(၂ဝ၄၇) အိန္ဒိယကို မြန်မာ့ဟန်ဖြင့် လေ့လာခြင်း (အပိုင်း-၃) (ခရီးသွားဆောင်းပါး)

 177

မျိုးမင်း(မကျည်းလဟာ) (NP News) - အောက်တိုဘာလ ၃၀

အိန္ဒိယဆေးသုတေသနကောင်စီ ICRM ကို လေ့လာခွင့်ရခြင်း

လွတ်လပ်ရေးမရခင် နှစ်ပေါင်း(၃၀)ကျော်သို့ မဟုတ် (၁၉၁၁)ခုနှစ်ကတည်းက ICRM ကို ဖွဲ့ စည်းထားတာဖြစ်သလို မြန်မာအခေါ် ကျန်းမာရေးဝန် ကြီးဌာနရဲ့အောက်က အရေးပါတဲ့အဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါတယ်။ ICRM ဟာ အထွေထွေ ဆေး ဘက်သုတေသနတွေလုပ်ဆောင်ခြင်း၊ ထူးချွန်ထက် မြက်တဲ့သုတေသနပညာရှင်တွေ မွေးထုတ်ခြင်း၊ ကူး စက်ရောဂါတွေကိုကာကွယ်ခြင်းနဲ့ ကုသခြင်း၊ မသန် စွမ်း၊ သက်ကြီးရွယ်အိုတွေနဲ့ပတ်သက်တဲ့ လူမှုရေး ကျန်းမာရေးပြဿနာတွေကို လေ့လာသုတေသနလုပ် ခြင်း၊ နိုင်ငံတော်ရဲ့ပေါ်လစီချမှတ်ခြင်းတွေအတွက် သိပ္ပံနည်းကျအခြေပြု အကြံပြုချက်များပေးခြင်းတွေ လုပ်ဆောင်ပါတယ်။ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး အမေရိကန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အာဆီယံဒေသတွင်းနိုင်ငံက သတင်းထောက် တွေကိုရှင်းပြတာဖြစ်သလို ခက်ခဲတဲ့မေးခွန်းတွေ လည်းအမေးခံရပါတယ်။ ဥပမာအားဖြင့် ဒီလောက် သုတေသနကောင်းတဲ့ ဆေးကောင်စီရှိနေပါလျက်နဲ့ ကိုဗစ်ကပ်ရောဂါမျိုးမှာ ဘာကြောင့် အိန္ဒိယက ထိ ခိုက်မှုအမြင့်ဆုံးဖြစ်ခဲ့သလဲဆိုတာမျိုးတွေ၊ (၂၀၄၇) ခုနှစ်မှာ ဆေးသိပ္ပံ ဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးတိုင်း ပြည်တစ်ခုဖြစ်စေဖို့ ရည်မှန်းချက်ထားတာဟာ မိုဒီ အစိုးရပေါ်လစီလား၊ ခင်ဗျားတို့ ရည်မှန်းချက်လားဆို တာမျိုးတွေနဲ့ ဆေးပညာအရ အိန္ဒိယက ပထမဆုံး လုပ်ပြနိုင်တဲ့အရာ သိပ်ထူးထူးခြားခြားမရှိသေးဘူး ထင်တယ်ဆိုတာမျိုးတွေပါပဲ။ ကိုဗစ်လိုကပ်ရောဂါမျိုး ကို သူတို့စောင့်ကြည့်လေ့လာပြီးဖြစ်အောင်ထိန်းချုပ် နိုင်ခဲ့တယ်လို့ရည်ညွှန်းခဲ့သလို သန်း(၁၄၀ဝ)ကျော် တဲ့လူထုကြီးထဲက ရာခိုင်နှုန်းနည်းနည်းလေးသာ ထိ ခိုက်သေဆုံးမှုဖြစ်တယ်ဆိုတာက သူတို့ဆေးကောင် စီရဲ့ပြယုဂ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ အလားတူ မိုဒီအစိုးရတွေ၊ ဘယ်အစိုးရတွေဆိုတာထက် အား လုံးဟာ အိန္ဒိယအလံတော်အောက်မှာ ရည်မှန်းချက် ကြီးကြီးနဲ့ ရာထူးတာဝန်အလိုက် ယုံကြည်ချက်ထားပြီး ထမ်းဆောင်နေကြတာဖြစ်တယ်လို့ ညွှန်ချုပ်ကပြော ပါတယ်။ (၁၉၇၈-၁၉၈၀)ကတည်းက ဖန်ပြွန်သန္ဓေ သားကို အိန္ဒိယတို့ စမ်းသပ်အောင်မြင်ခဲ့တာဖြစ်သလို ဆေးပညာဆိုင်ရာမှာ အိန္ဒိယတို့နောက်ကျနေခဲ့တာ မရှိဘူးလို့ဆိုပါတယ်။ မြန်မာအပါအဝင် ထိုင်း၊ တောင် ကိုရီးယား၊ နီပေါ၊ ယူကေ၊ ဂျာမနီ၊ အမေရိကန်တို့နဲ့ လည်း ဆေးဘက်ဆိုင်ရာ နည်းပညာဖလှယ်ခြင်းတွေ စဉ်ဆက်မပြတ်လုပ်ကိုင်နေကြောင်းပြောပါတယ်။ နှစ်(၁၀ဝ)ပြည့်ရည်မှန်းချက်ကတော့ ICRM က လည်း မလျှော့တမ်းကြိုးစားနေပြီလို့သိရပါတယ်။
DONAR ခေါ် North Eastern ဒေသဖွံ့ဖြိုး ရေးဌာနနဲ့ မြန်မာ-အိန္ဒိယ အရှေ့မြောက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဌာန DONAR ဟာ မြန်မာတို့အတွက် အထူးအရေးပါတဲ့ဌာနပါပဲ။ ဒီဌာနကို စိတ်ဝင်စားမှုများ စွာနဲ့ရောက်ရှိခဲ့သလို လည်ပတ်ခဲ့သမျှထဲမှာ မြန်မာတို့ အတွက် အရေးပါတဲ့အကြောင်းအရာတွေ သိခွင့်ရ လာပါတယ်။ DONAR အတွင်းဝန်ကိုယ်တိုင် အာဆီ ယံဂျာနယ်လစ်တွေကို တွေ့ဆုံဆွေးနွေးခဲ့သလို အိန္ဒိ ယရဲ့ Look East ပေါ်လစီမှသည် Act East ပေါ်လ စီကိုပါရှင်းပြပါတယ်။ လူဦးရေ(၄၅)သန်းကျော်ရှိတဲ့ အရှေ့မြောက်ဒေသ(၇)ပြည်နယ်ဟာ တိုင်းရင်းသား လူမျိုးစုံပူးပေါင်းနေထိုင်ရာဖြစ်သလို အရှေ့တောင် အာရှနိုင်ငံတွေနဲ့ချိတ်ဆက်ရာ အဓိကလမ်းကြောင်း အဖြစ် မြန်မာနိုင်ငံကို မဖြစ်မနေအသုံးပြုရမယ့်ဒေသ လည်းဖြစ်နေပါတယ်။ ကုန်းတွင်းပိတ်ဒေသတစ်ခုဖြစ် တဲ့အတွက် အိန္ဒိယအရှေ့မျှော်မူဝါဒကို အသက်သွင်း ဖို့ အဓိကလမ်းကြောင်းကြီးသုံးခုကိုရေးဆွဲထားပါ တယ်။ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ် ကျော်ကားလမ်းမကြီး၊ BCIM ကော်ရစ်ဒါ (ဘင်္ဂလား ဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ)တို့ဖြစ်သလို မြန်မာ ဘက်ခြမ်းက လီဒိုလမ်းခေါ် စတီးလ်ဝဲလမ်းမကြီးကို အသုံးပြုရမယ့် အိန္ဒိယ-မြန်မာ-တရုတ် ချိတ်ဆက် လမ်းမကြီးတွေက North Eastern အတွက် အရေး ပါနေတာပါ။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ဒေါ်လာ (၇၅)ဘီလျံကျော်ထက်မနည်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ဗဟိုအစိုးရကပေးအပ်ခဲ့သလို ပြည်နယ်(၇)ခုဆီကို ဗဟိုအစိုးရဝန်ကြီးချုပ်မိုဒီနဲ့ ဝန်ကြီးတွေ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ က အကြိမ်ပေါင်း(၈၃၀)အထိ သွားရောက်ခဲ့တယ်လို့ ပြောပါတယ်။ Biodiversity မြင့်မားတဲ့ဒေသဖြစ် သလို စိမ်းလန်းစိုပြည်မှုနဲ့ သဘာဝအတိုင်းတည်ရှိနေမှု