႊယ္သည္ဆိုေသာ ပစၥည္းမ်ားကို သယ္ယူမိပါက သူပုန္တို႔က လမ္းတြင္ သိမ္းကာ ဖ်က္စီးျခင္းမျပဳဘဲ ေဈးတင္ေရာင္းခ်ျခင္း မ်ိဳးလည္း ရွိေနေၾကာင္း ၎က ဆိုသည္။ ယင္း အခက္အခဲမ်ားအျပင္ ကေလးသို႔ ကုန္ေရာက္ေအာင္ သယ္ရန္ အတြက္ပင္ အခက္အခဲမ်ား ရွိေနၾက သည္။
“ဒီပဲယင္းတို႔၊ ေရဦးတို႔ကို ကြင္းၿပီးေတာ့ ေတာေျခဆိုတဲ့ ႐ြာကေန မဟာၿမိဳင္ထဲကို တက္တာ။ အဲဒါမွာ လမ္းေတြကလည္း ဆိုးတယ္။ မိုးကလည္း ႐ြာတယ္။ တစ္ခါတေလမွာ ဆယ္ဘီးကားေတြလည္း ေမွာက္တယ္ဗ်။ မဟာၿမိဳင္က ကြင္းလမ္းကေန သြားတာက ကုန္မပါဘဲ ကေလးကေန မႏၲေလး သြားရင္ ေတာင္ (၂၂) ရက္ ၾကာတယ္” ဟု ၎က ဆိုသည္။
ထိုသို႔ လမ္းပန္းဆက္သြယ္ေရး အဆင္မေျပေသာအခါ ျပည္သူလူထုအေနျဖင့္ သြားလာရန္ အဓိ က အားျပဳေသာအရာက ေလေၾကာင္းခရီး ျဖစ္လာခဲ့သည္။ သို႔ေသာ္ ေလေၾကာင္းခရီးကလည္း လြယ္ လြယ္ကူကူ အဆင္ေျပျခင္း မဟုတ္ပါ။ ကေလးၿမိဳ႕မွ အျခား ေလဆိပ္ရွိရာ ၿမိဳ႕ႀကီးမ်ားသို႔ သြားရန္ ေငြ ေၾကးတတ္ႏိုင္ျခင္း၊ မတတ္ႏိုင္ျခင္းအေပၚတြင္ မ်ားစြာ မူတည္ေနျပန္သည္။
“ေလယာဥ္ ေဈးေတြကလည္း ခုန္ခုန္တက္တာ။ သြားတဲ့အခ်ိန္ ေလယာဥ္ လက္မွတ္ျဖတ္မယ္ဆို အနည္းဆုံး ရွစ္သိန္းပဲ။ ကေလး - ရန္ကုန္က ငါးသိန္း ကိုးေသာင္းငါးေထာင္ ေပါက္တာ။ ဒါေပမဲ့ ဒီ တစ္ရက္ ႏွစ္ရက္အတြင္း သြားခ်င္လို႔ ခင္ဗ်ားက ျဖတ္မယ္ဆို ရွစ္သိန္း ျဖစ္ရင္ျဖစ္တယ္။ ဆယ္သိန္း ျဖစ္ရင္ ျဖစ္တယ္။ ေလေၾကာင္းလမ္းကိုပဲ ျပည္သူက အားျပဳၿပီး သြားေနတာ” ဟု အျခားကေလးၿမိဳ႕ခံ တစ္ဦးက ဆိုသည္။
ယင္းသို႔ ေလယာဥ္လက္မွတ္ အကုန္အက် မခံဘဲ ကုန္းလမ္းမွသြားပါကလည္း သူပုန္မ်ားကို ဆက္ေၾကးေပးရျခင္း၊ လမ္းတြင္ ဝယ္ျခမ္းစား ေသာက္ရျခင္းပင္ မ်ားစြာက်သင့္ေနေသာေၾကာင့္ ကုန္က် ေငြ အတူတူခန႔္ပင္ရွိေနေၾကာင္း ေဒသခံတစ္ဦးကဆိုသည္။ အစစ ကုန္ေဈးႏႈန္းတက္ေနေသာ ကေလး ၿမိဳ႕တြင္ ေဈးတက္ေသာ္လည္း လိုသေလာက္ ဝယ္မရေသာ အေျခအေနလည္း ရွိေန၏။
“စက္သုံးဆီလည္း ေဈးျမင့္တာပဲ။ ဒါေပမဲ့ ထည့္ေနရတာ။ ေဈးျမင့္ေပမယ့္လည္း (၉၂၊ ၉၅) ရွား တယ္” ဟု ၎က ဆိုသည္။
ကုန္ေဈးႏႈန္းႏွင့္အတူ ျပည္သူမ်ားအတြက္ စိတ္ေအးခ်မ္းသာစြာ မေနရေသာအေျခအေနက လည္း အစဥ္အၿမဲ ေျခာက္လွန႔္ေနသည္။ တပ္မေတာ္ က စစ္ေၾကာင္းထိုးျခင္းမ်ား ရွိေနၿပီး ျပည္သူမ်ား က လည္း ေအးခ်မ္းမႈကို လိုလားေနၾက၏။
“တပ္မေတာ္ကလည္း စစ္ေၾကာင္း ထိုးထား တယ္။ ဒါေပမဲ့ တစ္ဖက္မွာလည္း စိုးရိမ္မႈေတြ ရွိတာေပါ့။ PDF ေတြကလည္း ၿမိဳ႕နယ္မွာ ရွိေနေတာ့ ျပည္သူေတြကအတြက္က စိတ္အျပည့္အဝ မေအး ႏိုင္တာေပါ့” ဟု ၎က ဆိုသည္။
အဆင္မေျပမႈမ်ားေနာက္တြင္ ယခင္က စီးပြားေရးေကာင္းခဲ့ေသာ ၿမိဳ႕သည္ တစ္ဝက္နီးပါး ခန႔္ က် ဆင္းသြားခဲ့ေၾကာင္းသိရသည္။ ကေလးၿမိဳ႕သည္ အိႏၵိယ သြင္းကုန္ပစၥည္းမ်ား၊ မႏၲေလးဘက္မွ တင္ပို႔ ေသာ ပစၥည္းမ်ားျဖင့္ ကုန္ပစၥည္း အခ်က္အခ်ာ ေနရာတစ္ခုျဖစ္ခဲ့ေသာ္လည္း ယင္းအေျခအေနကို ျပန္ မေရာက္ေသးေပ။
“ခင္ဗ်ာလည္းေဈးတစ္ရာတင္၊ ကြၽန္ေတာ္လည္း တစ္ရာတင္ မႀကိဳက္ရင္ မဝယ္နဲ႔ ဆိုေပမယ့္ သာမန္ ျပည္သူေတြမွာ ဒုကၡေရာက္တာ” ဟု ၎က ဆိုသည္။
ကေလးၿမိဳ႕၏အေျခအေနမွာ တမူးၿမိဳ႕သို႔ သြားလွ်င္ပင္ သိန္းခ်ီေပးရေသာ အေျခအေနျဖစ္ေန ေၾကာင္း အျခား ကေလးၿမိဳ႕ခံတစ္ဦးက ဆိုသည္။
“ေဘးတြဲကိုပဲ ကေလးၿမိဳ႕က အားျပဳၿပီး အလုပ္ လုပ္ၾကတာ။ ေဘးတြဲေတာင္မွ ကေလးၿမိဳ႕ကေန တမူးကို ေဘးတြဲခ ခုနစ္သိန္းတဲ့။ ဒါေတာင္မွ ေဘးတြဲတိုင္း မလိုက္ဘူး” ဟု ၎က ဆိုသည္။
တစ္ခ်ိန္က ကူးသန္းေရာင္းဝယ္ေရး ၿမိဳ႕ေတာ္ တစ္ခုသည္ ယခုအခါ အခက္အခဲမ်ား ႀကဳံေနရၿပီ ျဖစ္သည္။ ယင္းအခက္အခဲမ်ားအတြက္ အေျဖမွာ ၿငိမ္းခ်မ္းေရးပင္ ျဖစ္ေသာ္လည္း ယင္းစကားလုံးသည္ အတၱေရွ႕တန္းတင္ၿပီး အက်ိဳးစီးပြားကို ကိုးကြယ္စ ျပဳေနေသာ သူပုန္တို႔အတြက္ နားခါးဖြယ္ ျဖစ္ေန သည္ကို ေဒသခံမ်ား အသိဆုံး ျဖစ္ေပလိမ့္မည္။

Related news

© 2021. All rights reserved.