က (၈၀)ရာခိုင်နှုန်းအထိကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်တွေနေထိုင်ကြတဲ့အတွက် ဘာသာရေးအခြေပြုခရီးစဉ်တွေလည်း စီစဉ်ဖို့သင့် တယ်လို့ မြန်မာဘက်ကကိုယ်စားလှယ်တစ်ယောက် ကအကြံပြုခဲ့သလို တိုက်ရိုက်လေယာဉ်ပျံသန်းမှုမရှိ တာလည်း အံ့အားသင့်မိတယ်လို့ဆိုပါတယ်။ အိန္ဒိယ ဘက်ကတော့ ခရီးစဉ်တွေပျံသန်းဖို့ခက်ခဲပေမယ့် ကားလမ်းတွေပေါက်လာခဲ့ရင်တော့ ဖြစ်လာနိုင်တာ မျိုးပြောသလို ကမ္ဘာ့အမြင့်ဆုံး စာရင်းဝင်လာနိုင်ခြေ ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်တွေ၊ စေတီတွေလည်းရှိနေ တယ်လို့ထပ်ကြားပါတယ်။ ထိုင်းသတင်းထောက်တွေ နဲ့ မလေးရှားသတင်းထောက်တွေက မြန်မာကိုဖြတ် သန်းရမယ့် ကားလမ်းစီမံချက်တွေအကြောင်း စိတ် ဝင်တစားနဲ့မေးမြန်းကြပါတယ်။ ထိုင်းသတင်းထောက် တွေက အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော်လမ်းမကြီးကို အိန္ဒိယက ဘယ်လိုပြီးအောင်လုပ်မလဲ ဆိုတာနဲ့ မြန်မာမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေ ကြောင့် ထိုင်းနဲ့ချိတ်ဆက်ဖို့ခက်ခဲကြန့်ကြာတာကို မဖြစ်သင့်တဲ့သဘောမျိုးပြောပါတယ်။ " မြန်မာကိုမ ဖြတ်ဘဲထိုင်းကိုရောက်ဖို့က မြေအောက်ကနေ ဒိုင်ပင် ပစ်မှရမယ်"လို့ အိန္ဒိယဘက်က ဟာသနှောပြီး ပြန် ဖြေခဲ့သလို မြန်မာသတင်းထောက်သုံးဦးလုံးကတော့ ပြုံးစိစိနဲ့အသံတိတ်နေကြပါတယ်။ တကယ်တော့ မြန် မာပြဿနာက အိမ်နီးချင်းနိုင်ငံတွေကို အတော်လေး ရိုက်ခတ်တယ်ဆိုတာ ဒီလိုမျိုးကိစ္စတွေက သက်သေ ပြနေတာပါ။ သုံးနိုင်ငံ ချိတ်ဆက်လမ်းမကြီးဟာ မိုး ရေးနဲ့တမူးကြားမှာ အဆင်ပြေနိုင်ပေမယ့် တမူး-က လေးဝကြားတစ်ချက်၊ ကလေးဝ-မုံရွာကြားမှာတစ် ချက် ပြဿနာရှိနေသလို ကော့ကရိတ်-မြဝတီကြား မှာလည်း ပြဿနာရှိနေတာကို အိန္ဒိယတို့ကမြင်ပါ တယ်။ အလားတူ ထိုင်းသတင်းထောက်တွေလည်း သိပါတယ်။ မြန်မာက နိုင်ငံရေးပြဿနာတွေပြေလည် ပြီး စစ်ပွဲတွေရပ်သွားရင် ဒီလမ်းကြောင်းကြီးက နှစ် နှစ်သုံးနှစ်အတွင်း လမ်းပွင့်သွားနိုင်သလို သုံးနိုင်ငံ ကုန်စည်စီးဆင်းရေးတွေဟာ အတော်လေးဖြောင့်ဖြူး နေမှာသေချာပါတယ်။ သို့သော်လည်း မြန်မာမှာဖြစ် နေတဲ့ပြဿနာတွေဟာ အိန္ဒိယရော ထိုင်းနိုင်ငံကပါ သူပုန်အားပေးမလုပ်ဘဲ အစိုးရကို အားဖြည့်ကူညီမှ ပြေလည်မယ်ဆိုတာလောက်တော့ သိဖို့လိုလာတာပါ။ သုံးနိုင်ငံချိတ်ဆက်လမ်းမကြီးနဲ့ပတ်သက်ရင် ဘန် ကောက်ပို့စ်ကတော့ အောက်တိုဘာလ(၁၆)ရက်မှာ ရေးသားဖော်ပြလာတာရှိပါတယ်။ အာဆီယံဂျာနယ် လစ်တွေနဲ့တွေ့ဆုံပွဲမှာ DONAR အတွင်းဝန်ပြောတဲ့ စကားကိုကိုးကားပြီး မြန်မာကပြဿနာကိုပါ ဘယ် ဘက်ကိုမှမထိခိုက်စေဘဲ ထည့်သွင်းသုံးသပ်ရေးသား ပြသွားခဲ့ပါသေးတယ်။ ကုလားတန်မြစ်ကြောင်း ဘက် စုံဖွံ့ဖြိုးရေးစီမံကိန်းဆိုရင်လည်း မီဇိုရမ်-အိုက်ဇော ကနေ မြန်မာဘက်ခြမ်း ပလက်ဝ-စစ်တွေအထိ ချိတ် ဆက်ရမှာဖြစ်ပြီး ဒေါ်လာ(၄၈၄)သန်းကျော် ကုန်ကျခံ ထားရတာဖြစ်ပါတယ်။ ကိုးလ်ကတ္တားနဲ့လည်း ပြန် လည်ချိတ်ဆက်မှာဖြစ်ပေမယ့် ပလက်ဝနဲ့ ရခိုင်ပြည် နယ်ထဲက တချို့နေရာတွေမှာ စစ်ပွဲတွေဖြစ်ပေါ်နေ တာက အိန္ဒိယတို့အတွက် စိတ်ပျက်စေတာလည်းအ မှန်ပါပဲ။ အိန္ဒိယအရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးကို အဓိက တံခါးဖွင့်ပေးမှာက မြန်မာနိုင်ငံဖြစ်နေ သလို အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့အိန္ဒိယ ပြည် နယ်(၇)ခုဘက်သို့(အနောက်ဘက်သို့ခရီး)ဟာ လည်း မြန်မာကိုဖြတ်သန်းမှ ဖြစ်မယ့်အနေအထားမှာ မြန်မာဟာ ဘယ်လောက်အရေးပါသလဲဆိုတာ အာ ဆီယံဒေသတွင်းသတင်းထောက်တွေ သဘောပေါက် သွားစေခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။ မြန်မာသတင်း ထောက်သုံးဦးလုံးကတော့ အေးအေးဆေးဆေးပါပဲ။ သော့က မြန်မာလက်ထဲမှာမဟုတ်ပါလား။
DONAR အပြန်ညနေခင်း သို့မဟုတ် အိန္ဒိယသမ္မတ အိမ်တော်လေ့လာရေး
အင်္ဂလိပ်တွေခေတ်ကတည်းက တည်ဆောက် ထားပြီး ဘုရင်ခံတွေ၊ သမ္မတတွေနေထိုင်တဲ့အိမ်တော် ကိုလည်း စက်တင်ဘာ(၂၅)ရက်ညနေပိုင်းက ကြုံ ကြိုက်တုန်းလေ့လာခွင့်ရခဲ့ပါတယ်။ နိုင်ငံတကာက ထိပ်တန်းဧည့်သည်တော်တွေကို သမ္မတကိုယ်တိုင်က ကြိုဆိုတဲ့အခမ်းအနားတွေကို ဒီနေရာတစ်ဝိုက်မှာ လုပ်တယ်လို့သိရပါတယ်။ ရှေးဟောင်း ဗိသုကာလက် ရာတွေနဲ့ ခမ်းနားထည်ဝါမှုတွေကိုတော့ ကိုယ်တိုင် မြင်ခွင့်ရခဲ့ပါတယ်။ သို့သော်လည်း တချို့နေရာတွေက ဓာတ်ပုံမှတ်တမ်းတင်ခွင့်မရှိဘဲ မျက်စိနဲ့သာကြည့်ရှု ပြီး ဦးနှောက်နဲ့သာ မှတ်တမ်းတင်ခွင့်ရခဲ့တာမျိုးပါ။ သတင်းအဖွဲ့တွေရောက်ရှိနေချိန်က အခမ်းအနား တစ်ခုအတွက် LED တွေ ပြင်ဆင်နေချိန်ဖြစ်သလို သမ္မတကလည်း အိမ်တော်မှာရှိမနေတဲ့ အချိန်မျိုးဖြစ် တဲ့အတွက် နည်းနည်းတော့ လွတ်လပ်မှုရနေပါသေး တယ်။ အိမ်တော်ထဲမှာရှိတဲ့ အပြင်အဆင်တွေအား လုံးကို လိုက်လံရှင်းပြသူတစ်ဦးရှိနေပြီး သမ္မတရဲ့ ဧည့်တွေ့ဆောင်တွေ၊ နားနေဆောင်တွေ၊ အိပ်ခန်း တွေ၊ ထမင်းစားခန်းတွေကိုလည်း လေ့လာခွင့်ရပါ တယ်။ နေပြည်တော်က သမ္မတအိမ်တော်ထက် ဆယ် ဆမကခမ်းနားနေတာကတော့အမှန်ပါပဲ။ နံရံတွေမှာခြယ်သထားတဲ့ပန်းချီတွေကလည်း ရှေးဟောင်း လက်ရာတွေဖြစ်သလို အိမ်တော်ကနေလွဲပြီး တခြား ဘယ်နေရာမှာမှ နောက်ထပ်ပုံစံတူမရှိဘူးလို့ ဆိုပါ တယ်။ ဂုဏ်ထူးဆောင်ဆုချီးမြှင့်တဲ့နေရာတွေ၊ ဖျော်ဖြေရေးခန်းမတွေနဲ့ တခြားသော အနုပညာဆန် ဆန်လက်ရာတွေကိုတော့ စာနဲ့ ရှင်းပြရခက်တဲ့အထိ လေ့လာခွင့်ရခဲ့ပါတယ်။ စက်တင်ဘာ(၂၅)ရက်ရဲ့ညနေခင်းကိုတော့ သမ္မတအိမ်တော်မှာအဆုံးသတ်ခဲ့ပြီး နောက်တစ်နေ့ စက်တင်ဘာ(၂၆)ရက်အတွက် ဟို တယ်ကိုပြန်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ကြရပါတယ်။
ASI သို့မဟုတ် Archaeological Survey of India ရဲ့ပညာ
မြန်မာအပါအဝင် အာဆီယံဒေသတွင်းက ရှေး ဟောင်းမြို့ပြဒေသကြီးတွေနဲ့ သမိုင်းဝင်အဆောက်အ အုံတွေအကြောင်း လေ့လာသုတေသနပြုခဲ့မှုအပေါ် ASI က အာဆီယံဂျာနယ်လစ်တွေကိုရှင်းပြပါတယ်။ ASI ကထုတ်ပြတဲ့ ရှေးဟောင်းမြေပုံတစ်ခုအရ မြန် မာအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံနယ်နိမိတ် တွေဟာ လက်ရှိအနေအထားနဲ့ တော်တော်လေးကွဲ ပြားခြားနားနေတာကိုမြင်ရပါတယ်။ သူတို့ဟာ သု တေသနပြုသူတွေဖြစ်သလို ရှေးဟောင်းစေတီနဲ့ အ ဆောက်အအုံတွေ မြို့ပြတွေကို ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတွေလည်းလုပ်ဆောင်ကြပါတယ်။ မြန်မာ နိုင်ငံက အာနန္ဒာစေတီတော်မြတ်ကြီး၊ ပုဂံက ပျက်စီး ရှေးဟောင်းစေတီတော်တွေနဲ့ တခြားသော ရှေး ဟောင်းအဆောက်အအုံတွေ၊ နံရံဆေးရေးပန်းချီတွေ ကို မူရင်းလက်ရာအတိုင်းဖြစ်စေဖို့ ASI ကလုပ် ဆောင်ပေးခဲ့ပါတယ်။ ကမ္ဘောဒီးယားက အန်ကောဝပ် လို ကမ္ဘာကျော်နေရာတွေနဲ့ ရှေးဟောင်းနန်းတော်တွေ ကိုလည်း 3D နည်းပညာနဲ့ AI ဖန်တီးမှုတို့ကိုပေါင်း စပ်ပြီး မူရင်းမပျက်စေအောင် ပြန်လည်ပြုပြင်ပေး တယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားက Prambanan Tample ကိုလည်း ဗှှု ကကူညီပေးခဲ့သလို လာအို၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ ဥဇဘက်ကစ္စတန်၊ ဗီယက် နမ်အပါအဝင် အခြားသော သမိုင်းအစဉ်အလာကြီး မားခဲ့တဲ့နိုင်ငံတွေကို အိန္ဒိယရဲ့ပြင်ပ လေ့လာသုတေ သနပြုရေးအဖြစ် ASI ကတာဝန်ယူထားတယ်လို့ သိရပါတယ်။ မြန်မာလိုနိုင်ငံမျိုးကတော့ အိန္ဒိယနဲ့ နီးနီးစပ်စပ် ရှိကိုရှိရမယ့်နိုင်ငံဖြစ်နေသလို ပုဂံယဉ် ကျေးမှုဒေသ၊ ပျုမြို့ဟောင်းတွေနဲ့ တကောင်းခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ် ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြန်လည်ဖော်ထုတ် ပြုပြင်ထိန်းသိမ်းတာမျိုးမှာ နည်းပညာရော၊ လူအား ငွေအားပါ အကူအညီယူရမှာသေချာပါတယ်။ အင်ဒို နီးရှားသတင်းထောက်တစ်ဦးကတော့ အိန္ဒိယရဲ့အကူ အညီတွေက သက်ဆိုင်ရာနိုင်ငံကအစိုးရတွေက ငွေ ပေးချေတာမျိုးလားလို့မေးခဲ့သလို ASI ဘက်ကတော့ အိန္ဒိယအစိုးရနဲ့ သက်ဆိုင်ရာနိုင်ငံအစိုးရတွေကြား သဘောတူညီမှုအပေါ်မူတည်ပြီး အခကြေးငွေကိစ္စက အဖြေထွက်ပါတယ်လို့ဆိုပါတယ်။ သို့သော်လည်း အိန္ဒိယအစိုးရဘက်က ဘတ်ဂျက်ချထားပေးခြင်းအ ပေါ်မူတည်ပြီး မိတ်ဖက်နိုင်ငံတွေရဲ့ရှေးဟောင်းသု တေသနဆိုင်ရာ လိုအပ်တဲ့အကူအညီတွေကို ပေး အပ်ကူညီတာမျိုးဖြစ်တယ်လို့ပြောပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးသတိပေးချက်ကတော့ " ရှေးဟောင်းသမိုင်းဝင်နေရာတွေကြားထဲမှာ ဈေးသည် တွေ ဝင်ရောက်နေရာယူတာကတော့ ကိုယ့်သမိုင်းကို ကိုယ်တိုင်ဖျက်ဆီးနေတာနဲ့ တူနေတယ်။ ရှေးဟောင်း သမိုင်းတွေကိုလေ့လာရတာအဆင်မပြေသလို ပြုပြင် ထိန်းသိမ်းဖို့ခက်ခဲပြီး ရေရှည်တည်တံ့အောင်လုပ်ဖို့ ပိုမိုခက်ခဲစေပါတယ်"ဆိုတဲ့စကားပါပဲ။ တိုက်ရိုက် အတိအကျမဟုတ်သော်လည်း ဒီအဓိပ္ပာယ်သက် ရောက်တဲ့စကားဟာ ကျွန်တော်တို့မြန်မာတွေအတွက် တော့ အတော်လေး စဉ်းစားစရာဖြစ်လာပါတယ်။ ဒေသခံတွေက ရှေးဟောင်းအမွေအနှစ်တွေကြားမှာ ဈေးရောင်းချစားသောက်ရတာမှားတယ်လို့မဆိုနိုင် ပေမယ့် ရှေးဟောင်းအမွေအနှစ်တွေကိုပါ ထိခိုက်နစ် နာစေနိုင်တဲ့စီးပွားရှာနည်းကတော့ စနစ်တစ်ခုနဲ့ထိန်း ကျောင်းသင့်တယ်လို့မြင်လာမိတာမျိုးပါ။ ASI အ နေနဲ့လည်း တခြားနိုင်ငံကိုကူညီရေးသွားတိုင်းမှာ ဒီ လိုမြင်ကွင်းတွေကိုကြည့်ပြီး သူတို့အတွက် စိတ်အ ကျပ်အတည်းဖြစ်စေတယ်လို့ဆိုကြပါတယ်။ ဒါက တော့ သေသေချာချာစဉ်းစားသင့်ပြီလို့ယူဆပါတယ်။ ဒေသခံဈေးသည်တွေနဲ့ ရှေးဟောင်းသမိုင်းဝင်ပြယုဂ် တွေကြားမှာ အရည်အချင်းရှိတဲ့အစိုးရမင်းတွေရဲ့ပါး နပ်တဲ့စီမံခန့်ခွဲမှုကိုပဲစောင့်ကြည့်ရတော့မှာပါ။

IMAC အိန္ဒိယ သို့မဟုတ် ပင်လယ်ပြင်ထဲက မျက်လုံးတစ်စုံ
စက်တင်ဘာလ(၂၆)ရက်ရဲ့ ဒုတိယမြောက် လေ့လာရေးခရီးစဉ်ကတော့Information Mana­gement Analysis Centre ခေါ် IMAC ပါပဲ။ အိန္ဒိ ယရဲ့ပင်လယ်ပြင် သို့မဟုတ် သမုဒ္ဒရာပြင်စောင့်ကြည့် ရေးမျက်လုံးတစ်စုံလို့တောင်ပြောလို့ရပါတယ်။ ဝင် ပေါက်အဝနားမှာပဲ ဖုန်းတွေကိုထားခဲ့ရတာဖြစ်သလို မှတ်စုစာအုပ်နဲ့ လူပဲဝင်ခွင့်ရမယ်ဆိုကတည်းက ထူး ခြားတာတစ်ခုခုကို သူတို့ပြသတော့မယ်လို့ နားလည် လိုက်မိပါတယ်။ တစ်ခုထူးခြားတာကတော့ ရှေ့က အစဉ်တစိုက်သွားလာခဲ့တဲ့နေရာတွေမှာ မြန်မာနိုင်ငံ သားပညာရှင်၊ ကိုယ်စားလှယ်တစ်ယောက်မှ ရှိမနေ ဘဲ IMAC မှာတော့ မြန်မာကိုယ်စားလှယ်တစ်ယောက် ရှိနေတယ်ဆိုတဲ့အချက်ပါ။ ဒီတစ်ချက်တော့ စိတ်ထဲ တော့ နွေးခနဲ ခံစားချက်ရသွားပါတယ်။ ပြည်ပနိုင်ငံ တစ်ခုခုက အရေးပါတဲ့ဌာနတစ်ခုခုမှာ မြန်မာတစ် ယောက်ရှိနေတယ်ဆိုတဲ့ခံစားချက်ဟာ မိသားစုရင်း ချာကို နှစ်တွေအကြာကြီးနေပြီးမှ လွမ်းဆွတ်သတိတ ရဖြစ်နေချိန်ပြန်တွေ့ရတဲ့ ခံစားချက်မျိုးပါပဲ။ မြန်မာ ကိုယ်စားလှယ်ရှိတယ်လို့သိရတာနဲ့ ချက်ချင်းလိုက်ရှာ မိသလို မြန်မာထိုင်ခုံအနားနဲ့ မြန်မာအလံကြားမှာ ဝင်ရောက်ဓာတ်ပုံမှတ်တမ်း ယူလိုက်ရပါသေးတယ်။ အဓိကခန်းမထဲရောက်ချိန်မှာတော့ ဖုန်းတွေ၊ ကင်မ ရာတွေ လုံးဝသုံးခွင့်မပြုတော့ပါဘူး။ IMAC ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကို စောင့်ကြည့်ထိန်းချုပ်တဲ့ဌာနဖြစ်ပြီး ပြောကြားချက် အရ တစ်နှစ်အတွင်း သင်္ဘောမျိုးစုံ အစင်းရေ (၁၅၀ဝဝဝ) ကနေ (၁၇၀ဝဝဝ)ကျော် ပုံမှန်ဖြတ်သန်း လေ့ရှိတယ်လို့ဆိုပါတယ်။ အိန္ဒိယကမ်းရိုးတန်းကနေ အိန္ဒိယသမုဒ္ဒရာအထိ မူမမှန်တဲ့ ဖြတ်သန်းသွားလာမှု တွေအပေါ် စက္ကန့်နဲ့မလပ်စောင့်ကြည့်ပြီး မိခင်ဌာန ချုပ်ကနေ ဗဟိုဌာနချုပ်အထိ၊ အဲဒီကနေမှ ဝန်ကြီး ချုပ်မိုဒီရုံးခန်းအထိ သတင်းအချက်အလက်တွေ ပို့ ဆောင်ပေးရတယ်လို့သိရပါတယ်။ ကမ္ဘာကြီးရဲ့သုံးပုံ နှစ်ပုံသော သင်္ဘောမျိုးစုံဟာ အိန္ဒိယသမုဒ္ဒရာကိုဖြတ် သန်းနေကြရတာဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေ၊ တရားမဝင်မှောင်ခိုလုပ်ငန်းတွေ၊ လူကုန်းကူးမှုတွေ၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေ၊ ပင်လယ်ဓားပြ ဇာတ်လမ်းတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ငါးခိုး ဖမ်းတဲ့ကိစ္စအပါအဝင် ကိစ္စကြီးငယ်မှန်သမျှကို IMAC က မသိတာမရှိ သိအောင်လုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။ မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုမျိုးလို ဖြစ်ရပ်ကနေ သင်ခန်းစာအကြီးကြီးယူထားတာဖြစ် ပြီး သီရိလင်္ကာဆိုမာလီ ဓားပြမှုတွေကိုလည်း စောင့် ကြည့်ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ နိုင်ငံ(၂၈)ခုမှာရှိတဲ့ အဖွဲ့အစည်းပေါင်း(၅၄)ခုနဲ့လည်း တိုက်ရိုက်ချိတ် ဆက်လုပ်ဆောင်တာတွေရှိသလို မြန်မာပိုင် ကိုကိုး ကျွန်းနားက အက်ဒမန်ပင်လယ်ပြင်အထိ စောင့် ကြည့်တယ်လို့ဆိုပါတယ်။ သို့သော်လည်း သူတို့တိုက် ခိုက်ရေးအဖွဲ့အစည်းမဟုတ်ပါဘူးတဲ့။ QUAD နိုင် ငံများမှ သတင်းထောက်တွေလည်းပါဝင်နေလေတော့ သူတို့မေးခွန်းတွေထဲမှာ ခိုးဝင်ဘင်္ဂါလီအကြောင်း လည်းပါဝင်လာပါတော့တယ်။ တစ်နည်းအားဖြင့် သူ တို့အခေါ်(R ဂျာ)‌တွေ မြန်မာဘက်ကနေ ရွှေ့ပြောင်း နေထိုင်မှုအကြောင်း မေးမြန်းကြတာဖြစ်သလို IMAC ဘက်ကလည်း ဒီကိစ္စအပေါ်မှာ အထူး အာ ရုံစိုက်ထားခြင်းမရှိသလို ဒီထက်အရေးကြီးတဲ့ ကိစ္စ ရပ်တွေကိုပဲ ခေါင်းထဲထည့်ထားတဲ့သဘောမျိုး ပြန် လည်တုံ့ပြန်ပါတယ်။ ရွှေတြိဂံဒေသဘက်က မူးယစ် ဆေးဝါးတွေ အိန္ဒိယသမုဒ္ဒရာထဲမှာ တွေ့နေရတာမျိုး တွေလည်း ထည့်သွင်းပြောဆိုသွားသလို လက်နက် မှောင်ခိုကိစ္စတွေကိုလည်း အသိပေးပါတယ်။ မြန်မာနဲ့ အနီးတစ်ဝိုက်မှာတော့ ငါးခိုးဖမ်းတဲ့ကိစ္စတွေက အ များအပြားမြင်တွေ့ရတယ်လို့ လူရွှေ့ပြောင်းသွားလာ မှုတစ်ခုတော့ရှိခဲ့တယ်လို့ရည်ညွှန်းပါတယ်။ အံ့အား သင့်စရာအကောင်းဆုံးကတော့ အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းတဲ့သင်္ဘောတွေထဲမှာ လိုင်ဘေးရီးယားနိုင်ငံ မှတ်ပုံတင်ထားတဲ့သင်္ဘောတွေ အများဆုံးဖြစ်နေ တယ်ဆိုတဲ့အချက်ပါပဲ။ ဘာကြောင့်လဲလို့မေးတော့ မှတ်ပုံတင်ခဈေးပေါတာကြောင့်ဖြစ်နိုင်တယ်လို့ ဖြေ ပါတယ်။ အချက်အလက်တွေကို တိုက်ရိုက်စောင့် ကြည့်နေတဲ့ TV စခရင်မ်အကြီးကြီးကနေ တိုက်ရိုက် ပြသတာမျိုးဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာရဲ့အရေးပါပုံကိုလည်း အတော်လေးသဘောပေါက်လာပါတယ်။ မြန်မာ့ပင်လယ်ပြင်ဆိုတာ ဘာဟုတ်ရိုးလားလို့ တွေးမိ သလို မကာကွယ်မစောင့်ရှောက်နိုင်ရင် ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့တန်ဖိုးတွေဟာ တစ်ပါးသောနိုင်ငံရဲ့ ဗိုလ်ကျမှုကိုခံရမယ်ဆိုတာ ပိုမိုသဘောပေါက်လာပါ တယ်။ IMAC မှာ မြန်မာတစ်ယောက်ရှိထားရခြင်း ကလည်း မြန်မာနဲ့ အိန္ဒိယသမုဒ္ဒရာဟာ နီးနီးကပ်ကပ် ဆက်ဆံရမယ့်နေရာဖြစ်နေတာကြောင့်ပါပဲ။ မြန်မာ ကိုယ်စားလှယ်ကတော့ တပ်မတော်ရေက ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိကြီးတစ်ဦးပါပဲ။ ကျွန် တော်တို့ရောက်တဲ့ကာလအတွင်းမှာ ဒုဗိုလ်မှူးကြီးက တာဝန်ပြီးလို့ပြန်သွားခဲ့သလို အသစ် ဗိုလ်မှူးတစ် ယောက်ရောက်လာပါတယ်။ သူနဲ့လည်း စကားလက် ဆုံကျဖြစ်ခဲ့သလို အမှတ်တရဓာတ်ပုံလေးတောင် ရိုက်ဖြစ်ခဲ့ပါသေးတယ်။ ပြီးတော့ IMAC ကိုလည်း အထူးစိတ်ဝင်စားမိကြောင်းနဲ့ မြန်မာတို့ရော ဘယ် လိုလဲလို့တွေးမိနေကြောင်းပါ။
-အပိုင်း(၄) ဆက်ရန်-

Zawgyi Version:
(၂ဝ၄၇) အိႏၵိယကို ျမန္မာ့ဟန္ျဖင့္ ေလ့လာျခင္း (အပိုင္း-၃)
(ခရီးသြားေဆာင္းပါး)
မ်ိဳးမင္း(မက်ည္းလဟာ) (NP News) - ေအာက္တိုဘာလ ၃၀

အိႏၵိယေဆးသုေတသနေကာင္စီ ICRM ကို ေလ့လာခြင့္ရျခင္း

လြတ္လပ္ေရးမရခင္ ႏွစ္ေပါင္း(၃၀)ေက်ာ္သို႔ မဟုတ္ (၁၉၁၁)ခုႏွစ္ကတည္းက ICRM ကို ဖြဲ႕ စည္းထားတာျဖစ္သလို ျမန္မာအေခၚ က်န္းမာေရးဝန္ ႀကီးဌာနရဲ႕ေအာက္က အေရးပါတဲ့အဖြဲ႕အစည္းႀကီး တစ္ခုျဖစ္ပါတယ္။ ICRM ဟာ အေထြေထြ ေဆး ဘက္သုေတသနေတြလုပ္ေဆာင္ျခင္း၊ ထူးခြၽန္ထက္ ျမက္တဲ့သုေတသနပညာရွင္ေတြ ေမြးထုတ္ျခင္း၊ ကူး စက္ေရာဂါေတြကိုကာကြယ္ျခင္းနဲ႔ ကုသျခင္း၊ မသန္ စြမ္း၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ပတ္သက္တဲ့ လူမႈေရး က်န္းမာေရးျပႆနာေတြကို ေလ့လာသုေတသနလုပ္ ျခင္း၊ ႏိုင္ငံေတာ္ရဲ႕ေပၚလစီခ်မွတ္ျခင္းေတြအတြက္ သိပၸံနည္းက်အေျချပဳ အႀကံျပဳခ်က္မ်ားေပးျခင္းေတြ လုပ္ေဆာင္ပါတယ္။ ၫႊန္ၾကားေရးမႉးခ်ဳပ္ကိုယ္တိုင္ ဦးေဆာင္ၿပီး အေမရိကန္၊ ျပင္သစ္၊ ေတာင္ကိုရီးယား၊ ဂ်ပန္နဲ႔ အာဆီယံေဒသတြင္းႏိုင္ငံက သတင္းေထာက္ ေတြကိုရွင္းျပတာျဖစ္သလို ခက္ခဲတဲ့ေမးခြန္းေတြ လည္းအေမးခံရပါတယ္။ ဥပမာအားျဖင့္ ဒီေလာက္ သုေတသနေကာင္းတဲ့ ေဆးေကာင္စီရွိေနပါလ်က္နဲ႔ ကိုဗစ္ကပ္ေရာဂါမ်ိဳးမွာ ဘာေၾကာင့္ အိႏၵိယက ထိ ခိုက္မႈအျမင့္ဆုံးျဖစ္ခဲ့သလဲဆိုတာမ်ိဳးေတြ၊ (၂၀၄၇) ခုႏွစ္မွာ ေဆးသိပၸံ ဖြံ႕ၿဖိဳးတိုးတက္မႈအျမင့္ဆုံးတိုင္း ျပည္တစ္ခုျဖစ္ေစဖို႔ ရည္မွန္းခ်က္ထားတာဟာ မိုဒီ အစိုးရေပၚလစီလား၊ ခင္ဗ်ားတို႔ ရည္မွန္းခ်က္လားဆို တာမ်ိဳးေတြနဲ႔ ေဆးပညာအရ အိႏၵိယက ပထမဆုံး လုပ္ျပႏိုင္တဲ့အရာ သိပ္ထူးထူးျခားျခားမရွိေသးဘူး ထင္တယ္ဆိုတာမ်ိဳးေတြပါပဲ။ ကိုဗစ္လိုကပ္ေရာဂါမ်ိဳး ကို သူတို႔ေစာင့္ၾကည့္ေလ့လာၿပီးျဖစ္ေအာင္ထိန္းခ်ဳပ္ ႏိုင္ခဲ့တယ္လို႔ရည္ၫႊန္းခဲ့သလို သန္း(၁၄၀ဝ)ေက်ာ္ တဲ့လူထုႀကီးထဲက ရာခိုင္ႏႈန္းနည္းနည္းေလးသာ ထိ ခိုက္ေသဆုံးမႈျဖစ္တယ္ဆိုတာက သူတို႔ေဆးေကာင္ စီရဲ႕ျပယုဂ္တစ္ခုျဖစ္တယ္လို႔ဆိုပါတယ္။ အလားတူ မိုဒီအစိုးရေတြ၊ ဘယ္အစိုးရေတြဆိုတာထက္ အား လုံးဟာ အိႏၵိယအလံေတာ္ေအာက္မွာ ရည္မွန္းခ်က္ ႀကီးႀကီးနဲ႔ ရာထူးတာဝန္အလိုက္ ယုံၾကည္ခ်က္ထားၿပီး ထမ္းေဆာင္ေနၾကတာျဖစ္တယ္လို႔ ၫႊန္ခ်ဳပ္ကေျပာ ပါတယ္။ (၁၉၇၈-၁၉၈၀)ကတည္းက ဖန္ႁပြန္သေႏၶ သားကို အိႏၵိယတို႔ စမ္းသပ္ေအာင္ျမင္ခဲ့တာျဖစ္သလို ေဆးပညာဆိုင္ရာမွာ အိႏၵိယတို႔ေနာက္က်ေနခဲ့တာ မရွိဘူးလို႔ဆိုပါတယ္။ ျမန္မာအပါအဝင္ ထိုင္း၊ ေတာင္ ကိုရီးယား၊ နီေပါ၊ ယူေက၊ ဂ်ာမနီ၊ အေမရိကန္တို႔နဲ႔ လည္း ေဆးဘက္ဆိုင္ရာ နည္းပညာဖလွယ္ျခင္းေတြ စဥ္ဆက္မျပတ္လုပ္ကိုင္ေနေၾကာင္းေျပာပါတယ္။ ႏွစ္(၁၀ဝ)ျပည့္ရည္မွန္းခ်က္ကေတာ့ ICRM က လည္း မေလွ်ာ့တမ္းႀကိဳးစားေနၿပီလို႔သိရပါတယ္။
DONAR ေခၚ North Eastern ေဒသဖြံ႕ၿဖိဳး ေရးဌာနနဲ႔ ျမန္မာ-အိႏၵိယ အေရွ႕ေျမာက္ေဒသ ဖြံ႕ၿဖိဳး တိုးတက္ေရးဌာန DONAR ဟာ ျမန္မာတို႔အတြက္ အထူးအေရးပါတဲ့ဌာနပါပဲ။ ဒီဌာနကို စိတ္ဝင္စားမႈမ်ား စြာနဲ႔ေရာက္ရွိခဲ့သလို လည္ပတ္ခဲ့သမွ်ထဲမွာ ျမန္မာတို႔ အတြက္ အေရးပါတဲ့အေၾကာင္းအရာေတြ သိခြင့္ရ လာပါတယ္။ DONAR အတြင္းဝန္ကိုယ္တိုင္ အာဆီ ယံဂ်ာနယ္လစ္ေတြကို ေတြ႕ဆုံေဆြးေႏြးခဲ့သလို အိႏၵိ ယရဲ႕ Look East ေပၚလစီမွသည္ Act East ေပၚလ စီကိုပါရွင္းျပပါတယ္။ လူဦးေရ(၄၅)သန္းေက်ာ္ရွိတဲ့ အေရွ႕ေျမာက္ေဒသ(၇)ျပည္နယ္ဟာ တိုင္းရင္းသား လူမ်ိဳးစုံပူးေပါင္းေနထိုင္ရာျဖစ္သလို အေရွ႕ေတာင္ အာရွႏိုင္ငံေတြနဲ႔ခ်ိတ္ဆက္ရာ အဓိကလမ္းေၾကာင္း အျဖစ္ ျမန္မာႏိုင္ငံကို မျဖစ္မေနအသုံးျပဳရမယ့္ေဒသ လည္းျဖစ္ေနပါတယ္။ ကုန္းတြင္းပိတ္ေဒသတစ္ခုျဖစ္ တဲ့အတြက္ အိႏၵိယအေရွ႕ေမွ်ာ္မူဝါဒကို အသက္သြင္း ဖို႔ အဓိကလမ္းေၾကာင္းႀကီးသုံးခုကိုေရးဆြဲထားပါ တယ္။ ကုလားတန္ျမစ္ေၾကာင္း ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ ေရးစီမံကိန္း၊ အိႏၵိယ-ျမန္မာ-ထိုင္း သုံးႏိုင္ငံျဖတ္ ေက်ာ္ကားလမ္းမႀကီး၊ BCIM ေကာ္ရစ္ဒါ (ဘဂၤလား ေဒ့ရွ္-တ႐ုတ္-အိႏၵိယ-ျမန္မာ)တို႔ျဖစ္သလို ျမန္မာ ဘက္ျခမ္းက လီဒိုလမ္းေခၚ စတီးလ္ဝဲလမ္းမႀကီးကို အသုံးျပဳရမယ့္ အိႏၵိယ-ျမန္မာ-တ႐ုတ္ ခ်ိတ္ဆက္ လမ္းမႀကီးေတြက North Eastern အတြက္ အေရး ပါေနတာပါ။ လြန္ခဲ့တဲ့ဆယ္စုႏွစ္အတြင္း ေဒၚလာ (၇၅)ဘီလ်ံေက်ာ္ထက္မနည္း အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးအတြက္ ဗဟိုအစိုးရကေပးအပ္ခဲ့သလို ျပည္နယ္(၇)ခုဆီကို ဗဟိုအစိုးရဝန္ႀကီးခ်ဳပ္မိုဒီနဲ႔ ဝန္ႀကီးေတြ တပ္မေတာ္ထိပ္ပိုင္းေခါင္းေဆာင္ေတြ က အႀကိမ္ေပါင္း(၈၃၀)အထိ သြားေရာက္ခဲ့တယ္လို႔ ေျပာပါတယ္။ Biodiversity ျမင့္မားတဲ့ေဒသျဖစ္ သလို စိမ္းလန္းစိုျပည္မႈနဲ႔ သဘာဝအတိုင္းတည္ရွိေနမႈ က (၈၀)ရာခိုင္ႏႈန္းအထိက်န္ရွိေနေသးတယ္လို႔ ဆိုပါတယ္။ ဗုဒၶဘာသာဝင္ေတြေနထိုင္ၾကတဲ့အတြက္ ဘာသာေရးအေျချပဳခရီးစဥ္ေတြလည္း စီစဥ္ဖို႔သင့္ တယ္လို႔ ျမန္မာဘက္ကကိုယ္စားလွယ္တစ္ေယာက္ ကအႀကံျပဳခဲ့သလို တိုက္႐ိုက္ေလယာဥ္ပ်ံသန္းမႈမရွိ တာလည္း အံ့အားသင့္မိတယ္လို႔ဆိုပါတယ္။ အိႏၵိယ ဘက္ကေတာ့ ခရီးစဥ္ေတြပ်ံသန္းဖို႔ခက္ခဲေပမယ့္ ကားလမ္းေတြေပါက္လာခဲ့ရင္ေတာ့ ျဖစ္လာႏိုင္တာ မ်ိဳးေျပာသလို ကမာၻ႔အျမင့္ဆုံး စာရင္းဝင္လာႏိုင္ေျခ ရွိတဲ့ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ေတြ၊ ေစတီေတြလည္းရွိေန တယ္လို႔ထပ္ၾကားပါတယ္။ ထိုင္းသတင္းေထာက္ေတြ နဲ႔ မေလးရွားသတင္းေထာက္ေတြက ျမန္မာကိုျဖတ္ သန္းရမယ့္ ကားလမ္းစီမံခ်က္ေတြအေၾကာင္း စိတ္ ဝင္တစားနဲ႔ေမးျမန္းၾကပါတယ္။ ထိုင္းသတင္းေထာက္ ေတြက အိႏၵိယ-ျမန္မာ-ထိုင္း သုံးႏိုင္ငံျဖတ္ေက်ာ္လမ္းမႀကီးကို အိႏၵိယက ဘယ္လိုၿပီးေအာင္လုပ္မလဲ ဆိုတာနဲ႔ ျမန္မာမွာျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးပဋိပကၡေတြ ေၾကာင့္ ထိုင္းနဲ႔ခ်ိတ္ဆက္ဖို႔ခက္ခဲၾကန႔္ၾကာတာကို မျဖစ္သင့္တဲ့သေဘာမ်ိဳးေျပာပါတယ္။ " ျမန္မာကိုမ ျဖတ္ဘဲထိုင္းကိုေရာက္ဖို႔က ေျမေအာက္ကေန ဒိုင္ပင္ ပစ္မွရမယ္"လို႔ အိႏၵိယဘက္က ဟာသေႏွာၿပီး ျပန္ ေျဖခဲ့သလို ျမန္မာသတင္းေထာက္သုံးဦးလုံးကေတာ့ ၿပဳံးစိစိနဲ႔အသံတိတ္ေနၾကပါတယ္။ တကယ္ေတာ့ ျမန္ မာျပႆနာက အိမ္နီးခ်င္းႏိုင္ငံေတြကို အေတာ္ေလး ႐ိုက္ခတ္တယ္ဆိုတာ ဒီလိုမ်ိဳးကိစၥေတြက သက္ေသ ျပေနတာပါ။ သုံးႏိုင္ငံ ခ်ိတ္ဆက္လမ္းမႀကီးဟာ မိုး ေရးနဲ႔တမူးၾကားမွာ အဆင္ေျပႏိုင္ေပမယ့္ တမူး-က ေလးဝၾကားတစ္ခ်က္၊ ကေလးဝ-မုံ႐ြာၾကားမွာတစ္ ခ်က္ ျပႆနာရွိေနသလို ေကာ့ကရိတ္-ျမဝတီၾကား မွာလည္း ျပႆနာရွိေနတာကို အိႏၵိယတို႔ကျမင္ပါ တယ္။ အလားတူ ထိုင္းသတင္းေထာက္ေတြလည္း သိပါတယ္။ ျမန္မာက ႏိုင္ငံေရးျပႆနာေတြေျပလည္ ၿပီး စစ္ပြဲေတြရပ္သြားရင္ ဒီလမ္းေၾကာင္းႀကီးက ႏွစ္ ႏွစ္သုံးႏွစ္အတြင္း လမ္းပြင့္သြားႏိုင္သလို သုံးႏိုင္ငံ ကုန္စည္စီးဆင္းေရးေတြဟာ အေတာ္ေလးေျဖာင့္ျဖဴး ေနမွာေသခ်ာပါတယ္။ သို႔ေသာ္လည္း ျမန္မာမွာျဖစ္ ေနတဲ့ျပႆနာေတြဟာ အိႏၵိယေရာ ထိုင္းႏိုင္ငံကပါ သူပုန္အားေပးမလုပ္ဘဲ အစိုးရကို အားျဖည့္ကူညီမွ ေျပလည္မယ္ဆိုတာေလာက္ေတာ့ သိဖို႔လိုလာတာပါ။ သုံးႏိုင္ငံခ်ိတ္ဆက္လမ္းမႀကီးနဲ႔ပတ္သက္ရင္ ဘန္ ေကာက္ပို႔စ္ကေတာ့ ေအာက္တိုဘာလ(၁၆)ရက္မွာ ေရးသားေဖာ္ျပလာတာရွိပါတယ္။ အာဆီယံဂ်ာနယ္ လစ္ေတြနဲ႔ေတြ႕ဆုံပြဲမွာ DONAR အတြင္းဝန္ေျပာတဲ့ စကားကိုကိုးကားၿပီး ျမန္မာကျပႆနာကိုပါ ဘယ္ ဘက္ကိုမွမထိခိုက္ေစဘဲ ထည့္သြင္းသုံးသပ္ေရးသား ျပသြားခဲ့ပါေသးတယ္။ ကုလားတန္ျမစ္ေၾကာင္း ဘက္ စုံဖြံ႕ၿဖိဳးေရးစီမံကိန္းဆိုရင္လည္း မီဇိုရမ္-အိုက္ေဇာ ကေန ျမန္မာဘက္ျခမ္း ပလက္ဝ-စစ္ေတြအထိ ခ်ိတ္ ဆက္ရမွာျဖစ္ၿပီး ေဒၚလာ(၄၈၄)သန္းေက်ာ္ ကုန္က်ခံ ထားရတာျဖစ္ပါတယ္။ ကိုးလ္ကတၱားနဲ႔လည္း ျပန္ လည္ခ်ိတ္ဆက္မွာျဖစ္ေပမယ့္ ပလက္ဝနဲ႔ ရခိုင္ျပည္ နယ္ထဲက တခ်ိဳ႕ေနရာေတြမွာ စစ္ပြဲေတြျဖစ္ေပၚေန တာက အိႏၵိယတို႔အတြက္ စိတ္ပ်က္ေစတာလည္းအ မွန္ပါပဲ။ အိႏၵိယအေရွ႕ေျမာက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ ေရးကို အဓိက တံခါးဖြင့္ေပးမွာက ျမန္မာႏိုင္ငံျဖစ္ေန သလို အာဆီယံေဒသတြင္းႏိုင္ငံေတြရဲ႕အိႏၵိယ ျပည္ နယ္(၇)ခုဘက္သို႔(အေနာက္ဘက္သို႔ခရီး)ဟာ လည္း ျမန္မာကိုျဖတ္သန္းမွ ျဖစ္မယ့္အေနအထားမွာ ျမန္မာဟာ ဘယ္ေလာက္အေရးပါသလဲဆိုတာ အာ ဆီယံေဒသတြင္းသတင္းေထာက္ေတြ သေဘာေပါက္ သြားေစခဲ့တဲ့ပြဲလည္းျဖစ္ပါတယ္။ ျမန္မာသတင္း ေထာက္သုံးဦးလုံးကေတာ့ ေအးေအးေဆးေဆးပါပဲ။ ေသာ့က ျမန္မာလက္ထဲမွာမဟုတ္ပါလား။
DONAR အျပန္ညေနခင္း သို႔မဟုတ္ အိႏၵိယသမၼတ အိမ္ေတာ္ေလ့လာေရး
အဂၤလိပ္ေတြေခတ္ကတည္းက တည္ေဆာက္ ထားၿပီး ဘုရင္ခံေတြ၊ သမၼတေတြေနထိုင္တဲ့အိမ္ေတာ္ ကိုလည္း စက္တင္ဘာ(၂၅)ရက္ညေနပိုင္းက ႀကဳံ ႀကိဳက္တုန္းေလ့လာခြင့္ရခဲ့ပါတယ္။ ႏိုင္ငံတကာက ထိပ္တန္းဧည့္သည္ေတာ္ေတြကို သမၼတကိုယ္တိုင္က ႀကိဳဆိုတဲ့အခမ္းအနားေတြကို ဒီေနရာတစ္ဝိုက္မွာ လုပ္တယ္လို႔သိရပါတယ္။ ေရွးေဟာင္း ဗိသုကာလက္ ရာေတြနဲ႔ ခမ္းနားထည္ဝါမႈေတြကိုေတာ့ ကိုယ္တိုင္ ျမင္ခြင့္ရခဲ့ပါတယ္။ သို႔ေသာ္လည္း တခ်ိဳ႕ေနရာေတြက ဓာတ္ပုံမွတ္တမ္းတင္ခြင့္မရွိဘဲ မ်က္စိနဲ႔သာၾကည့္ရႈ ၿပီး ဦးေႏွာက္နဲ႔သာ မွတ္တမ္းတင္ခြင့္ရခဲ့တာမ်ိဳးပါ။ သတင္းအဖြဲ႕ေတြေရာက္ရွိေနခ်ိန္က အခမ္းအနား တစ္ခုအတြက္ LED ေတြ ျပင္ဆင္ေနခ်ိန္ျဖစ္သလို သမၼတကလည္း အိမ္ေတာ္မွာရွိမေနတဲ့ အခ်ိန္မ်ိဳးျဖစ္ တဲ့အတြက္ နည္းနည္းေတာ့ လြတ္လပ္မႈရေနပါေသး တယ္။ အိမ္ေတာ္ထဲမွာရွိတဲ့ အျပင္အဆင္ေတြအား လုံးကို လိုက္လံရွင္းျပသူတစ္ဦးရွိေနၿပီး သမၼတရဲ႕ ဧည့္ေတြ႕ေဆာင္ေတြ၊ နားေနေဆာင္ေတြ၊ အိပ္ခန္း ေတြ၊ ထမင္းစားခန္းေတြကိုလည္း ေလ့လာခြင့္ရပါ တယ္။ ေနျပည္ေတာ္က သမၼတအိမ္ေတာ္ထက္ ဆယ္ ဆမကခမ္းနားေနတာကေတာ့အမွန္ပါပဲ။ နံရံေတြမွာျခယ္သထားတဲ့ပန္းခ်ီေတြကလည္း ေရွးေဟာင္း လက္ရာေတြျဖစ္သလို အိမ္ေတာ္ကေနလြဲၿပီး တျခား ဘယ္ေနရာမွာမွ ေနာက္ထပ္ပုံစံတူမရွိဘူးလို႔ ဆိုပါ တယ္။ ဂုဏ္ထူးေဆာင္ဆုခ်ီးျမႇင့္တဲ့ေနရာေတြ၊ ေဖ်ာ္ေျဖေရးခန္းမေတြနဲ႔ တျခားေသာ အႏုပညာဆန္ ဆန္လက္ရာေတြကိုေတာ့ စာနဲ႔ ရွင္းျပရခက္တဲ့အထိ ေလ့လာခြင့္ရခဲ့ပါတယ္။ စက္တင္ဘာ(၂၅)ရက္ရဲ႕ညေနခင္းကိုေတာ့ သမၼတအိမ္ေတာ္မွာအဆုံးသတ္ခဲ့ၿပီး ေနာက္တစ္ေန႔ စက္တင္ဘာ(၂၆)ရက္အတြက္ ဟို တယ္ကိုျပန္ၿပီး ျပင္ဆင္စရာရွိတာျပင္ဆင္ၾကရပါတယ္။
ASI သို႔မဟုတ္ Archaeological Survey of India ရဲ႕ပညာ
ျမန္မာအပါအဝင္ အာဆီယံေဒသတြင္းက ေရွး ေဟာင္းၿမိဳ႕ျပေဒသႀကီးေတြနဲ႔ သမိုင္းဝင္အေဆာက္အ အုံေတြအေၾကာင္း ေလ့လာသုေတသနျပဳခဲ့မႈအေပၚ ASI က အာဆီယံဂ်ာနယ္လစ္ေတြကိုရွင္းျပပါတယ္။ ASI ကထုတ္ျပတဲ့ ေရွးေဟာင္းေျမပုံတစ္ခုအရ ျမန္ မာအပါအဝင္ အာဆီယံေဒသတြင္း ႏိုင္ငံနယ္နိမိတ္ ေတြဟာ လက္ရွိအေနအထားနဲ႔ ေတာ္ေတာ္ေလးကြဲ ျပားျခားနားေနတာကိုျမင္ရပါတယ္။ သူတို႔ဟာ သု ေတသနျပဳသူေတြျဖစ္သလို ေရွးေဟာင္းေစတီနဲ႔ အ ေဆာက္အအုံေတြ ၿမိဳ႕ျပေတြကို ျပန္လည္ျပဳျပင္ျခင္း လုပ္ငန္းေတြလည္းလုပ္ေဆာင္ၾကပါတယ္။ ျမန္မာ ႏိုင္ငံက အာနႏၵာေစတီေတာ္ျမတ္ႀကီး၊ ပုဂံက ပ်က္စီး ေရွးေဟာင္းေစတီေတာ္ေတြနဲ႔ တျခားေသာ ေရွး ေဟာင္းအေဆာက္အအုံေတြ၊ နံရံေဆးေရးပန္းခ်ီေတြ ကို မူရင္းလက္ရာအတိုင္းျဖစ္ေစဖို႔ ASI ကလုပ္ ေဆာင္ေပးခဲ့ပါတယ္။ ကေမာၻဒီးယားက အန္ေကာဝပ္ လို ကမာၻေက်ာ္ေနရာေတြနဲ႔ ေရွးေဟာင္းနန္းေတာ္ေတြ ကိုလည္း 3D နည္းပညာနဲ႔ AI ဖန္တီးမႈတို႔ကိုေပါင္း စပ္ၿပီး မူရင္းမပ်က္ေစေအာင္ ျပန္လည္ျပဳျပင္ေပး တယ္လို႔ဆိုပါတယ္။ အင္ဒိုနီးရွားက Prambanan Tample ကိုလည္း ဗွႈ ကကူညီေပးခဲ့သလို လာအို၊ ေမာ္လ္ဒိုက္၊ မြန္ဂိုလီးယား၊ ဥဇဘက္ကစၥတန္၊ ဗီယက္ နမ္အပါအဝင္ အျခားေသာ သမိုင္းအစဥ္အလာႀကီး မားခဲ့တဲ့ႏိုင္ငံေတြကို အိႏၵိယရဲ႕ျပင္ပ ေလ့လာသုေတ သနျပဳေရးအျဖစ္ ASI ကတာဝန္ယူထားတယ္လို႔ သိရပါတယ္။ ျမန္မာလိုႏိုင္ငံမ်ိဳးကေတာ့ အိႏၵိယနဲ႔ နီးနီးစပ္စပ္ ရွိကိုရွိရမယ့္ႏိုင္ငံျဖစ္ေနသလို ပုဂံယဥ္ ေက်းမႈေဒသ၊ ပ်ဳၿမိဳ႕ေဟာင္းေတြနဲ႔ တေကာင္းေခတ္၊ အင္းဝေခတ္၊ ေတာင္ငူေခတ္၊ ကုန္းေဘာင္ေခတ္ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ျပန္လည္ေဖာ္ထုတ္ ျပဳျပင္ထိန္းသိမ္းတာမ်ိဳးမွာ နည္းပညာေရာ၊ လူအား ေငြအားပါ အကူအညီယူရမွာေသခ်ာပါတယ္။ အင္ဒို နီးရွားသတင္းေထာက္တစ္ဦးကေတာ့ အိႏၵိယရဲ႕အကူ အညီေတြက သက္ဆိုင္ရာႏိုင္ငံကအစိုးရေတြက ေငြ ေပးေခ်တာမ်ိဳးလားလို႔ေမးခဲ့သလို ASI ဘက္ကေတာ့ အိႏၵိယအစိုးရနဲ႔ သက္ဆိုင္ရာႏိုင္ငံအစိုးရေတြၾကား သေဘာတူညီမႈအေပၚမူတည္ၿပီး အခေၾကးေငြကိစၥက အေျဖထြက္ပါတယ္လို႔ဆိုပါတယ္။ သို႔ေသာ္လည္း အိႏၵိယအစိုးရဘက္က ဘတ္ဂ်က္ခ်ထားေပးျခင္းအ ေပၚမူတည္ၿပီး မိတ္ဖက္ႏိုင္ငံေတြရဲ႕ေရွးေဟာင္းသု ေတသနဆိုင္ရာ လိုအပ္တဲ့အကူအညီေတြကို ေပး အပ္ကူညီတာမ်ိဳးျဖစ္တယ္လို႔ေျပာပါတယ္။ စိတ္ဝင္စားစရာအေကာင္းဆုံးသတိေပးခ်က္ကေတာ့ " ေရွးေဟာင္းသမိုင္းဝင္ေနရာေတြၾကားထဲမွာ ေဈးသည္ ေတြ ဝင္ေရာက္ေနရာယူတာကေတာ့ ကိုယ့္သမိုင္းကို ကိုယ္တိုင္ဖ်က္ဆီးေနတာနဲ႔ တူေနတယ္။ ေရွးေဟာင္း သမိုင္းေတြကိုေလ့လာရတာအဆင္မေျပသလို ျပဳျပင္ ထိန္းသိမ္းဖို႔ခက္ခဲၿပီး ေရရွည္တည္တံ့ေအာင္လုပ္ဖို႔ ပိုမိုခက္ခဲေစပါတယ္"ဆိုတဲ့စကားပါပဲ။ တိုက္႐ိုက္ အတိအက်မဟုတ္ေသာ္လည္း ဒီအဓိပၸာယ္သက္ ေရာက္တဲ့စကားဟာ ကြၽန္ေတာ္တို႔ျမန္မာေတြအတြက္ ေတာ့ အေတာ္ေလး စဥ္းစားစရာျဖစ္လာပါတယ္။ ေဒသခံေတြက ေရွးေဟာင္းအေမြအႏွစ္ေတြၾကားမွာ ေဈးေရာင္းခ်စားေသာက္ရတာမွားတယ္လို႔မဆိုႏိုင္ ေပမယ့္ ေရွးေဟာင္းအေမြအႏွစ္ေတြကိုပါ ထိခိုက္နစ္ နာေစႏိုင္တဲ့စီးပြားရွာနည္းကေတာ့ စနစ္တစ္ခုနဲ႔ထိန္း ေက်ာင္းသင့္တယ္လို႔ျမင္လာမိတာမ်ိဳးပါ။ ASI အ ေနနဲ႔လည္း တျခားႏိုင္ငံကိုကူညီေရးသြားတိုင္းမွာ ဒီ လိုျမင္ကြင္းေတြကိုၾကည့္ၿပီး သူတို႔အတြက္ စိတ္အ က်ပ္အတည္းျဖစ္ေစတယ္လို႔ဆိုၾကပါတယ္။ ဒါက ေတာ့ ေသေသခ်ာခ်ာစဥ္းစားသင့္ၿပီလို႔ယူဆပါတယ္။ ေဒသခံေဈးသည္ေတြနဲ႔ ေရွးေဟာင္းသမိုင္းဝင္ျပယုဂ္ ေတြၾကားမွာ အရည္အခ်င္းရွိတဲ့အစိုးရမင္းေတြရဲ႕ပါး နပ္တဲ့စီမံခန႔္ခြဲမႈကိုပဲေစာင့္ၾကည့္ရေတာ့မွာပါ။

IMAC အိႏၵိယ သို႔မဟုတ္ ပင္လယ္ျပင္ထဲက မ်က္လုံးတစ္စုံ
စက္တင္ဘာလ(၂၆)ရက္ရဲ႕ ဒုတိယေျမာက္ ေလ့လာေရးခရီးစဥ္ကေတာ့Information Mana­gement Analysis Centre ေခၚ IMAC ပါပဲ။ အိႏၵိ ယရဲ႕ပင္လယ္ျပင္ သို႔မဟုတ္ သမုဒၵရာျပင္ေစာင့္ၾကည့္ ေရးမ်က္လုံးတစ္စုံလို႔ေတာင္ေျပာလို႔ရပါတယ္။ ဝင္ ေပါက္အဝနားမွာပဲ ဖုန္းေတြကိုထားခဲ့ရတာျဖစ္သလို မွတ္စုစာအုပ္နဲ႔ လူပဲဝင္ခြင့္ရမယ္ဆိုကတည္းက ထူး ျခားတာတစ္ခုခုကို သူတို႔ျပသေတာ့မယ္လို႔ နားလည္ လိုက္မိပါတယ္။ တစ္ခုထူးျခားတာကေတာ့ ေရွ႕က အစဥ္တစိုက္သြားလာခဲ့တဲ့ေနရာေတြမွာ ျမန္မာႏိုင္ငံ သားပညာရွင္၊ ကိုယ္စားလွယ္တစ္ေယာက္မွ ရွိမေန ဘဲ IMAC မွာေတာ့ ျမန္မာကိုယ္စားလွယ္တစ္ေယာက္ ရွိေနတယ္ဆိုတဲ့အခ်က္ပါ။ ဒီတစ္ခ်က္ေတာ့ စိတ္ထဲ ေတာ့ ေႏြးခနဲ ခံစားခ်က္ရသြားပါတယ္။ ျပည္ပႏိုင္ငံ တစ္ခုခုက အေရးပါတဲ့ဌာနတစ္ခုခုမွာ ျမန္မာတစ္ ေယာက္ရွိေနတယ္ဆိုတဲ့ခံစားခ်က္ဟာ မိသားစုရင္း ခ်ာကို ႏွစ္ေတြအၾကာႀကီးေနၿပီးမွ လြမ္းဆြတ္သတိတ ရျဖစ္ေနခ်ိန္ျပန္ေတြ႕ရတဲ့ ခံစားခ်က္မ်ိဳးပါပဲ။ ျမန္မာ ကိုယ္စားလွယ္ရွိတယ္လို႔သိရတာနဲ႔ ခ်က္ခ်င္းလိုက္ရွာ မိသလို ျမန္မာထိုင္ခုံအနားနဲ႔ ျမန္မာအလံၾကားမွာ ဝင္ေရာက္ဓာတ္ပုံမွတ္တမ္း ယူလိုက္ရပါေသးတယ္။ အဓိကခန္းမထဲေရာက္ခ်ိန္မွာေတာ့ ဖုန္းေတြ၊ ကင္မ ရာေတြ လုံးဝသုံးခြင့္မျပဳေတာ့ပါဘူး။ IMAC ဟာ အိႏၵိယသမုဒၵရာနဲ႔ ပင္လယ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ကို ေစာင့္ၾကည့္ထိန္းခ်ဳပ္တဲ့ဌာနျဖစ္ၿပီး ေျပာၾကားခ်က္ အရ တစ္ႏွစ္အတြင္း သေဘၤာမ်ိဳးစုံ အစင္းေရ (၁၅၀ဝဝဝ) ကေန (၁၇၀ဝဝဝ)ေက်ာ္ ပုံမွန္ျဖတ္သန္း ေလ့ရွိတယ္လို႔ဆိုပါတယ္။ အိႏၵိယကမ္း႐ိုးတန္းကေန အိႏၵိယသမုဒၵရာအထိ မူမမွန္တဲ့ ျဖတ္သန္းသြားလာမႈ ေတြအေပၚ စကၠန႔္နဲ႔မလပ္ေစာင့္ၾကည့္ၿပီး မိခင္ဌာန ခ်ဳပ္ကေန ဗဟိုဌာနခ်ဳပ္အထိ၊ အဲဒီကေနမွ ဝန္ႀကီး ခ်ဳပ္မိုဒီ႐ုံးခန္းအထိ သတင္းအခ်က္အလက္ေတြ ပို႔ ေဆာင္ေပးရတယ္လို႔သိရပါတယ္။ ကမာၻႀကီးရဲ႕သုံးပုံ ႏွစ္ပုံေသာ သေဘၤာမ်ိဳးစုံဟာ အိႏၵိယသမုဒၵရာကိုျဖတ္ သန္းေနၾကရတာျဖစ္တဲ့အတြက္ အၾကမ္းဖက္မႈေတြ၊ တရားမဝင္ေမွာင္ခိုလုပ္ငန္းေတြ၊ လူကုန္းကူးမႈေတြ၊ မူးယစ္ေဆးဝါးသယ္ေဆာင္မႈေတြ၊ ပင္လယ္ဓားျပ ဇာတ္လမ္းေတြ၊ ကယ္ဆယ္ေရးလုပ္ငန္းေတြ၊ ငါးခိုး ဖမ္းတဲ့ကိစၥအပါအဝင္ ကိစၥႀကီးငယ္မွန္သမွ်ကို IMAC က မသိတာမရွိ သိေအာင္လုပ္ထားႏိုင္ၿပီလို႔ ဆိုပါတယ္။ မြမ္ဘိုင္းအၾကမ္းဖက္တိုက္ခိုက္မႈမ်ိဳးလို ျဖစ္ရပ္ကေန သင္ခန္းစာအႀကီးႀကီးယူထားတာျဖစ္ ၿပီး သီရိလကၤာဆိုမာလီ ဓားျပမႈေတြကိုလည္း ေစာင့္ ၾကည့္ထိန္းေက်ာင္းႏိုင္ခဲ့ပါတယ္။ ႏိုင္ငံ(၂၈)ခုမွာရွိတဲ့ အဖြဲ႕အစည္းေပါင္း(၅၄)ခုနဲ႔လည္း တိုက္႐ိုက္ခ်ိတ္ ဆက္လုပ္ေဆာင္တာေတြရွိသလို ျမန္မာပိုင္ ကိုကိုး ကြၽန္းနားက အက္ဒမန္ပင္လယ္ျပင္အထိ ေစာင့္ ၾကည့္တယ္လို႔ဆိုပါတယ္။ သို႔ေသာ္လည္း သူတို႔တိုက္ ခိုက္ေရးအဖြဲ႕အစည္းမဟုတ္ပါဘူးတဲ့။ QUAD ႏိုင္ ငံမ်ားမွ သတင္းေထာက္ေတြလည္းပါဝင္ေနေလေတာ့ သူတို႔ေမးခြန္းေတြထဲမွာ ခိုးဝင္ဘဂၤါလီအေၾကာင္း လည္းပါဝင္လာပါေတာ့တယ္။ တစ္နည္းအားျဖင့္ သူ တို႔အေခၚ(R ဂ်ာ)‌ေတြ ျမန္မာဘက္ကေန ေ႐ႊ႕ေျပာင္း ေနထိုင္မႈအေၾကာင္း ေမးျမန္းၾကတာျဖစ္သလို IMAC ဘက္ကလည္း ဒီကိစၥအေပၚမွာ အထူး အာ ႐ုံစိုက္ထားျခင္းမရွိသလို ဒီထက္အေရးႀကီးတဲ့ ကိစၥ ရပ္ေတြကိုပဲ ေခါင္းထဲထည့္ထားတဲ့သေဘာမ်ိဳး ျပန္ လည္တုံ႔ျပန္ပါတယ္။ ေ႐ႊႀတိဂံေဒသဘက္က မူးယစ္ ေဆးဝါးေတြ အိႏၵိယသမုဒၵရာထဲမွာ ေတြ႕ေနရတာမ်ိဳး ေတြလည္း ထည့္သြင္းေျပာဆိုသြားသလို လက္နက္ ေမွာင္ခိုကိစၥေတြကိုလည္း အသိေပးပါတယ္။ ျမန္မာနဲ႔ အနီးတစ္ဝိုက္မွာေတာ့ ငါးခိုးဖမ္းတဲ့ကိစၥေတြက အ မ်ားအျပားျမင္ေတြ႕ရတယ္လို႔ လူေ႐ႊ႕ေျပာင္းသြားလာ မႈတစ္ခုေတာ့ရွိခဲ့တယ္လို႔ရည္ၫႊန္းပါတယ္။ အံ့အား သင့္စရာအေကာင္းဆုံးကေတာ့ အိႏၵိယသမုဒၵရာကို ျဖတ္သန္းတဲ့သေဘၤာေတြထဲမွာ လိုင္ေဘးရီးယားႏိုင္ငံ မွတ္ပုံတင္ထားတဲ့သေဘၤာေတြ အမ်ားဆုံးျဖစ္ေန တယ္ဆိုတဲ့အခ်က္ပါပဲ။ ဘာေၾကာင့္လဲလို႔ေမးေတာ့ မွတ္ပုံတင္ခေဈးေပါတာေၾကာင့္ျဖစ္ႏိုင္တယ္လို႔ ေျဖ ပါတယ္။ အခ်က္အလက္ေတြကို တိုက္႐ိုက္ေစာင့္ ၾကည့္ေနတဲ့ TV စခရင္မ္အႀကီးႀကီးကေန တိုက္႐ိုက္ ျပသတာမ်ိဳးျဖစ္ၿပီး အိႏၵိယသမုဒၵရာရဲ႕အေရးပါပုံကိုလည္း အေတာ္ေလးသေဘာေပါက္လာပါတယ္။ ျမန္မာ့ပင္လယ္ျပင္ဆိုတာ ဘာဟုတ္႐ိုးလားလို႔ ေတြးမိ သလို မကာကြယ္မေစာင့္ေရွာက္ႏိုင္ရင္ ကြၽန္ေတာ္တို႔ ပိုင္ဆိုင္ထားတဲ့တန္ဖိုးေတြဟာ တစ္ပါးေသာႏိုင္ငံရဲ႕ ဗိုလ္က်မႈကိုခံရမယ္ဆိုတာ ပိုမိုသေဘာေပါက္လာပါ တယ္။ IMAC မွာ ျမန္မာတစ္ေယာက္ရွိထားရျခင္း ကလည္း ျမန္မာနဲ႔ အိႏၵိယသမုဒၵရာဟာ နီးနီးကပ္ကပ္ ဆက္ဆံရမယ့္ေနရာျဖစ္ေနတာေၾကာင့္ပါပဲ။ ျမန္မာ ကိုယ္စားလွယ္ကေတာ့ တပ္မေတာ္ေရက ဒုတိယ ဗိုလ္မႉးႀကီးအဆင့္ရွိ အရာရွိႀကီးတစ္ဦးပါပဲ။ ကြၽန္ ေတာ္တို႔ေရာက္တဲ့ကာလအတြင္းမွာ ဒုဗိုလ္မႉးႀကီးက တာဝန္ၿပီးလို႔ျပန္သြားခဲ့သလို အသစ္ ဗိုလ္မႉးတစ္ ေယာက္ေရာက္လာပါတယ္။ သူနဲ႔လည္း စကားလက္ ဆုံက်ျဖစ္ခဲ့သလို အမွတ္တရဓာတ္ပုံေလးေတာင္ ႐ိုက္ျဖစ္ခဲ့ပါေသးတယ္။ ၿပီးေတာ့ IMAC ကိုလည္း အထူးစိတ္ဝင္စားမိေၾကာင္းနဲ႔ ျမန္မာတို႔ေရာ ဘယ္ လိုလဲလို႔ေတြးမိေနေၾကာင္းပါ။
-အပိုင္း(၄) ဆက္ရန္-

Related news

© 2021. All rights reserved.